မြန်မာ - ထိုင်းနယ်စပ်၊ ထိုင်းနိုင်ငံ မယ်ဆိုင်လျှပ်စစ်ခွဲရုံတွင် လျှပ်စစ်မီး ပြုပြင်ထိန်းသိမ်းရန် ရှိသည့်အတွက် တာချီလိတ်၌ အောက်တိုဘာလ(၁၀)ရက်နေ့ နေ့တစ်ပိုင်း လျှပ်စစ်မီး ပြတ်တောက်မည်ဖြစ်ကြောင်း မြို့မီးလင်းရေးရုံးမှ သိရသည်။
တာချီလိတ်မြို့တွင် လျှပ်စစ်မီးအား ထိုင်းနိုင်ငံမှ ၀ယ်ယူ၍ သုံးစွဲနေခြင်း ဖြစ်ပြီး မယ်ဆိုင်ဘက်တွင် လျှပ်စစ်မီး ပြုပြင်မည့် အချိန်မျိုးတွင် လျှပ်စစ်မီး ပြတ်တောက်မည်ကို ကြိုတင် သိရှိနိုင်၍ တာချီလိတ်တွင်းမှ လျှပ်စစ်မီးသုံးစွဲသူများအား ကြိုတင်သတိပေးနိုင်သ်ာလည်း သဘာဝပေးအန္တရာယ်ကြောင့် ဖြစ်ပေါ်သည့် လျှပ်စစ်မီး ပြတ်တောက်မှုများကိုတော့ ကြိုတင် သိရှိနိုင်မည်မဟုတ်ကြောင်း သိရသည်။
Tachileik News Agency
ထိုင်းနိုင်ငံ PEA ( Provincial Electricity Authority )၏ မယ်ဆိုင်လျှပ်စစ်ခွဲရုံတွင် အရေးပေါ် ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းအား ၂၀၁၈ခုနှစ် အောက်တိုဘာလ(၁၀)ရက်နေ့ နံနက်(၆)နာရီခွဲမှ နေ့လည်(၁၂)နာရီခွဲအချိန်အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
လုပ်ငန်းဆောင်ရွက်နေစဉ်အချိန်အတွင်း လုပ်ငန်းအန္တရာယ်ကင်းရှင်းစေရန်အတွက် တာချီလိတ်မြို့ တစ်မြို့လုံးတွင် သတ်မှတ်ထားသည့် အတိုင်း နေ့တစ်ပိုင်း လျှပ်စစ်မီး ပြတ်တောက်မည်ဖြစ်ပြီး လုပ်ငန်း စောစွာပြီးစီးပါက အမြန်ဆုံး ပြန်လည် လွှတ်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။
တာချီလိတ်မြို့တွင် လျှပ်စစ်မီးအား ထိုင်းနိုင်ငံမှ ဝယ်ယူ၍ သုံးစွဲနခြေင်း ဖြစ်ပြီး မယ်ဆိုင်ဘက်တွင် လျှပ်စစ်မီး ပြုပြင်မည့် အချိန်မျိုးတွင် လျှပ်စစ်မီး ပြတ်တောက်မည်ကို ကြိုတင် သိရှိနိုင်၍ တာချီလိတ်တွင်းမှ လျှပ်စစ်မီးသုံးစွဲသူများအား ကြိုတင်သတိပေးနိုင်သာ်လည်း သဘာဝပေးအန္တရာယ်ကြောင့် ဖြစ်ပေါ်သည့် လျှပ်စစ်မီး ပြတ်တောက်မှုများကိုတော့ ကြိုတင် သိရှိနိုင်မည်မဟုတ်ကြောင်း သိရသည်။
Tachileik News Agency