အောက်တိုဘာလ (၈)ရက်နေ့မှစ၍ (၁၀)ဆကျော်တိုးမြှင့်ထားသည့် ယာဉ်မောင်းလိုင်စင်ကြေးနှုန်းထားသစ်ဖြင့် စတင် ကောက်ခံမည်

အောက်တိုဘာလ (၈)ရက်နေ့မှစ၍ (၁၀)ဆကျော်တိုးမြှင့်ထားသည့် ယာဉ်မောင်းလိုင်စင်ကြေးနှုန်းထားသစ်ဖြင့် စတင် ကောက်ခံမည်
အောက်တိုဘာ 5, 2018
By Tachileik News Agency



လက်ရှိနှုန်းထားများသည် ခေတ်ကာလနှင့်မကိုက်ညီဘဲ ပမာဏ အလွန်နည်းနေခြင်း၊ ငွေစာရင်း ခေါင်းစဉ်ငယ် များပြားမှုကြောင့် မှတ်တမ်းရေးသွင်းရရှုပ်ထွေးခြင်း၊ ဆယ်ဂဏန်း ရာဂဏန်း အစွန်းတွက်များကြောင့် ပြန်အမ်းငွေနှင့် စပ်လျဉ်း၍ ပြည်သူနှင့် ဝန်ထမ်းကြား အထင်အမြင် လွဲမှားမှုများ ဖြစ်ပေါ်နိုင်ခြင်း၊ နိုင်ငံတော်မှ ရသင့်သည့်အခွန်အခရငွေနစ်နာနေခြင်းများအတွက် ပြင်ဆင် သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency




~~~~~~~~⊰❂ unicode ~~~~~~~~

ယာဉ်မောင်း လိုင်စင်လုပ်ငန်းတွင် ကောက်ခံသည့် နှုန်းထားများကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၈)ရက်နေ့မှ စတင်၍ လက်ရှိနှုန်းထားထက် (၁၀.၅၉)ဆ တိုးမြှင့်ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

ယာဉ်မောင်းလိုင်စင်အသစ် ထုတ်ပေးခြင်း၊ နှစ်လဲသက်တမ်းတိုးခြင်း၊ မိတ္တူထုတ်ခြင်း၊ နေရပ်ပြောင်းလဲခြင်း၊ နယ်ဝင် နယ်ထွက်ဆောင်ရွက်ခြင်းနှင့် လိုင်စင်အမျိုးအစားတစ်ခုမှတစ်ခုသို့ ပြောင်းလဲခြင်းများအတွက် လက်ရှိကောက်ခံနေသည့် နှုန်းထားများမှာ ၁၉၉၇ ခုနှစ်က သတ်မှတ်ထားသည့် နှုန်းထားများဖြစ်သဖြင့် ယနေ့ခေတ်ကာလနှုန်းထားများနှင့် ကိုက်ညီမှုမရှိသဖြင့် ပြင်ဆင်ကောက်ခံခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိနှုန်းထားများသည် ခေတ်ကာလနှင့်မကိုက်ညီဘဲ ပမာဏ အလွန်နည်းနခြေင်း၊ ငွေစာရင်း ခေါင်းစဉ်ငယ် များပြားမှုကြောင့် မှတ်တမ်းရေးသွင်းရရှုပ်ထွေးခြင်း၊ ဆယ်ဂဏန်း ရာဂဏန်း အစွန်းတွက်များကြောင့် ပြန်အမ်းငွေနှင့် စပ်လျဉ်း၍ ပြည်သူနှင့် ဝန်ထမ်းကြား အထင်အမြင် လွဲမှားမှုများ ဖြစ်ပေါ်နိုင်ခြင်း၊ နိုင်ငံတော်မှ ရသင့်သည့်အခွန်အခရငွေနစ်နာနခြေင်းများအတွက် ပြင်ဆင် သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~