ပ်က္က်သြားသည့္ Lion Air ေလယာဥ္သစ္တြင္ အားလပ္ရက္အနားယူၿပီး တာဝန္က်ရာျပန္သြားသည့္ အရာရိွ (၂၀) ပါဝင္သြား

ပ်က္က်သြားသည့္ Lion Air ေလယာဥ္သစ္တြင္ အားလပ္ရက္အနားယူၿပီး တာဝန္က်ရာျပန္သြားသည့္ အရာရိွ (၂၀) ပါဝင္သြား
အောက်တိုဘာ 29, 2018
By 🌸
အင္ဒိုနီးရွားတြင္ ယေန႔နံနက္ပိုင္းက ပ်က္က်သြားသည့္ ေလယာဥ္တြင္ အားလပ္ရက္အတြင္း ဂ်ကာတာသို႔ မိသားစုခရီးထြက္လာၾကၿပီး တာဝန္က်ရာေဒသကို ျပန္သြားၾကသည့္ ဌာနဆုိင္ရာအရာရိွ (၂၀)ဦး ပါဝင္သြားသည္ဟု အင္ဒိုနီးရွား ဘ႑ာေရးဝန္ႀကီးက ေျပာၾကားလုိက္ေၾကာင္း သိရသည္။

ဂ်ကာတာေလဆိပ္က ပ်ံသန္းသြားၿပီး မိနစ္အနည္းငယ္တြင္ ပင္လယ္တြင္း ပ်က္က်သြားသည့္ အဆိုပါေလယာဥ္၌ ေလယာဥ္အမႈထမ္း (၆)ဦး၊ ေလယာဥ္မွဴး (၂)ဦးႏွင့္ ခရီးသည္ (၁၈၁)ဦး လိုက္ပါသြားရာ ၎တို႔အထဲတြင္ ရင္ခြင္ပိုက္ကေလး(၂)ဦးႏွင့္ ကေလး(၁)ဦးလည္း ပါဝင္သြားေၾကာင္း သိရသည္။

နာရီေပါင္း (၈၀၀)သာ ပ်ံသန္းရေသးသည့္ ဘိုရင္း 737 MAX 8 ေလယာဥ္သစ္သည္ ဂ်ကာတာေလဆိပ္မွ ထြက္ခြာသြားၿပီး (၁၃)မိနစ္အၾကာတြင္ အဆက္အသြယ္ျပတ္ေတာက္သြားျခင္းျဖစ္ၿပီး ဂ်ကာတာ အေရွ႕ေျမာက္ကမ္းေျခမွ ေရမုိင္ (၃၄)မုိင္အကြာ ဂ်ာဗားပင္လယ္အတြင္း ပ်က္က်သြားျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရိွတြင္ ေရငုပ္သမားမ်ား ပါဝင္သည့္ ကယ္ဆယ္ေရးသမား (၂၅၀)ေက်ာ္က ကယ္ဆယ္ေရးသေဘၤာမ်ား၊ ရဟတ္ယာဥ္မ်ားျဖင့္ ရွာေဖြေနၾကၿပီး ပင္လယ္ေအာက္ (၁၁၄)ေပအနက္ထိ ေရငုပ္ရွာေဖြေနၾကေၾကာင္း သိရသည္။

Ref:CNN, The Guardian
Photo: Indonesian Search and Rescue Agency

~~~~~~~~⊰❂ unicode ~~~~~~~~
ပျက်ကျသွားသည့် Lion Air လေယာဉ်သစ်တွင် အားလပ်ရက်အနားယူပြီး တာဝန်ကျရာပြန်သွားသည့် အရာရှိ (၂၀) ပါဝင်သွား
************
အင်ဒိုနီးရှားတွင် ယနေ့နံနက်ပိုင်းက ပျက်ကျသွားသည့် လေယာဉ်တွင် အားလပ်ရက်အတွင်း ဂျကာတာသို့ မိသားစုခရီးထွက်လာကြပြီး တာဝန်ကျရာဒေသကို ပြန်သွားကြသည့် ဌာနဆိုင်ရာအရာရှိ (၂၀)ဦး ပါဝင်သွားသည်ဟု အင်ဒိုနီးရှား ဘဏ္ဍာရေးဝန်ကြီးက ပြောကြားလိုက်ကြောင်း သိရသည်။

ဂျကာတာလေဆိပ်က ပျံသန်းသွားပြီး မိနစ်အနည်းငယ်တွင် ပင်လယ်တွင်း ပျက်ကျသွားသည့် အဆိုပါလေယာဉ်၌ လေယာဉ်အမှုထမ်း (၆)ဦး၊ လေယာဉ်မှူး (၂)ဦးနှင့် ခရီးသည် (၁၈၁)ဦး လိုက်ပါသွားရာ ၎င်းတို့အထဲတွင် ရင်ခွင်ပိုက်ကလေး(၂)ဦးနှင့် ကလေး(၁)ဦးလည်း ပါဝင်သွားကြောင်း သိရသည်။

နာရီပေါင်း (၈၀၀)သာ ပျံသန်းရသေးသည့် ဘိုရင်း 737 MAX 8 လေယာဉ်သစ်သည် ဂျကာတာလေဆိပ်မှ ထွက်ခွာသွားပြီး (၁၃)မိနစ်အကြာတွင် အဆက်အသွယ်ပြတ်တောက်သွားခြင်းဖြစ်ပြီး ဂျကာတာ အရှေ့မြောက်ကမ်းခြေမှ ရေမိုင် (၃၄)မိုင်အကွာ ဂျာဗားပင်လယ်အတွင်း ပျက်ကျသွားခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရေငုပ်သမားများ ပါဝင်သည့် ကယ်ဆယ်ရေးသမား (၂၅၀)ကျော်က ကယ်ဆယ်ရေးသင်္ဘောများ၊ ရဟတ်ယာဉ်များဖြင့် ရှာဖွေနေကြပြီး ပင်လယ်အောက် (၁၁၄)ပေအနက်ထိ ရေငုပ်ရှာဖွေနေကြကြောင်း သိရသည်။

Ref:CNN, The Guardian
Photo: Indonesian Search and Rescue Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~