ထိုင္းႏိုင္ငံေတာင္ပိုင္း ၊ ပကၽြတ္ခရိုင္၊ DOLE Thailand စက္ရံုမွ အလုပ္ ထုတ္ပစ္လုိက္သည့္ ျမန္မာလုပ္သားမ်ား Thai Tan Food International တြင္ အလုပ္ လုပ္ႏုိင္ရန္ စီစဥ္ေပးထားသည့္အတြက္ အလုပ္ လုပ္ကိုင္လိုသူမ်ား အျမန္ဆံုး လာေရာက္စာရင္းေပးသြင္းရန္ ထုိင္းႏုိင္ငံရိွ ျမန္မာအလုပ္သမား သံအရာရိွရံုးက ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၁၄)ရက္ေန႔တြင္ အသိေပးထားသည္။
DOLE THAILAND မွ အလုပ္ထုတ္ခံရသူမ်ား၏ မိသားစုဝင္မ်ားထဲမွ တစ္ပါတည္း ေျပာင္းေရႊ႔ လုပ္ကိုင္လိုသူမ်ား ရိွပါကလည္း တစ္ပါတည္း ေလွ်က္ထားႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
DOLE Thailand စက္ရံုက ျမန္မာလုပ္သား(၁၀၀)ကို အလုပ္ထုတ္လုိက္သည့္ အတြက္ အဆိုပါ လုပ္သားမ်ား အလုပ္အကိုင္ ျပန္လည္ရရိွေရးအတြက္ အလုပ္သမား သံအရာရွိရံုးက စီစဥ္ေပးထားသည့္ Thai Tan Food International တြင္ အလုပ္သမား (၃၇) ဦးအား ေအာက္တိုဘာလ (၁၂)ရက္ေန႔က ပို႔ေဆာင္ေပးထားၿပီး ေအာက္တိုဘာလ(၁၄)ရက္ေန႔တြင္ အလုပ္စတင္ဝင္ေရာက္ေနၿပီျဖစ္ေၾကာင္း သိရသည္။
ထိုင္းနိုင္ငံေတာင္ပိုင္း ၊ ပကၽြတ္ခရိုင္၊ DOLE Thailand စက္ရံုမွ အလုပ္ထုတ္ပစ္လုိက္သည့္ ျမန္မာလုပ္သား (၁၀၀) ေက်ာ္ အလုပ္ျပန္လည္ ရရိွေရးႏွင့္ အလုပ္သမားအခြင့္အေရး ခ်ိဳးေဖါက္သည့္ အဆိုပါ စက္ရံုအား အမည္ပ်က္စာရင္းသြင္းႏုိင္ေရး အလုပ္သမားသံအရာရိွရံုးက ေဆာင္ရြက္ေနေၾကာင္း သိရသည္။
DOLE Thailand အလုပ္ရံုမွ ျမန္မာလုပ္သား (၁၀၀)ေက်ာ္ကို အလုပ္ထုတ္လုိက္ကာ အလုပ္ျပန္ဝင္လိုပါက တစ္ဦးလွ်င္ ဘတ္(၃၅၀၀) ေပးရန္ေတာင္းခံသျဖင့္ ျမန္မာလုပ္သားမ်ားက ၂၀၁၈ ခုႏွစ္ ၾသဂုတ္လ (၂၈)ရက္ေန႔တြင္ ထုိင္းနိုင္ငံရိွ အလုပ္သမားသံအရာရိွရံုးသို႔ ဆက္သြယ္အကူအညီေတာင္းခံခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ အလုပ္သမားသံအရာရွိရံုးက ၾသဂုတ္လ (၂၉)ရက္ေန႔ကတည္းက စက္ရံုတာဝန္ရိွသူမ်ားႏွင့္ ဆက္သြယ္ညိႇႏိႈင္းေဆာင္ရြက္ေနရာ ေအာက္တိုဘာလ (၂)ရက္ေန႔တြင္ ထိုင္းနိုင္ငံအလုပ္သမားဝန္ႀကီးဌာနလက္ေအာက္ရွိ ခရိုင္အဆင့္တာဝန္ရွိသူမ်ား၊ ေဒသအာဏာပိုင္မ်ား ၊ အလုပ္သမားသံအရာရွိနွင့္ MOEAF မွ တာဝန္ရွိသူမ်ား၊ စက္ရံုတာဝန္ရွိသူမ်ားႏွင့္ ေတြ႔ဆံုေဆြးေႏြးမႈမ်ား လုပ္ဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ စက္ရံုတာဝန္ရိွသူက အလုပ္နားခ်ိန္ခြင့္ျပန္သည့္ အလုပ္သမားမ်ားအား ခြင့္ျပန္ ( Reentry တံုး ထုေပးရမည့္အစား) ေဆာင္ရြက္ေပးရမည့္ အစား အလုပ္သမားမ်ားအား အလုပ္ထုတ္စာ (ဘိုင္က်န္႔ေအာ္) ထုတ္ေပးလိုက္ၿပီး ခြင့္ျပန္လာသည့္လုပ္သားမ်ားကို အလုပ္သစ္ေလွ်ာက္သည့္လုပ္ငန္းစဥ္ ျပန္လည္ ေဆာင္ရြက္ေစသျဖင့္ အလုပ္သမားမ်ားမွာ ေငြေၾကးထပ္မံေပးေဆာင္ရမည့္ အခက္အခဲျဖင့္ ႀကံဳခဲ့ၾကရျခင္းျဖစ္ေၾကာင္း သိရသည္။
အလုပ္သမား အခြင့္အေရးခ်ိဳးေဖာက္သည့္ အဆိုပါ စက္ရံုအား အမည္ပ်က္စာရင္း ထည့္သြင္း ေဆာင္ရြက္သြားရန္ ထုိင္းႏိုင္ငံရွိ အလုပ္သမားဝန္ႀကီးဌာနမွ ဆက္လက္အေရးယူႏိုင္ေရး အလုပ္သမား သံအရာရိွရံုးက ေဆာင္ရြက္ထားၿပီး အဆိုပါစက္ရံုမွ အလုပ္ထုတ္သည့္ ျမန္မာလုပ္သားမ်ားကို အျခား စက္ရံုမ်ားသို႔ ေရႊ႕ေျပာင္းႏုိင္ေရး လုပ္ေဆာင္ေပးထားျခင္းျဖစ္ေၾကာင္း သိရသည္။
သတင္း - ဇြဲျမတ္
ဓါတ္ပံု - MOEAUNGKH
ထိုင်းနိုင်ငံတောင်ပိုင်း၊ ပကျွတ်ခရိုင်၊ DOLE Thailand စက်ရုံမှ အလုပ် ထုတ်ပစ်လိုက်သည့် မြန်မာလုပ်သားများ Thai Tan Food International တွင် အလုပ် လုပ်နိုင်ရန် စီစဉ်ပေးထားသည့်အတွက် အလုပ် လုပ်ကိုင်လိုသူများ အမြန်ဆုံး လာရောက်စာရင်းပေးသွင်းရန် ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမား သံအရာရှိရုံးက ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၁၄)ရက်နေ့တွင် အသိပေးထားသည်။
DOLE THAILAND မှ အလုပ်ထုတ်ခံရသူများ၏ မိသားစုဝင်များထဲမှ တစ်ပါတည်း ပြောင်းရွှေ့ လုပ်ကိုင်လိုသူများ ရှိပါကလည်း တစ်ပါတည်း လျှေက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။
DOLE Thailand စက်ရုံက မြန်မာလုပ်သား(၁၀၀)ကို အလုပ်ထုတ်လိုက်သည့် အတွက် အဆိုပါ လုပ်သားများ အလုပ်အကိုင် ပြန်လည်ရရှိရေးအတွက် အလုပ်သမား သံအရာရှိရုံးက စီစဉ်ပေးထားသည့် Thai Tan Food International တွင် အလုပ်သမား (၃၇) ဦးအား အောက်တိုဘာလ (၁၂)ရက်နေ့က ပို့ဆောင်ပေးထားပြီး အောက်တိုဘာလ(၁၄)ရက်နေ့တွင် အလုပ်စတင်ဝင်ရောက်နပြေီဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတောင်ပိုင်း၊ ပကျွတ်ခရိုင်၊ DOLE Thailand စက်ရုံမှ အလုပ်ထုတ်ပစ်လိုက်သည့် မြန်မာလုပ်သား (၁၀၀) ကျော် အလုပ်ပြန်လည် ရရှိရေးနှင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်သည့် အဆိုပါ စက်ရုံအား အမည်ပျက်စာရင်းသွင်းနိုင်ရေး အလုပ်သမားသံအရာရှိရုံးက ဆောင်ရွက်နေကြောင်း သိရသည်။
DOLE Thailand အလုပ်ရုံမှ မြန်မာလုပ်သား (၁၀၀)ကျော်ကို အလုပ်ထုတ်လိုက်ကာ အလုပ်ပြန်ဝင်လိုပါက တစ်ဦးလျှင် ဘတ်(၃၅၀၀) ပေးရန်တောင်းခံသဖြင့် မြန်မာလုပ်သားများက ၂၀၁၈ ခုနှစ် သြဂုတ်လ (၂၈)ရက်နေ့တွင် ထိုင်းနိုင်ငံရှိ အလုပ်သမားသံအရာရှိရုံးသို့ ဆက်သွယ်အကူအညီတောင်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အလုပ်သမားသံအရာရှိရုံးက သြဂုတ်လ (၂၉)ရက်နေ့ကတည်းက စက်ရုံတာဝန်ရှိသူများနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်နေရာ အောက်တိုဘာလ (၂)ရက်နေ့တွင် ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနလက်အောက်ရှိ ခရိုင်အဆင့်တာဝန်ရှိသူများ၊ ဒေသအာဏာပိုင်များ၊ အလုပ်သမားသံအရာရှိနှင့် MOEAF မှ တာဝန်ရှိသူများ၊ စက်ရုံတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆာင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စက်ရုံတာဝန်ရှိသူက အလုပ်နားချိန်ခွင့်ပြန်သည့် အလုပ်သမားများအား ခွင့်ပြန် ( Reentry တုံး ထုပေးရမည့်အစား) ဆောင်ရွက်ပေးရမည့် အစား အလုပ်သမားများအား အလုပ်ထုတ်စာ (ဘိုင်ကျန့်အော်) ထုတ်ပေးလိုက်ပြီး ခွင့်ပြန်လာသည့်လုပ်သားများကို အလုပ်သစ်လျှောက်သည့်လုပ်ငန်းစဉ် ပြန်လည် ဆောင်ရွက်စေသဖြင့် အလုပ်သမားများမှာ ငွေကြေးထပ်မံပေးဆောင်ရမည့် အခက်အခဲဖြင့် ကြုံခဲ့ကြရခြင်းဖြစ်ကြောင်း သိရသည်။
အလုပ်သမား အခွင့်အရေးချိုးဖောက်သည့် အဆိုပါ စက်ရုံအား အမည်ပျက်စာရင်း ထည့်သွင်း ဆောင်ရွက်သွားရန် ထိုင်းနိုင်ငံရှိ အလုပ်သမားဝန်ကြီးဌာနမှ ဆက်လက်အရေးယူနိုင်ရေး အလုပ်သမား သံအရာရှိရုံးက ဆောင်ရွက်ထားပြီး အဆိုပါစက်ရုံမှ အလုပ်ထုတ်သည့် မြန်မာလုပ်သားများကို အခြား စက်ရုံများသို့ ရွှေ့ပြောင်းနိုင်ရေး လုပ်ဆောင်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ဇွဲမြတ်
ဓာတ်ပုံ - MOEAUNGKH