နယ်မြေရဲစခန်းအဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်းအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်း၊ ပြင်ဦးလွင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ညီညီ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဥာဏ၊ ပြင်ဦးလွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာလင်း၊ ပြင်စာနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် ဝင်းဗိုလ်နှင့် တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဧည့်သည်တော်များ စုစုပေါင်း လူဦးရေ (၅၀)ခန့် တက်ရောက်ကြကြောင်း သိရသည်။
ဓါတ်ပုံ - ရဲတပ်ဖွဲ့
**************
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်ရှိ ပြင်စာရဲကင်းစခန်းကို နယ်မြေရဲစခန်းအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခြင်းအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၁၆)ရက်နေ့က ကျင်းပကြောင်း သိရသည်။
အဆိုပါ ရဲကင်းစခန်းကို နယ်မြေရဲစခန်းအဆင့်သို့ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၈)ရက်နေ့မှစ၍ အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
နယ်မြေရဲစခန်းအဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်းအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်း၊ ပြင်ဦးလွင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ညီညီ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဉာဏ၊ ပြင်ဦးလွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာလင်း၊ ပြင်စာနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် ဝင်းဗိုလ်နှင့် တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဧည့်သည်တော်များ စုစုပေါင်း လူဦးရေ (၅၀)ခန့် တက်ရောက်ကြကြောင်း သိရသည်။
သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ - ရဲတပ်ဖွဲ့