လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္ အမ်ားဆံုး အသံုးျပဳေနသည့္ ရွမ္းျပည္နယ္တြင္းမွ ေမာ္ေတာ္ယာဥ္မ်ားအား လိုင္စင္ျပဳလုပ္ေပးေရးအဆို ျပည္နယ္လႊတ္ေတာ္တြင္ (၅၈)ဦး ကန္႔ကြက္

လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္ အမ်ားဆံုး အသံုးျပဳေနသည့္ ရွမ္းျပည္နယ္တြင္းမွ ေမာ္ေတာ္ယာဥ္မ်ားအား လိုင္စင္ျပဳလုပ္ေပးေရးအဆို ျပည္နယ္လႊတ္ေတာ္တြင္ (၅၈)ဦး ကန္႔ကြက္
စက်တင်ဘာ 21, 2018
By Tachileik News Agency

အစိုးရအေနျဖင့္ လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္မ်ားအား ဖမ္းဆီးမည့္ အစား တရားဝင္ျဖစ္ေစမည့္ နည္းလမ္းမ်ားကို လုပ္ေဆာင္ေပးလိုသည့္ ဆႏၵရိွပါက ေမာ္ေတာ္ယာဥ္ ဥပေဒအရ လုပ္ေဆာင္ႏုိင္ေၾကာင္း ရပ္ေစာက္မဲဆႏၵနယ္မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခုိင္ညီညီေက်ာ္က ေျပာၾကားလုိက္သည္။

“ဒီလုိင္စင္မဲ့ယာဥ္ေတြကို ရုိးရုိးသားသားနဲ႔ သံုးတဲ့ျပည္သူေတြရိွသလို ဥပေဒနဲ႔ မညီတဲ့ကိစၥေတြမွာ ဒီလုိင္စင္မဲ့ ေမာ္ေတာ္ယာဥ္ေတြကို အသံုးျပဳၿပီးေတာ့မွ လုပ္ေနတာေတြလည္း ရိွတယ္ေပါ့။ အဲဒါေတြကို ေျပလည္ေအာင္ ေျဖရွင္းဖို႔ဆိုတာ အရင္ကလည္း လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္ကို ကာလတန္ဖိုးရဲ႕ (၇၅)လား (၈၀)ရာခိုင္ႏႈန္းလား အခြန္ေဆာင္ၿပီးေတာ့ လုပ္ေပးခဲ့ဖူးတာရိွတယ္ေပါ့ေနာ္။ အခုလည္း မလုပ္ေပးလို႔ မရဘူး မဟုတ္ဘူး။ လုပ္ေပးခ်င္တဲ့ဆႏၵပဲ လိုတာေပါ့ေနာ္။ ေမာ္ေတာ္ယာဥ္ဥပေဒပုဒ္မ (၇၆)မွာလည္း ဘယ္ေမာ္ေတာ္ယာဥ္မဆို ျပည္ေထာင္စုအစိုးရအဖြဲ႕ကေန အမိန္႔ေၾကာ္ျငာစာထြက္ၿပီးေတာ့မွ စည္းကမ္းခ်က္ တစ္ခုခု ထားၿပီးေတာ့ျဖစ္ျဖစ္၊ မထားဘဲျဖစ္ျဖစ္ ဥပေဒျပဳႏုိင္တယ္လို႔ ဒီလိုပဲ ျပဌာန္း ထားတာကိုး။ အဲဒီဥပေဒအရ အစိုးရအေနျဖင့္ ဥပေဒကို ေက်ာ္လြန္လုပ္ေဆာင္တာမဟုတ္ဘူး။ ဒါေပမဲ့ ဒီလုပ္ပိုင္ခြင့္သည္ ျပည္နယ္အစိုးရထံမွာမရိွဘဲ ျပည္ေထာင္စုအစိုးရထံ ရိွတာေၾကာင့္ ျပည္နယ္အစိုးရ အေနနဲ႔ တုိက္တြန္းသင့္ပါတယ္”ဟု ရပ္ေစာက္မဲဆႏၵနယ္မွ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခုိင္ညီညီေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ (၁၁) ႀကိမ္ေျမာက္ ပံုမွန္အစည္းအေဝး၊ ပဥၥမေန႔ျဖစ္သည့္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၂၁) ရက္ေန႔တြင္ မိုင္းပန္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ (၁) မွ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစိုင္းေနာင့္ တင္သြင္းခဲ့သည့္ လိုင္စင္မဲ့ယာဥ္မ်ားႏွင့္ ပတ္သက္၍ ျပည္သူလူထုနစ္နာမႈ မရွိေစေရးအတြက္ အျခားနည္းလမ္း တစ္ရပ္ရပ္ျဖင့္ မွတ္ပံုတင္ေဆာင္ရြက္ေပးႏုိင္ေရးအတြက္ ျပည္ေထာင္စု အစိုးရသို႔ တင္ျပေပးရန္ ရွမ္းျပည္နယ္ အစိုးရအား တိုက္တြန္းေၾကာင္းအဆိုကို တင္သြင္းရာ ရွမ္းျပည္နယ္လႊတ္ေတာ္တြင္ မွတ္တမ္းအျဖစ္ထားရွိရန္သာ ဆံုးျဖတ္ႏိုင္ခဲ့ျခင္းျဖစ္သည္။

ရန္ကုန္ၿမိဳ႕ကဲ့သို႔ ကားၾကပ္သည့္ၿမိဳ႕မ်ားမွလြဲ၍ နယ္ေဒသမ်ားအတြက္ လိုင္စင္မ်ားကို အခြန္ႏႈန္းထား သက္သာစြာျဖင့္ သတ္မွတ္ကာ လုိင္စင္မဲ့မ်ားအား သတ္မွတ္အခြန္ႏႈန္းထားျဖင့္ လုိင္စင္ထုတ္ေပးျခင္းကို လုပ္ေဆာင္သင့္ေၾကာင္း ျမန္မာႏုိင္ငံ ေမာ္ေတာ္ယာဥ္ထုတ္လုပ္ေရးႏွင့္ ျဖန္႔ျဖဴးေရာင္းခ်သူမ်ားအသင္း ဥကၠဌ ေဒါက္တာစိုးထြန္းက အႀကံျပဳသည္။

“ကၽြန္ေတာ္တုိ႔က အေျခခံဥပေဒအရ အခြန္ဆိုတာ ႏုိင္ငံသားတိုင္း တန္းတူအခြင့္အေရးရိွရမယ္လုိ႔ ပါတာေပါ့။ အခြန္က အားလံုးတန္းတူေတာ့ ျဖစ္သင့္တာေပါ့။ အဲဒီလိုမဟုတ္ဘဲ တရားဝင္လမ္းေၾကာင္းက သြင္းတာက အခြန္မ်ားၿပီး လိုင္စင္မဲ့တင္သြင္းသူေတြကို လိုင္စင္ထုတ္ေပးၿပီး အခြန္နည္းေနရင္ေတာ့ မွ်တမႈမရိွဘူးေပါ့။ ကၽြန္ေတာ္တုိ႔လည္း ဒုသမၼတဆီကို တင္သြင္းဖူးတယ္။ နယ္ေတြမွာ အခြန္သက္သာတဲ့ လုိင္စင္ထုတ္ေပးဖို႔ ေပါ့ေနာ္။ ဒါကလည္း လုိင္စင္မဲ့ေတြကို ေျပာတာမဟုတ္ဘူး။ တရားသြင္းတဲ့ဟာေတြကို နယ္လိုင္စင္ ထုတ္ေပးဖို႔ေျပာတာ။ နယ္လိုင္စင္ေတြကိုေတာ့ ကန္႔သတ္ေပါ့ေနာ္။ ရန္ကုန္လို ကားၾကပ္တဲ့ ေဒသနဲ႔ နယ္ေတြလို ကားနည္းတဲ့ ေဒသေတြမွာ အခြန္ႏႈန္းထား ခြဲျခားသတ္မွတ္ဖို႔ တင္ျပထားတာပါ။ ကားၾကပ္တဲ့ ရန္ကုန္လိုေနရာမ်ိဳးက အခြန္နဲ႔ နယ္အခြန္ႏႈန္းတစ္ခု သတ္မွတ္ေပါ့။ ဒီလိုသတ္မွတ္တာက တရားဝင္တင္သြင္းတာေရာ လုိင္စင္မဲ့ေရာ အတူတူေတာ့ ျဖစ္ရမယ္ေပါ့”ဟု ျမန္မာႏုိင္ငံ ကားထုတ္လုပ္ေရးႏွင့္ ျဖန္႔ျဖဴးေရာင္းခ်သူမ်ားအသင္း ဥကၠဌ ေဒါက္တာစိုးထြန္းက ေျပာသည္။

ရွမ္းျပည္နယ္အတြင္း လုိင္စင္မဲ့ ေမာ္ေတာ္ယာဥ္ကို အမ်ားစုက အသံုးျပဳေနၾကၿပီး လိုင္စင္မဲ့ယာဥ္မ်ားျဖင့္ လုပ္ငန္းလုပ္ကိုင္စားေသာက္ေနရသူမ်ားလည္းရိွရာ လိုင္စင္မဲ့မ်ားဖမ္းဆီးျခင္းျဖင့္လည္း ေျဖရွင္းႏုိင္မည္မဟုတ္ေၾကာင္း ရပ္ေစာက္မဲဆႏၵနယ္မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခုိင္ညီညီေက်ာ္က ေျပာသည္။

“ ရွမ္းျပည္နယ္မွာ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္ေတြ အမွန္တကယ္လည္းမ်ားေနတယ္ ဝင္လာတာေတြကိုလည္း မတားဆီးႏုိင္ဘူး။ ဖမ္းမယ္ဆိုရင္လည္း မရိွမဲ့ ရိွမဲ့ဝယ္ထားတဲ့ျပည္သူေတြပဲ အမွန္တကယ္ ခံစားရမွာျဖစ္တဲ့အတြက္ ဒါကို စဥ္းစားၿပီး လုပ္သင့္တယ္လုိ႔ ကၽြန္ေတာ့္အေနနဲ႔ ေထာက္ခံေဆြးေႏြးတာျဖစ္ပါတယ္။ အရင္ကလည္း လုိင္စင္မဲ့ေမာ္ေတာ္ယာဥ္ေတြ ဖမ္းခဲ့ေပမဲ့  ရလဒ္က ႏိုင္ငံေတာ္အတြက္ပဲျဖစ္ျဖစ္၊ ျပည္သူအတြက္ပဲျဖစ္ျဖစ္ ထူးျခားတဲ့ရလဒ္ ထိထိေရာက္ေရာက္ ျဖစ္မလာဘူးေပါ့။ ဝင္ေပါက္ေတြကလည္း ဝင္ၿမဲဝင္ဆဲပဲျဖစ္ေနေတာ့ ဒါေတြက ေသခ်ာစဥ္းစားၿပီးေတာ့မွ ဆံုးျဖတ္ဖို႔လိုတဲ့အေၾကာင္း ေဆြးေႏြးခဲ့ပါတယ္”ဟု လႊတ္ေတာ္တြင္ တင္သြင္းသည့္အဆိုကို ေထာက္ခံေဆြးေႏြးခဲ့သည့္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခုိင္ညီညီေက်ာ္က ေျပာသည္။

ရွမ္းျပည္နယ္ေတာင္ပိုင္းေဒသတြင္ ေမာ္ေတာ္ယာဥ္သံုးစြဲသည့္အေရအတြက္၏ ထက္ဝက္ခန္႔မွာ လိုင္စင္မဲ့မ်ားျဖစ္ၿပီး နယ္စပ္ေဒသမ်ားတြင္ ရာခုိင္ႏႈန္းပို၍မ်ားျပားေၾကာင္း ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးခုိင္ညီညီေက်ာ္က ခန္႔မွန္းေျပာဆိုသည္။

ယေန႔လႊတ္ေတာ္တြင္ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္မ်ားႏွင့္ပတ္သက္သည့္ အဆိုအား မဲခြဲဆံုးျဖတ္ရာ လႊတ္ေတာ္သို႔ တက္ေရာက္လာေသာ မဲေပးပိုင္ခြင့္ရွိသူ လႊတ္ေတာ္ကိုယ္ စားလွယ္ (၁၁၈) ဦးအနက္ အဆိုအား အတည္ျပဳရန္ ေထာက္ခံဆႏၵမဲေပးသူ (၅၃) ဦး၊ ကန္႔ကြက္ဆႏၵမဲေပးသူ (၅၈) ဦး၊ ၾကားေန (၆) ဦးႏွင့္ ဆႏၵမဲမေပးသူ (၁) ဦး ရွိသည့္အတြက္ အဆိုအား လႊတ္ေတာ္၌ မွတ္တမ္းအျဖစ္ထားရွိရန္ ဆံုးျဖတ္ခဲ့ျဖစ္ေၾကာင္း ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခုိင္ညီညီေက်ာ္ထံမွ သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

အစိုးရအနဖြေင့် လိုင်စင်မဲ့ မော်တော်ယာဉ်များအား ဖမ်းဆီးမည့် အစား တရားဝင်ဖြစ်စေမည့် နည်းလမ်းများကို လုပ်ဆောင်ပေးလိုသည့် ဆန္ဒရှိပါက မော်တော်ယာဉ် ဥပဒေအရ လုပ်ဆောင်နိုင်ကြောင်း ရပ်စောက်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်က ပြောကြားလိုက်သည်။

“ဒီလိုင်စင်မဲ့ယာဉ်တွေကို ရိုးရိုးသားသားနဲ့ သုံးတဲ့ပြည်သူတွေရှိသလို ဥပဒေနဲ့ မညီတဲ့ကိစ္စတွေမှာ ဒီလိုင်စင်မဲ့ မော်တော်ယာဉ်တွေကို အသုံးပြုပြီးတော့မှ လုပ်နေတာတွေလည်း ရှိတယ်ပေါ့။ အဲဒါတွေကို ပြေလည်အောင် ဖြေရှင်းဖို့ဆိုတာ အရင်ကလည်း လိုင်စင်မဲ့ မော်တော်ယာဉ်ကို ကာလတန်ဖိုးရဲ့ (၇၅)လား (၈၀)ရာခိုင်နှုန်းလား အခွန်ဆောင်ပြီးတော့ လုပ်ပေးခဲ့ဖူးတာရှိတယ်ပေါ့နော်။ အခုလည်း မလုပ်ပေးလို့ မရဘူး မဟုတ်ဘူး။ လုပ်ပေးချင်တဲ့ဆန္ဒပဲ လိုတာပေါ့နော်။ မော်တော်ယာဉ်ဥပဒေပုဒ်မ (၇၆)မှာလည်း ဘယ်မော်တော်ယာဉ်မဆို ပြည်ထောင်စုအစိုးရအဖွဲ့ကနေ အမိန့်ကြော်ငြာစာထွက်ပြီးတော့မှ စည်းကမ်းချက် တစ်ခုခု ထားပြီးတော့ဖြစ်ဖြစ်၊ မထားဘဲဖြစ်ဖြစ် ဥပဒပြေုနိုင်တယ်လို့ ဒီလိုပဲ ပြဌာန်း ထားတာကိုး။ အဲဒီဥပဒေအရ အစိုးရအနဖြေင့် ဥပဒေကို ကျော်လွန်လုပ်ဆောင်တာမဟုတ်ဘူး။ ဒါပေမဲ့ ဒီလုပ်ပိုင်ခွင့်သည် ပြည်နယ်အစိုးရထံမှာမရှိဘဲ ပြည်ထောင်စုအစိုးရထံ ရှိတာကြောင့် ပြည်နယ်အစိုးရ အနေနဲ့ တိုက်တွန်းသင့်ပါတယ်”ဟု ရပ်စောက်မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ ပဉ္စမနေ့ဖြစ်သည့် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၁) ရက်နေ့တွင် မိုင်းပန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းနောင့် တင်သွင်းခဲ့သည့် လိုင်စင်မဲ့ယာဉ်များနှင့် ပတ်သက်၍ ပြည်သူလူထုနစ်နာမှု မရှိစေရေးအတွက် အခြားနည်းလမ်း တစ်ရပ်ရပ်ဖြင့် မှတ်ပုံတင်ဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်ထောင်စု အစိုးရသို့ တင်ပြပေးရန် ရှမ်းပြည်နယ် အစိုးရအား တိုက်တွန်းကြောင်းအဆိုကို တင်သွင်းရာ ရှမ်းပြည်နယ်လွှတ်တော်တွင် မှတ်တမ်းအဖြစ်ထားရှိရန်သာ ဆုံးဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့ကဲ့သို့ ကားကြပ်သည့်မြို့များမှလွဲ၍ နယ်ဒေသများအတွက် လိုင်စင်များကို အခွန်နှုန်းထား သက်သာစွာဖြင့် သတ်မှတ်ကာ လိုင်စင်မဲ့များအား သတ်မှတ်အခွန်နှုန်းထားဖြင့် လိုင်စင်ထုတ်ပေးခြင်းကို လုပ်ဆောင်သင့်ကြောင်း မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချသူများအသင်း ဥက္ကဌ ဒေါက်တာစိုးထွန်းက အကြံပြုသည်။

“ကျွန်တော်တို့က အခြေခံဥပဒေအရ အခွန်ဆိုတာ နိုင်ငံသားတိုင်း တန်းတူအခွင့်အရေးရှိရမယ်လို့ ပါတာပေါ့။ အခွန်က အားလုံးတန်းတူတော့ ဖြစ်သင့်တာပေါ့။ အဲဒီလိုမဟုတ်ဘဲ တရားဝင်လမ်းကြောင်းက သွင်းတာက အခွန်များပြီး လိုင်စင်မဲ့တင်သွင်းသူတွေကို လိုင်စင်ထုတ်ပေးပြီး အခွန်နည်းနေရင်တော့ မျှတမှုမရှိဘူးပေါ့။ ကျွန်တော်တို့လည်း ဒုသမ္မတဆီကို တင်သွင်းဖူးတယ်။ နယ်တွေမှာ အခွန်သက်သာတဲ့ လိုင်စင်ထုတ်ပေးဖို့ ပေါ့နော်။ ဒါကလည်း လိုင်စင်မဲ့တွေကို ပြောတာမဟုတ်ဘူး။ တရားသွင်းတဲ့ဟာတွေကို နယ်လိုင်စင် ထုတ်ပေးဖို့ပြောတာ။ နယ်လိုင်စင်တွေကိုတော့ ကန့်သတ်ပေါ့နော်။ ရန်ကုန်လို ကားကြပ်တဲ့ ဒေသနဲ့ နယ်တွေလို ကားနည်းတဲ့ ဒေသတွေမှာ အခွန်နှုန်းထား ခွဲခြားသတ်မှတ်ဖို့ တင်ပြထားတာပါ။ ကားကြပ်တဲ့ ရန်ကုန်လိုနေရာမျိုးက အခွန်နဲ့ နယ်အခွန်နှုန်းတစ်ခု သတ်မှတ်ပေါ့။ ဒီလိုသတ်မှတ်တာက တရားဝင်တင်သွင်းတာရော လိုင်စင်မဲ့ရော အတူတူတော့ ဖြစ်ရမယ်ပေါ့”ဟု မြန်မာနိုင်ငံ ကားထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချသူများအသင်း ဥက္ကဌ ဒေါက်တာစိုးထွန်းက ပြောသည်။

ရှမ်းပြည်နယ်အတွင်း လိုင်စင်မဲ့ မော်တော်ယာဉ်ကို အများစုက အသုံးပြုနကြပြေီး လိုင်စင်မဲ့ယာဉ်များဖြင့် လုပ်ငန်းလုပ်ကိုင်စားသောက်နေရသူများလည်းရှိရာ လိုင်စင်မဲ့များဖမ်းဆီးခြင်းဖြင့်လည်း ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ရပ်စောက်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်က ပြောသည်။

“ ရှမ်းပြည်နယ်မှာ လိုင်စင်မဲ့မော်တော်ယာဉ်တွေ အမှန်တကယ်လည်းများနေတယ် ဝင်လာတာတွေကိုလည်း မတားဆီးနိုင်ဘူး။ ဖမ်းမယ်ဆိုရင်လည်း မရှိမဲ့ ရှိမဲ့ဝယ်ထားတဲ့ပြည်သူတွေပဲ အမှန်တကယ် ခံစားရမှာဖြစ်တဲ့အတွက် ဒါကို စဉ်းစားပြီး လုပ်သင့်တယ်လို့ ကျွန်တော့်အနေနဲ့ ထောက်ခံဆွေးနွေးတာဖြစ်ပါတယ်။ အရင်ကလည်း လိုင်စင်မဲ့မော်တော်ယာဉ်တွေ ဖမ်းခဲ့ပေမဲ့ ရလဒ်က နိုင်ငံတော်အတွက်ပဲဖြစ်ဖြစ်၊ ပြည်သူအတွက်ပဲဖြစ်ဖြစ် ထူးခြားတဲ့ရလဒ် ထိထိရောက်ရောက် ဖြစ်မလာဘူးပေါ့။ ဝင်ပေါက်တွေကလည်း ဝင်မြဲဝင်ဆဲပဲဖြစ်နေတော့ ဒါတွေက သေချာစဉ်းစားပြီးတော့မှ ဆုံးဖြတ်ဖို့လိုတဲ့အကြောင်း ဆွေးနွေးခဲ့ပါတယ်”ဟု လွှတ်တော်တွင် တင်သွင်းသည့်အဆိုကို ထောက်ခံဆွေးနွေးခဲ့သည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်က ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွင် မော်တော်ယာဉ်သုံးစွဲသည့်အရေအတွက်၏ ထက်ဝက်ခန့်မှာ လိုင်စင်မဲ့များဖြစ်ပြီး နယ်စပ်ဒေသများတွင် ရာခိုင်နှုန်းပို၍များပြားကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်က ခန့်မှန်းပြောဆိုသည်။

ယနေ့လွှတ်တော်တွင် လိုင်စင်မဲ့မော်တော်ယာဉ်များနှင့်ပတ်သက်သည့် အဆိုအား မဲခွဲဆုံးဖြတ်ရာ လွှတ်တော်သို့ တက်ရောက်လာသော မဲပေးပိုင်ခွင့်ရှိသူ လွှတ်တော်ကိုယ် စားလှယ် (၁၁၈) ဦးအနက် အဆိုအား အတည်ပြုရန် ထောက်ခံဆန္ဒမဲပေးသူ (၅၃) ဦး၊ ကန့်ကွက်ဆန္ဒမဲပေးသူ (၅၈) ဦး၊ ကြားနေ (၆) ဦးနှင့် ဆန္ဒမဲမပေးသူ (၁) ဦး ရှိသည့်အတွက် အဆိုအား လွှတ်တော်၌ မှတ်တမ်းအဖြစ်ထားရှိရန် ဆုံးဖြတ်ခဲ့ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်ထံမှ သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~