နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်တွင် ခွင့်ပြုထားသည့် နယ်မြေထက် ကျော်လွန်သွားလာသည့် ထိုင်းနိုင်ငံသား တစ်ဦးကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့အထွက် မယ်ယန်းပူးပေါင်း စစ်ဆေးရေး ဂိတ်တွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၇)ရက်နေ့ နံနက်ပိုင်းက ပူးပေါင်း စစ်ဆေးရေးအဖွဲ့က တွေ့ရသဖြင့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းထားပြီး စစ်ဆေးနေကြောင်း သိရသည်။
နယ်မြေကျော်လွန်သွားသည့် နိုင်ငံခြားသားများကို ခေါ်ဆောင်သွားရန် ကူညီပေးသူများ၊ နိုင်ငံခြားသားများ တရားမဝင် ဝင်ရောက်သူများကို ကူညီပေးသူ နိုင်ငံသားများ အနေဖြင့် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ၁၃(၅)ဖြင့် အရေးယူခံရနိုင်ကြောင်း သိရသည်။
အဆိုပါ ပူးပေါင်းစစ်ဆေးရေးအဖွဲ့တွင် အမှတ်(၅၂၆)ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီးဖြိုးဇော်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ ဟောင်လိတ်ရဲကင်းစခန်းမှ နယ်ထိန်ခေါင်းဆောင် ရဲအုပ်ချမ်းမြေ့အောင် နှင့် တပ်ဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် (မှု/ကူ)မှ ဒုရဲအုပ်ဝေလင်းထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ တာချီလိတ်ခရိုင်(မှု/နှိမ်)မှ ဒုရဲအုပ်ဇော်ဇော်နှင့် တပ်ဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ကြပ်ထွန်းလင်းအောင် နှင့်တပ်ဖွဲ့ဝင်များ၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ် (၁)တာချီလိတ်မှ တပ်ကြပ်ဝင်းကြိုင်၊ အမှတ်(၁၁၇) ယာဉ်ထိန်းတပ်ဖွဲ့စု(တာချီလိတ်ခရိုင်)မှ တပ်ကြပ်ကြီးကျော်စွာအောင် နှင့် မယ်ယန်းပူးပေါင်း စစ်ဆေးရေး ဂိတ်မှ တာဝန်ကျ သက်ဆိုင်ရာဝန်ထမ်းများ၊ ဖန်မင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် ဖန်မင်ပြည်သူ့စစ် ဦးစိုင်းထွန်းအောင်နှင့် အဖွဲ့ဝင်များက စစ်ဆေးကြခြင်းဖြစ်ကြောင်း သိရသည်။
တာချီလိတ်တွင် ရှောင်တခင်ပိတ်ဆို့စစ်ဆေးမှုများကို ၂၀၁၈ခုနှစ် သြဂုတ်လ (၂၂)ရက်နေ့မှစ၍ တစ်နေ့လျှင် (၃)ကြိမ်အထိ တိုးမြှင့်ဆောင်ရွက်နေပြီး ရက်အကန့်အသတ်မရှိ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
“မယ်ယန်းဂိတ်ကနေ ဆက်စပ် စစ်ဆေးဆောင်ရွက်ချက် အခြေအနေ မတင်ပြလာသေးဘူး။ စစ်ဆေး နေဆဲပဲ ဖြစ်ပါတယ်ခင်ဗျ” ဟု တာချီလိတ်ရှိ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားရှိ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ဌာနခွဲ(၆)၏ ဦးစီးအရာရှိ ဦးမျိုးဝင်းရှိန်က နေ့လယ်ပိုင်းတွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မြန်မာနှင့် ထိုင်းနှစ်နိုင်ငံနယ်စပ်မြို့များဖြစ်သည့် တာချီလိတ်နှင့် မယ်ဆိုင်မြို့များတွင် နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် (သို့မဟုတ်) နယ်စပ်ဖြတ်သန်းခွင့် စာအုပ်ဖြင့် ကန့်သတ်ထားသည့် ဒေသအတွင်း ဖြတ်သန်း သွားလာခွင့် ပြုထားခြင်းဖြစ်ရာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ကိုင်ဆောင်ထားသည့် ထိုင်းနိုင်ငံသားများကို တာချီလိတ်မြို့တွင်း တည်းခိုနေထိုင်လည်ပတ်ခွင့်၊ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသားများကို မယ်ဆိုင်မြို့တွင်း တည်းခိုနေထိုင် လည်ပတ်ခွင့်ပြုထားခြင်းဖြစ်သည်။
နယ်မြေကျော်လွန်သွားသည့် နိုင်ငံခြားသားများကို ခေါ်ဆောင်သွားရန် ကူညီပေးသူများ၊ နိုင်ငံခြားသားများ တရားမဝင် ဝင်ရောက်သူများကို ကူညီပေးသူ နိုင်ငံသားများ အနဖြေင့် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ၁၃(၅)ဖြင့် အရေးယူခံရနိုင်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင်လည်း ယင်းကဲ့သို့ ခွင့်ပြုနယ်မြေကျော်လွန်သွားလာသည့် မြန်မာနိုင်ငံသားများကို ဖမ်းဆီးအရေးယူပြီး တာချီလိတ်မြို့သို့ ပြန်လည်လွှဲပြောင်းပေးလေ့ရှိသည်။
ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသားသည် ခွင့်ပြုထားသည့် တာချီလိတ်မြို့မှ ကျော်လွန်သွားရန် တာချီလိတ်မြို့အထွက် မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်မှအထွက်တွင် ရဲတပ်ဖွဲ့ပါဝင်သည့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့၏ ရှောင်တခင် ပိတ်ဆို့ စစ်ဆေးမှုအတွင်း စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပူးပေါင်းစစ်ဆေးရေးအဖွဲ့တွင် အမှတ်(၅၂၆)ခြမြေန်တပ်ရင်းမှ ဗိုလ်ကြီးဖြိုးဇော်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ ဟောင်လိတ်ရဲကင်းစခန်းမှ နယ်ထိန်ခေါင်းဆောင် ရဲအုပ်ချမ်းမြေ့အောင် နှင့် တပ်ဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် (မှု/ကူ)မှ ဒုရဲအုပေ်ဝလင်းထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ တာချီလိတ်ခရိုင်(မှု/နှိမ်)မှ ဒုရဲအုပ်ဇော်ဇော်နှင့် တပ်ဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ကြပ်ထွန်းလင်းအောင် နှင့်တပ်ဖွဲ့ဝင်များ၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ် (၁)တာချီလိတ်မှ တပ်ကြပ်ဝင်းကြိုင်၊ အမှတ်(၁၁၇) ယာဉ်ထိန်းတပ်ဖွဲ့စု(တာချီလိတ်ခရိုင်)မှ တပ်ကြပ်ကြီးကျော်စွာအောင် နှင့် မယ်ယန်းပူးပေါင်း စစ်ဆေးရေး ဂိတ်မှ တာဝန်ကျ သက်ဆိုင်ရာဝန်ထမ်းများ၊ ဖန်မင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် ဖန်မင်ပြည်သူ့စစ် ဦးစိုင်းထွန်းအောင်နှင့် အဖွဲ့ဝင်များက စစ်ဆေးကြခြင်းဖြစ်ကြောင်း သိရသည်။
တာချီလိတ်တွင် ရှောင်တခင်ပိတ်ဆို့စစ်ဆေးမှုများကို ၂၀၁၈ခုနှစ် သြဂုတ်လ (၂၂)ရက်နေ့မှစ၍ တစ်နေ့လျှင် (၃)ကြိမ်အထိ တိုးမြှင့်ဆောင်ရွက်နပြေီး ရက်အကန့်အသတ်မရှိ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency