တာခ်ီလိတ္နယ္စပ္ဝင္ေပါက္မွတစ္ဆင့္ ၂၀၁၈ - ၂၀၁၉ ဘ႑ာႏွစ္ ဧၿပီလ(၁)ရက္ေန႔မွ ၾသဂုတ္လ (၂၃)ရက္ေန႔အထိ ဝင္ေရာက္လည္ပတ္သည့္ ႏုိင္ငံျခားသား (၃၆၀,၂၃၈) ဦးရိွသည့္အနက္ ေန႔ခ်င္းျပန္ လာေရာက္သူ အေရအတြက္မွာ စုစုေပါင္း (၃၅၃,၉၁၃)ဦး ရိွေၾကာင္း သိရသည္။
အဆိုပါ ကာလအတြင္း တာခ်ီလိတ္နယ္စပ္ဝင္ေပါက္မွ ဝင္ေရာက္လာၿပီး ရွမ္းျပည္နယ္အေရွ႕ပိုင္း မုိင္းျဖတ္ႏွင့္ က်ိဳင္းတံုခရီးစဥ္ သြားေရာက္သည့္ဧည့္သည္စုစုေပါင္း(၃၅၂၄)ဦးႏွင့္ ဗီဇာျဖင့္ ဝင္ေရာက္လာၿပီး တာခ်ီလိတ္မွတစ္ဆင့္ ေလယာဥ္ျဖင့္ ျပည္တြင္းခရီးစဥ္ဝင္ေရာက္သူစုစုေပါင္း (၂၈၀၁)ဦး ရိွေၾကာင္း သိရသည္။
ျမန္မာ-ထုိင္းခ်စ္ၾကည္ေရးတံတားမွေန၍ ထုိင္းႏိုင္ငံသားမ်ားကို နယ္စပ္ျဖတ္သန္းခြင့္ျဖင့္လည္းေကာင္း၊ တတိယႏိုင္ငံသားမ်ားကို ဗီဇာ၊ ျပည္ဝင္ခြင့္လက္မွတ္(Entry Permit)ျဖင့္လည္းေကာင္း ဝင္ေရာက္ လည္ပတ္ ခြင့္ျပဳထားၿပီး နယ္စပ္မွတစ္ဆင့္ျပည္တြင္းခရီးစဥ္မ်ား လည္ပတ္လိုသည့္ ႏုိင္ငံျခားသားမ်ား အေနျဖင့္ ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတံုအထိမွလြဲ၍ က်န္ခရီးစဥ္မ်ားကို နယ္ေျမလံုၿခံဳေရး အေျခအေနအရ ေလေၾကာင္းျဖင့္သာ ခြင့္ျပဳထားျခင္းျဖစ္သည္။
နယ္စပ္ျဖတ္ေက်ာ္ ဆုိင္ကယ္၊ ေမာ္ေတာ္ယာဥ္အဖြဲ႕မ်ားျဖင့္ လည္ပတ္ျခင္းကို ခရီးသြားလုပ္ငန္းမ်ားက ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာနခြင့္ျပဳခ်က္ျဖင့္ ေဆာင္ရြက္ျခင္းကိုလည္း ခြင့္ျပဳထားေၾကာင္း သိရသည္။
နယ္စပ္ၿမိဳ႕ျဖစ္သည့္ တာခ်ီလိတ္တြင္ ဟိုတယ္စုစုေပါင္း (၂၇)လံုးႏွင့္ တည္းခိုဧည့္ရိပ္သာ စုစုေပါင္း (၁၄)လံုးရိွေၾကာင္း သိရသည္။
Tachileik News Agency
တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် ဧပြီလ(၁)ရက်နေ့မှ သြဂုတ်လ (၂၃)ရက်နေ့အထိ ဝင်ရောက်လည်ပတ်သည့် နိုင်ငံခြားသား (၃၆၀,၂၃၈) ဦးရှိသည့်အနက် နေ့ချင်းပြန် လာရောက်သူ အရေအတွက်မှာ စုစုပေါင်း (၃၅၃,၉၁၃)ဦး ရှိကြောင်း သိရသည်။
အဆိုပါ ကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ ဝင်ရောက်လာပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဖြတ်နှင့် ကျိုင်းတုံခရီးစဉ် သွားရောက်သည့်ဧည့်သည်စုစုပေါင်း(၃၅၂၄)ဦးနှင့် ဗီဇာဖြင့် ဝင်ရောက်လာပြီး တာချီလိတ်မှတစ်ဆင့် လေယာဉ်ဖြင့် ပြည်တွင်းခရီးစဉ်ဝင်ရောက်သူစုစုပေါင်း (၂၈၀၁)ဦး ရှိကြောင်း သိရသည်။
မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားမှနေ၍ ထိုင်းနိုင်ငံသားများကို နယ်စပ်ဖြတ်သန်းခွင့်ဖြင့်လည်းကောင်း၊ တတိယနိုင်ငံသားများကို ဗီဇာ၊ ပြည်ဝင်ခွင့်လက်မှတ်(Entry Permit)ဖြင့်လည်းကောင်း ဝင်ရောက် လည်ပတ် ခွင့်ပြုထားပြီး နယ်စပ်မှတစ်ဆင့်ပြည်တွင်းခရီးစဉ်များ လည်ပတ်လိုသည့် နိုင်ငံခြားသားများ အနဖြေင့် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံအထိမှလွဲ၍ ကျန်ခရီးစဉ်များကို နယ်မြေလုံခြုံရေး အခြေအနေအရ လေကြောင်းဖြင့်သာ ခွင့်ပြုထားခြင်းဖြစ်သည်။
နယ်စပ်ဖြတ်ကျော် ဆိုင်ကယ်၊ မော်တော်ယာဉ်အဖွဲ့များဖြင့် လည်ပတ်ခြင်းကို ခရီးသွားလုပ်ငန်းများက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခြင်းကိုလည်း ခွင့်ပြုထားကြောင်း သိရသည်။
နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် ဟိုတယ်စုစုပေါင်း (၂၇)လုံးနှင့် တည်းခိုဧည့်ရိပ်သာ စုစုပေါင်း (၁၄)လုံးရှိကြောင်း သိရသည်။
Tachileik News Agency