တာခ်ီလိတ္ - မိုင္းဆတ္လမ္း ယာဥ္ႏွင့္ခရီးသြားမ်ား သြားလာရ ခက္ခဲေန

တာခ်ီလိတ္ - မိုင္းဆတ္လမ္း ယာဥ္ႏွင့္ခရီးသြားမ်ား သြားလာရ ခက္ခဲေန
သြဂုတ် 4, 2018
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ႏွင့္ မုိင္းဆတ္ေဒသဆက္သြယ္ထားသည့္ တာခ်ီလိတ္ - မိုင္းတြမ္း - မိုင္းဆတ္လမ္း၏ ၂၀၁၈ ခုႏွစ္ ၾသဂုတ္လ(၄)ရက္ေန႔ အေျခအေနကို အဆိုပါလမ္းပိုင္းတြင္ ျဖတ္သန္းသြားလာသူထံမွ ရရိွသည့္ မွတ္တမ္းဓါတ္ပံုမ်ား ျဖစ္ပါသည္။

အဆုိပါလမ္းမွာ ေျမသားလမ္းျဖစ္ေနသျဖင့္ မုိးရာသီကာလေရာက္တုိင္း ေမာ္ေတာ္ယာဥ္မ်ား ခက္ခဲစြာ ျဖတ္သန္းသြားလာေနရၿပီး လမ္းဆိုးလြန္းသည့္အခ်ိန္တြင္ ယာဥ္တန္းရွည္မ်ား ေစာင့္ဆုိင္းသြားလာရတတ္ျခင္း ျဖစ္သည္။

စုစုေပါင္း (၆၀.၄)မုိင္ရွည္လ်ားသည့္ တာခ်ီလိတ္ - မုိင္းဆတ္လမ္းပိုင္းအား  ၁၉၉၂ ခုႏွစ္တြင္ "ဝ"အထူးေဒသ(၂)ေတာင္ပိုင္းက ဟုန္ပန္းကုမၸဏီျဖင့္ ေဖါက္လုပ္ခဲ့ျခင္းျဖစ္ၿပီး အဆိုပါ လမ္းပိုင္းတြင္ ယာဥ္ျဖတ္သန္းခေပးေနရေသာ္လည္း လမ္းပို္င္း ပ်က္စီးမႈကို ျပဳျပင္ျခင္းမရိွေၾကာင္း သိရသည္။

အဆုိပါ လမ္းပိုင္းမွာ ေပ (၂၀)အက်ယ္ မုိင္ (၆၀)ရွည္လ်ားၿပီး လမ္းပိုင္းရိွ အတက္အဆင္းႀကီးမားသည့္ လြယ္ဆမ္ဆုန္ေတာင္ႀကီး၏ (၆)မုိင္ခန္႔အရွည္ကို ကတၱရာလမ္းခင္းထားကာ  လမ္းပိုင္းအတြင္း သံုးမုိင္ငါးဖာလံုခန္႔မွာ ပ်က္စီးေနျခင္းျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ - မုိင္းဆတ္ကားလမ္း ဆိုးဝါးစြာပ်က္စီးေနမႈအား ရာသီမေရြးသြားလာႏုိင္မည့္လမ္းအျဖစ္ ျပဳျပင္ေပးရန္ အစီအစဥ္ရိွ၊မရိွႏွင့္ ျပဳျပင္မည့္အခ်ိန္အားသိရိွလိုေၾကာင္းကို ျပည္သူ႔လႊတ္ေတာ္တြင္ မိုင္းတုံမဲဆႏၵနယ္မွ ဦးေအာင္ေက်ာ္ဦးက ၂၀၁၇ ခုႏွစ္ ႏုိဝင္ဘာလ (၁)ရက္ေန႔ကတည္းက ေမးခြန္းေမးျမန္းခြင့္ တင္ျပထားခဲ့ေသာ္လည္း ေျခာက္လေက်ာ္အၾကာ ေမလတြင္ အဆုိပါေမးခြန္းအား လႊတ္ေတာ္၌ တင္ျပခြင့္ရခဲ့စဥ္က အဆုိပါလမ္းပိုင္းကိစၥႏွင့္ပတ္သက္၍ ၂၀၁၈ ခုႏွစ္ ေမလ (၂၇)ရက္ေန႔တြင္ က်င္းပသည့္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာနအစည္းအေဝးတြင္“ဝ”အထူးေဒသမွ တာဝန္ရိွသူမ်ားႏွင့္ ေဆြးေႏြးထားေၾကာင္းနယ္စပ္ေရးရာဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္သန္းထြဋ္က လႊတ္ေတာ္တြင္ ျပန္လည္ေျဖၾကားခ်က္အရ သိရသည္။

တာခ်ီလိတ္မွ မိုင္းတြမ္း၊ မိုင္းဆတ္၊ မိုင္းတံုၿမိဳ႕မ်ားသို႔ ေန႔စဥ္ကူးသန္းသြားလာမႈႏွင့္ ကုန္စည္ပို႔ေဆာင္မႈမ်ား အတြက္ အဆိုပါလမ္းပိုုင္းကို အဓိက အသံုးျပဳေနရၿပီး ေန႔စဥ္ယာဥ္အစီးေရမ်ားစြာ ျဖတ္သန္း သြားလာေနသည့္ လမ္းပိုင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု #Tiger Wan

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ် -  မိုင်းဆတ်လမ်း ယာဉ်နှင့်ခရီးသွားများ သွားလာရ ခက်ခဲနေ
**********
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်နှင့် မိုင်းဆတ်ဒေသဆက်သွယ်ထားသည့် တာချီလိတ် - မိုင်းတွမ်း - မိုင်းဆတ်လမ်း၏ ၂၀၁၈ ခုနှစ် သြဂုတ်လ(၄)ရက်နေ့ အခြေအနေကို အဆိုပါလမ်းပိုင်းတွင် ဖြတ်သန်းသွားလာသူထံမှ ရရှိသည့် မှတ်တမ်းဓါတ်ပုံများ ဖြစ်ပါသည်။

အဆိုပါလမ်းမှာ မြေသားလမ်းဖြစ်နေသဖြင့် မိုးရာသီကာလရောက်တိုင်း မော်တော်ယာဉ်များ ခက်ခဲစွာ ဖြတ်သန်းသွားလာနေရပြီး လမ်းဆိုးလွန်းသည့်အချိန်တွင် ယာဉ်တန်းရှည်များ စောင့်ဆိုင်းသွားလာရတတ်ခြင်း ဖြစ်သည်။

စုစုပေါင်း (၆၀.၄)မိုင်ရှည်လျားသည့် တာချီလိတ် - မိုင်းဆတ်လမ်းပိုင်းအား  ၁၉၉၂ ခုနှစ်တွင် "ဝ"အထူးဒေသ(၂)တောင်ပိုင်းက ဟုန်ပန်းကုမ္ပဏီဖြင့် ဖေါက်လုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ လမ်းပိုင်းတွင် ယာဉ်ဖြတ်သန်းခပေးနေရသော်လည်း လမ်းပိုင်း ပျက်စီးမှုကို ပြုပြင်ခြင်းမရှိကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်းမှာ ပေ (၂၀)အကျယ် မိုင် (၆၀)ရှည်လျားပြီး လမ်းပိုင်းရှိ အတက်အဆင်းကြီးမားသည့် လွယ်ဆမ်ဆုန်တောင်ကြီး၏ (၆)မိုင်ခန့်အရှည်ကို ကတ္တရာလမ်းခင်းထားကာ  လမ်းပိုင်းအတွင်း သုံးမိုင်ငါးဖာလုံခန့်မှာ ပျက်စီးနေခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ် - မိုင်းဆတ်ကားလမ်း ဆိုးဝါးစွာပျက်စီးနေမှုအား ရာသီမရွေးသွားလာနိုင်မည့်လမ်းအဖြစ် ပြုပြင်ပေးရန် အစီအစဉ်ရှိ၊မရှိနှင့် ပြုပြင်မည့်အချိန်အားသိရှိလိုကြောင်းကို ပြည်သူ့လွှတ်တော်တွင် မိုင်းတုံမဲဆန္ဒနယ်မှ ဦးအောင်ကျော်ဦးက ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့ကတည်းက မေးခွန်းမေးမြန်းခွင့် တင်ပြထားခဲ့သော်လည်း ခြောက်လကျော်အကြာ မေလတွင် အဆိုပါမေးခွန်းအား လွှတ်တော်၌ တင်ပြခွင့်ရခဲ့စဉ်က အဆိုပါလမ်းပိုင်းကိစ္စနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ် မေလ (၂၇)ရက်နေ့တွင် ကျင်းပသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနအစည်းအဝေးတွင်“ဝ”အထူးဒေသမှ တာဝန်ရှိသူများနှင့် ဆွေးနွေးထားကြောင်းနယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က လွှတ်တော်တွင် ပြန်လည်ဖြေကြားချက်အရ သိရသည်။

တာချီလိတ်မှ မိုင်းတွမ်း၊ မိုင်းဆတ်၊ မိုင်းတုံမြို့များသို့ နေ့စဉ်ကူးသန်းသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှုများ အတွက် အဆိုပါလမ်းပိုင်းကို အဓိက အသုံးပြုနေရပြီး နေ့စဉ်ယာဉ်အစီးရေများစွာ ဖြတ်သန်း သွားလာနေသည့် လမ်းပိုင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ #Tiger Wan

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~