မေကြးတိုင္းေဒသႀကီးအတြင္း ေရနံခ်က္စက္ရံုဇုန္ တစ္ခု တည္ေထာင္မည္

မေကြးတိုင္းေဒသႀကီးအတြင္း ေရနံခ်က္စက္ရံုဇုန္ တစ္ခု တည္ေထာင္မည္
သြဂုတ် 26, 2018
By Tachileik News Agency

ေရနံတြင္းမ်ား ရိွေနေသာ္လည္း ေရနံခ်က္လုပ္ခြင့္ မရိွသည့္ မေကြးတိုင္းေဒသႀကီးတြင္ ေရနံခ်က္စက္ရံုမ်ား တည္ေဆာက္ခြင့္ကို ျပည္ေထာင္စုအစိုးရႏွင့္ ညိႇႏိႈင္းသေဘာတူညီခ်က္ရၿပီးျဖစ္သျဖင့္ ပခုကၠဴၿမိဳ႕နယ္၌ ေရနံခ်က္စက္ရံုဇုန္တစ္ခု တည္ေထာင္ေပးသြားမည္ျဖစ္ေၾကာင္း တိုင္းေဒသႀကီးအစိုးရအဖဲြ႔ထံမွ သိရသည္။

"အဆင့္မီ ဆီထြက္ရိွႏိုင္ဖို႔ ေရနံခ်က္စက္ရံုအေသးစား၊ အလတ္စားေတြ တည္ေထာင္ခြင့္ျပဳဖို႔ ျပည္ေထာင္စုအစိုးရနဲ႔ ညိႇႏိွဳင္းသေဘာတူညီခ်က္ ရရိွခဲ့ပါတယ္။ ဒါ့ေၾကာင့္ ပခုကၠဴၿမိဳ႕နယ္အတြင္းမွာ ေရနံခ်က္စက္ရံုဇုန္ တစ္ခုအျဖစ္ သတ္မွတ္ခြင့္ျပဳေပးသြားမွာျဖစ္ၿပီး ရက္ပိုင္းအတြင္းမွာပဲ ႏိုင္ငံပိုင္ သတင္းစာေတြကေန တင္ဒါေခၚယူသြားမွာပါ။ အစိုးရအဖဲြ႔အေနနဲ႔ စက္ရံုဇုန္ေျမေနရာ၊ လွ်ပ္စစ္မီးနဲ႔ ေရရရိွေရးတို႔ အတြက္ ကူညီေဆာင္ရြက္ေပးသြားမွာပါ"ဟု မေကြးတုိင္းေဒသႀကီးအစိုးရအဖြဲ႕ဝင္ သယံဇာတ၊ သဘာဝပတ္ဝန္းက်င္၊ လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီး ဦးျမင့္ေဇာ္က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာၾကားသည္။

မေကြးတိုင္းအတြင္း ေရနံခ်က္ လုပ္ခြင့္မရိွ၍ တိုင္းအတြင္းမွ ထြက္ရိွသည့္ေရနံမ်ားကို ေရနံခ်က္ဖိုမ်ား ရိွသည့္ မံုရြာ၊ ျမန္ေအာင္၊ ၾကံခင္းတို႔သို႔ ပို႔ေဆာင္ေနရျခင္းျဖစ္ရာ တိုင္းေဒသႀကီးအတြင္း ေရနံခ်က္ စက္ရံုမ်ား တည္ေထာင္ရန္ စြမ္းအင္ဝန္ႀကီးဌာန၊ ေရနံဓာတုေဗဒလုပ္ငန္းညႊန္ၾကားေရးမွဴးခ်ဳပ္၊ ေရနံဓာတုေဗဒဌာနမွ ေရနံခ်က္ကၽြမ္းက်င္သည့္ ပညာရွင္မ်ားျဖင့္ ညိႇႏိႈင္းေဆာင္ရြက္ထားေၾကာင္း သိရသည္။

ေရနံခ်က္စက္ရံုဇုန္တြင္  တစ္ရက္လွ်င္ ဆီဂါလံ (၃၀၀၀)မွ (၃၀၀၀၀)အထိ ခ်က္လုပ္ႏိုင္မည့္စက္ရံုမ်ားကို ခြင့္ျပဳေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

မေကြးတိုင္းေဒသႀကီးအတြင္း ၂၀၁၈ ခုႏွစ္အတြင္း လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနမွခြင့္ျပဳထားသည့္ ေရနံလက္ယက္တြင္းတိမ္မ်ားမွာ သက္တမ္းတိုးလုပ္ကြက္ (၂၀)ကြက္၊ အသစ္လုပ္ကြက္(၁၃)ကြက္ စုစု ေပါင္း(၃၃)ကြက္ရိွေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရေနံတွင်းများ ရှိနေသော်လည်း ရေနံချက်လုပ်ခွင့် မရှိသည့် မကွေးတိုင်းဒေသကြီးတွင် ရေနံချက်စက်ရုံများ တည်ဆောက်ခွင့်ကို ပြည်ထောင်စုအစိုးရနှင့် ညှိနှိုင်းသဘောတူညီချက်ရပြီးဖြစ်သဖြင့် ပခုက္ကူမြို့နယ်၌ ရေနံချက်စက်ရုံဇုန်တစ်ခု တည်ထောင်ပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

"အဆင့်မီ ဆီထွက်ရှိနိုင်ဖို့ ရေနံချက်စက်ရုံအသေးစား၊ အလတ်စားတွေ တည်ထောင်ခွင့်ပြုဖို့ ပြည်ထောင်စုအစိုးရနဲ့ ညှိနှိုင်းသဘောတူညီချက် ရရှိခဲ့ပါတယ်။ ဒါ့ကြောင့် ပခုက္ကူမြို့နယ်အတွင်းမှာ ရေနံချက်စက်ရုံဇုန် တစ်ခုအဖြစ် သတ်မှတ်ခွင့်ပြုပေးသွားမှာဖြစ်ပြီး ရက်ပိုင်းအတွင်းမှာပဲ နိုင်ငံပိုင် သတင်းစာတွေကနေ တင်ဒါခေါ်ယူသွားမှာပါ။ အစိုးရအဖွဲ့အနေနဲ့ စက်ရုံဇုန်မြေနေရာ၊ လျှပ်စစ်မီးနဲ့ ရေရရှိရေးတို့ အတွက် ကူညီဆောင်ရွက်ပေးသွားမှာပါ"ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောကြားသည်။

မကွေးတိုင်းအတွင်း ရေနံချက် လုပ်ခွင့်မရှိ၍ တိုင်းအတွင်းမှ ထွက်ရှိသည့်ရေနံများကို ရေနံချက်ဖိုများ ရှိသည့် မုံရွာ၊ မြန်အောင်၊ ကြံခင်းတို့သို့ ပို့ဆောင်နေရခြင်းဖြစ်ရာ တိုင်းဒေသကြီးအတွင်း ရေနံချက် စက်ရုံများ တည်ထောင်ရန် စွမ်းအင်ဝန်ကြီးဌာန၊ ရေနံဓာတုဗေဒလုပ်ငန်းညွှန်ကြားရေးမှူးချုပ်၊ ရေနံဓာတုဗေဒဌာနမှ ရေနံချက်ကျွမ်းကျင်သည့် ပညာရှင်များဖြင့် ညှိနှိုင်းဆောင်ရွက်ထားကြောင်း သိရသည်။

ရေနံချက်စက်ရုံဇုန်တွင် တစ်ရက်လျှင် ဆီဂါလံ (၃၀၀၀)မှ (၃၀၀၀၀)အထိ ချက်လုပ်နိုင်မည့်စက်ရုံများကို ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၈ ခုနှစ်အတွင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှခွင့်ပြုထားသည့် ရေနံလက်ယက်တွင်းတိမ်များမှာ သက်တမ်းတိုးလုပ်ကွက် (၂၀)ကွက်၊ အသစ်လုပ်ကွက်(၁၃)ကွက် စုစု ပေါင်း(၃၃)ကွက်ရှိကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~