~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ရှိ အမှတ်(၁)ချစ်ကြည်ရေးတံတားကနေ တဆင့် မယ်ဆိုင်ကို သွားရောက်တဲ့ မြန်မာနိုင်ငံသားတစ်ဦးထံက စိတ်ကြွရူးသွပ်ဆေးပြား (၁၀၀၀၀)ကို ၂၀၁၈ခုနှစ် သြဂုတ်လ(၁၀)ရက်နေ့ နံနက်(၇)နာရီ မိနစ်(၄၀)ဝန်းကျင်အချိန်က ဖမ်းဆီးမိကြောင်း သိရပါတယ်။
အဲ့လိုပဲ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားကနေ တာချီလိတ်ကို ကျော်လွန်ပြီး မယ်ဆိုင်ဘက်အဝင်မှာ မူးယစ်ဆေးဝါးသယ်ဆောင်လာသူများကို မကြာခဏ ဖမ်းဆီးရရှိမှုတွေ ရှိနေတယ်လို့ သိရပါတယ်။