လယ္ယာေျမ စီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာန၏ ဖြဲ႔စည္းပုံအသစ္အရ ရပ္ကြက္ သို႔မဟုတ္ ေက်းရြာအုပ္စု တစ္စုတြင္ တာဝန္ခံေျမတိုင္း စာေရး(၁)ဦးႏႈန္း၊ လုပ္ငန္းတာဝန္နည္းပါးသည့္ ရပ္ကြက္ သို႔မဟုတ္ ေက်းရြာအုပ္စု (၂)ခုလွ်င္ တာဝန္ခံေျမတိုင္းစာေရး (၁)ဦးႏႈန္း ခန္႔အပ္ တာဝန္ေပးႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။
၂၀၁၂ ခုႏွစ္၊ လယ္ယာေျမဥပေဒအရ ဖြဲ႔စည္းထားသည့္ ရပ္ကြက္/ေက်း႐ြာအုပ္စု လယ္ယာေျမ စီမံခန္႔ခြဲမႈ အဖြဲ႔အစည္းမ်ားတြင္ အတြင္းေရးမႉးအျဖစ္ တာဝန္ထမ္းေဆာင္ရန္ ရပ္ကြက္/ ေက်း႐ြာအုပ္စု တာဝန္ ခံေျမတိုင္းစာေရး (၁၆,၈၇၅) ဦး ခန္႔အပ္တာဝန္ေပးရန္ လိုအပ္လာမည္ျဖစ္ရာ အဆိုပါ လိုအပ္ခ်က္ေပၚ အေျခခံ၍ လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာန၏ ဖြဲ႔စည္းပုံ အား ျပင္ဆင္ေရးဆြဲလ်က္ရွိရာ လက္ရွိလုပ္ငန္းတာဝန္မ်ားႏွင့္ လိုက္ေလ်ာညီေထြ ျဖစ္ေစႏိုင္မည့္ ဝန္ထမ္း အင္အား (၂၀,၇၀၂) ဦးပါရွိသည့္ ဌာနဝန္ထမ္းအင္အား ဖြဲ႔စည္းပုံအသစ္ အဆိုျပဳေရးဆြဲ တင္ျပထားေၾကာင္း သိရသည္။
ႏိုင္ငံေတာ္၏ ခြင့္ျပဳခ်က္ ရရွိသည္ႏွင့္ အဆိုပါ ဖြဲ႕စည္းပံုအသစ္အရ ထပ္မံခန္႔ထားရန္လိုအပ္သည့္ ဝန္ထမ္းမ်ားကို ဘ႑ာေငြခြဲေဝရရွိမႈႏွင့္အညီ ခန္႔အပ္တာဝန္ေပးၿပီး ဌာန၏ လုပ္ငန္းတာဝန္မ်ား ယခုထက္ ပိုမိုလ်င္ျမန္သြက္လက္စြာ အေကာင္အထည္ေဖာ္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
စိုက္ပ်ဳိးေရး၊ ေမြးျမဴေရးနွင့္ ဆည္ေျမာင္း ဒုတိယဝန္ႀကီး ဦးလွေက်ာ္က ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၂၁) ရက္ေန႔တြင္ က်င္းပေသာ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးတြင္ ေရစႀကိဳ မဲဆႏၵနယ္မွ ေဒါက္တာဦးတင္ေဌးေအာင္က ၿမိဳ႕နယ္ေျမစာရင္း၊ စာရင္းအင္း ဦးစီးဌာနမ်ားတြင္ တာဝန္ ထမ္းေဆာင္ေနရေသာ ရပ္/ေက်း ေျမစာရင္းမွဴးမ်ားကို ပိုမိုတိုးခ်ဲ႕ ခန္႔ထားေပးရန္ အစီအစဥ္ ရွိ၊ မရွိ ေမးျမန္းခဲ့ျခင္းကို ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။
Tachileik News Agency
၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေအရ ဖွဲ့စည်းထားသည့် ရပ်ကွက်/ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့အစည်းများတွင် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ရန် ရပ်ကွက်/ ကျေးရွာအုပ်စု တာဝန် ခံမြေတိုင်းစာရေး (၁၆,၈၇၅) ဦး ခန့်အပ်တာဝန်ပေးရန် လိုအပ်လာမည်ဖြစ်ရာ အဆိုပါ လိုအပ်ချက်ပေါ် အခြေခံ၍ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ ဖွဲ့စည်းပုံ အား ပြင်ဆင်ရေးဆွဲလျက်ရှိရာ လက်ရှိလုပ်ငန်းတာဝန်များနှင့် လိုက်လျောညီထွေ ဖြစ်စေနိုင်မည့် ဝန်ထမ်း အင်အား (၂၀,၇၀၂) ဦးပါရှိသည့် ဌာနဝန်ထမ်းအင်အား ဖွဲ့စည်းပုံအသစ် အဆိုပြုရေးဆွဲ တင်ပြထားကြောင်း သိရသည်။
နိုင်ငံတော်၏ ခွင့်ပြုချက် ရရှိသည်နှင့် အဆိုပါ ဖွဲ့စည်းပုံအသစ်အရ ထပ်မံခန့်ထားရန်လိုအပ်သည့် ဝန်ထမ်းများကို ဘဏ္ဍာငွေခွဲဝေရရှိမှုနှင့်အညီ ခန့်အပ်တာဝန်ပေးပြီး ဌာန၏ လုပ်ငန်းတာဝန်များ ယခုထက် ပိုမိုလျင်မြန်သွက်လက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဒုတိယဝန်ကြီး ဦးလှကျော်က ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၁) ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ရေစကြို မဲဆန္ဒနယ်မှ ဒေါက်တာဦးတင်ဌေးအောင်က မြို့နယ်မြေစာရင်း၊ စာရင်းအင်း ဦးစီးဌာနများတွင် တာဝန် ထမ်းဆောင်နေရသော ရပ်/ကျေး မြေစာရင်းမှူးများကို ပိုမိုတိုးချဲ့ ခန့်ထားပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ခြင်းကို ပြန်လည်ဖြကြေားခဲ့ခြင်းဖြစ်သည်။
Tachileik News Agency