မကွေးမြို့ရှိ မြသလွန်စေတီ၏ တန်စောင်းကို အမရပူရနှင့် တကောင်းခေတ်လက်ရာများဖြင့် မွမ်းမံမှုကို ကျပ်သိန်း (၁၁၀၀)ကျော် အကုန်ကျခံကာ ဆောင်ရွက်နေ
မကွေးမြို့ရှိ မြသလွန်စေတီ၏ တန်စောင်းကို အမရပူရနှင့် တကောင်းခေတ်လက်ရာများဖြင့် မွမ်းမံမှုကို ကျပ်သိန်း (၁၁၀၀)ကျော် အကုန်ကျခံကာ ဆောင်ရွက်နေ
သြဂုတ် 22, 2018
By Tachileik News Agency
အဆိုပါ တန်စောင်းမှာ အလျား (၁၀၈)ပေ ၊ အနံပေ (၃၀)ရှိပြီး မူလတည်ဆောက်စဉ်က ခိုင်ခံ့မှုကို အသားပေး၍ တည်ဆောက်ထားခဲ့ပြီး မြန်မာမှုမပါသဖြင့် ဆရာတော်ကြီးများက သြ၀ါဒပေးချက်အရ မွမ်းမံနေခြင်းဖြစ်ကြောင်း သိရသည်။
သတင်း -  ဖီးနစ်
~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ မြသလွန်စေတီတော် မြောက်ဘက် မဟာအတုလရံသီ တန်စောင်း၏ မျက်နှာကျက်၊ နံရံနှင့် တိုင်လုံးများအား အမရပူရခေတ်လက်ရာ၊ တကောင်းခေတ်လက်ရာများဖြင့် ကျပ်သိန်း (၁,၁၀၀)ကျော် အကုန်ကျခံကာ မွမ်းမံနေကြောင်း သိရသည်။
"ဆရာတော်ကြီးများထံ တင်ပြလျောက်ထားပြီး သြဝါဒဆရာတော်ကြီးများရဲ့ သြဝါဒနဲ့အညီ အတည်ပြုထားတဲ့ အမရပူရခေတ်နဲ့ တကောင်းခေတ်လက်ရာ တိုင်ပုံစံ၊ ကနုတ်ပုံစံ၊ ပန်းပုံစံတွေကို မန္တလေးမြို့၊ တမ္ပဝတီ ဦးဝင်းမောင်နဲ့ အဖွဲ့က ဆောင်ရွက်နခြေင်း ဖြစ်ပါတယ်။ နဝကမ္မငွေ ကျပ်သိန်း(၁၁၀၀)ကျော်အသုံးပြု လုပ်ဆောင်သွားမှာဖြစ်ပြီး သီတင်းကျွတ်ဘုရားပွဲတော်မတိုင်မီ အောက်တိုဘာ (၁၅)ရက်နေ့မှာ လုပ်ငန်းများပြီးစီးဖို့ မျှော်လင့်ထားပါတယ်"ဟု မြသလွန်စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပက ဒု ဥက္ကဌ ဦးအေးကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ တန်စောင်းမှာ အလျား (၁၀၈)ပေ၊ အနံပေ (၃၀)ရှိပြီး မူလတည်ဆောက်စဉ်က ခိုင်ခံ့မှုကို အသားပေး၍ တည်ဆောက်ထားခဲ့ပြီး မြန်မာမှုမပါသဖြင့် ဆရာတော်ကြီးများက သြဝါဒပေးချက်အရ မွမ်းမံနခြေင်းဖြစ်ကြောင်း သိရသည်။
သတင်း - ဖီးနစ်
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~