ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ၀ါတွင်းကာလ ၀ါဆို၊ ၀ါကပ်တော်မူသော သံဃာတော်အပါး (၃၀၀)အား ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၀) ရက်နေ့ နံနက် (၅)နာရီခွဲက မယ်ဆွမ်မြောက်ရပ်ကွက်၊ မြို့မဘုန်းတော်ကြီးကျောင်းတိုက်တွင် စုပေါင်းအာရုဏ်ဆွမ်းလောင်းလှူကြသည်။
သတင်း - သန်းဇော်
မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဌ၊ မဟာမြတ်မုနိကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ တေဇောဘာသထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြကာ တရားနာယူပြီးနောက် မြို့မကျောင်းတိုက်ရှေ့မှ မြို့မဈေးလမ်းမ၊ ခရိုင်ထွေ/အုပ်ရုံးရှေ့လမ်းမတလျှောက်ကြွချီအလှူခံသည့် သံဃာတော်များအား ဗိုလ်မှူးကြီး သက်အောင်ဇင်နှင့် တပ်ရင်းတပ်ဖွဲ့ မိသားစုဝင်များ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်နှင့် ခရိုင်/မြို့နယ်ဌာန ဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဒေသခံအလှူရှင်များက ဆွမ်း၊ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူကြသည်။
သတင်း - သန်းဇော်
ဓာတ်ပုံ - သန်းဇော်၊ Tiger Wan