ထုိင္းႏုိင္ငံတြင္ တရားမဝင္ေနထုိင္မႈျဖင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသား (၆)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္း

ထုိင္းႏုိင္ငံတြင္ တရားမဝင္ေနထုိင္မႈျဖင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသား (၆)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္း
သြဂုတ် 27, 2018
By Tachileik News Agency

ထုိင္းႏုိင္ငံတြင္း တရားမဝင္ေနထုိင္ျခင္း၊ သက္တမ္းေက်ာ္လြန္ေနထုိင္ျခင္း၊ နယ္ေျမေက်ာ္လြန္ သြားလာျခင္းမ်ားေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသား (၆)ဦးကို ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕သို႔ ၂၀၁၈ ခုႏွစ္ ၾသဂုတ္လ(၂၇)ရက္ေန႔က လာေရာက္လႊဲေျပာင္းေပးေၾကာင္း သိရသည္။

ယေန႔လႊႊဲေျပာင္းလာသည့္ အမ်ိဳးသား(၄)ဦးႏွင့္ အမ်ိဳးသမီး(၂)ဦးကို ထုိင္းႏုိင္ငံမွ တာဝန္ရိွသူမ်ားက လာေရာက္ လႊဲေျပာင္းေပးရာ ျမန္မာႏုိင္ငံဘက္မွ အလုပ္သမားလူ၀င္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အား ဆုိင္ရာဌာန ဦးစီးဌာန၊၊  ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ လူကုန္ကူးမွဳ တုိက္ဖ်က္ေရး ရဲတပ္ဖြဲ႕ႏွင့္ တာခ်ီလိတ္အေျခစိုက္ လူမႈကူညီေရးအဖြဲ႕တစ္ခုျဖစ္သည့္ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာ ႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏွိဳင္းေရး ေကာ္မတီ (CNCMC )ေကာ္မတီတို႔က စိစစ္လက္ခံၾကေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ (၁)ရက္ေန႔မွ ဇူလုိင္လ (၃၁)ရက္ေန႔အထိ ထုိင္းႏုိင္ငံဘက္မွ တာခ်ီလိတ္ဘက္သို႔ လႊဲေျပာင္းလာသူဦးေရမွာ အမ်ိဳးသား (၄၃၇) ဦးႏွင့္ အမ်ိဳးသမီး (၂၀၄)ဦး၊ ကေလး (၂၂)ဦး စုစုေပါင္း (၆၆၃) ၾသဂုတ္လအတြင္း လႊဲေျပာငး္သူဦးေရမွာ ၾသဂုတ္လ(၂၇)ရက္ေန႔အထိစာရင္းအရ အမ်ိဳးသား(၇၆)ဦး၊ အမ်ိဳးသမီး (၃၀)ဦးႏွင့္ ကေလး(၂)ဦး စုစုေပါင္း (၁၀၈)ဦးရိွၿပီျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - CNCMC



~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်ခြင်း၊ သက်တမ်းကျော်လွန်နေထိုင်ခြင်း၊ နယ်မြေကျော်လွန် သွားလာခြင်းများကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၆)ဦးကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ၂၀၁၈ ခုနှစ် သြဂုတ်လ(၂၇)ရက်နေ့က လာရောက်လွှဲပြောင်းပေးကြောင်း သိရသည်။

ယနေ့လွှဲပြောင်းလာသည့် အမျိုးသား(၄)ဦးနှင့် အမျိုးသမီး(၂)ဦးကို ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက လာရောက် လွှဲပြောင်းပေးရာ မြန်မာနိုင်ငံဘက်မှ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဌာန ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့နှင့် တာချီလိတ်အခြေစိုက် လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာ နိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ (CNCMC )ကော်မတီတို့က စိစစ်လက်ခံကြကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ ဇူလိုင်လ (၃၁)ရက်နေ့အထိ ထိုင်းနိုင်ငံဘက်မှ တာချီလိတ်ဘက်သို့ လွှဲပြောင်းလာသူဦးရေမှာ အမျိုးသား (၄၃၇) ဦးနှင့် အမျိုးသမီး (၂၀၄)ဦး၊ ကလေး (၂၂)ဦး စုစုပေါင်း (၆၆၃) သြဂုတ်လအတွင်း လွှဲပြောငး်သူဦးရေမှာ သြဂုတ်လ(၂၇)ရက်နေ့အထိစာရင်းအရ အမျိုးသား(၇၆)ဦး၊ အမျိုးသမီး (၃၀)ဦးနှင့် ကလေး(၂)ဦး စုစုပေါင်း (၁၀၈)ဦးရှိပြီဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - CNCMC 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~