ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ အထွေထွေရောဂါကု ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်ကြီးများ ပါဝင်သော အဖွဲ့က ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၆)ရက်နေ့က ကျိုင်းတုံအကျဉ်းထောင်သို့ သွားရောက်ကာ အကျဉ်းသားများကို ကျန်းမာရေး စောင့်ရှောက်မှု ပေးကြောင်း သိရသည်။
Tachileik News Agency
ကျိုင်းတုံအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း (၉၉၈)ဦးအား ကုသပေးခဲ့ပြီး (၁၄၁)ဦးအား သွေးစစ်ဆေးပေးခဲ့ကြောင်း သိရသည်။
Tachileik News Agency
ဓာတ်ပုံ - Kyaing Tong Hospital