မေကြးၿမိဳ႕ရိွ ဧရာဝတီျမစ္ကူးတံတားႀကံ႕ခုိင္မႈ စစ္ေဆးခ်က္ရလဒ္ ေကာင္းမြန္ေန၍ ျပင္ဆင္ရန္ မလိုအပ္

မေကြးၿမိဳ႕ရိွ ဧရာဝတီျမစ္ကူးတံတားႀကံ႕ခုိင္မႈ စစ္ေဆးခ်က္ရလဒ္ ေကာင္းမြန္ေန၍ ျပင္ဆင္ရန္ မလိုအပ္
သြဂုတ် 28, 2018
By Tachileik News Agency

မေကြးၿမိဳ႕ရိွ ဧရာဝတီတံတားမွ P4 ႏွင့္ P 5 ၾကားသံေဘာင္မွာ ၂၀၁၈ ခုႏွစ္ ဇူလုိင္လ(၁၃)ရက္ေန႔က လႈပ္ေနသျဖင့္ သက္ဆုိင္ရာပညာရွင္မ်ားျဖင့္ တံတားအား စစ္ေဆးရာ တံတားႀကံ႕ခုိင္မႈမွာ (၉၅)ရာခုိင္ႏႈန္း ေကာင္းမြန္ေနသျဖင့္ ျပင္ဆင္ရန္ မလိုေၾကာင္း သိရသည္။

"တံတားႀကီးကို ပိတ္ၿပီးေတာ့ ျပင္ဆင္မႈ လုပ္မယ္ဆိုတာ မဟုတ္ပါဘူး။ အကယ္၍ ပိတ္ၿပီးေတာ့ ျပင္ဆင္မႈ လုပ္ရမယ္ ဆိုရင္ေတာင္ ကၽြန္ေတာ္တို႔ဌာနက ျပည္သူလူထုကို ႀကိဳတင္ အသိေပးေၾကညာၿပီးေတာ့မွ လုပ္မွာျဖစ္ပါတယ္။ ပိတ္ၿပီးေတာ့ ျပင္ဆင္မႈ လုပ္ရေလာက္ေအာင္ တံတားအေျခအေနက အႏၱရာယ္ရိွတဲ့ အေျခအေနမွာ လံုးဝမရိွပါဘူး" ဟု တံတားဦးစီးဌာန၊ တံတားအထူး(၃) ပခုကၠဴ၊ ဒုတိယညႊန္ၾကားေရးမွဴး (ၿမိဳ႕ျပ) ဦးေက်ာ္ဇင္ေထြးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ တံတားအား ေနျပည္ေတာ္ရံုးခ်ဳပ္ တံတားဦးစီးအဖဲြ႔မွ အင္ဂ်င္နီယာခ်ဳပ္ႏွင့္ ညႊန္ၾကားေရးမွဴးခ်ဳပ္မ်ား၊ JICA မွ ဂ်ပန္ပညာရွင္မ်ား ပါဝင္သည့္ အဖြဲ႕ျဖင့္ စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"တံတား ဗာတီကယ္မန္ဘာသံေဘာင္တိုင္ လႈပ္ယမ္းမႈျဖစ္တဲ့အေပၚမွာ JICA က ဂ်ပန္ပညာရွင္ေတြလည္း လာေရာက္ စစ္ေဆးပါတယ္။ အၾကမ္းဖ်င္းအားျဖင့္ တိုင္းတာစစ္ေဆးခ်က္အရ မူမမွန္တဲ့ ေလတိုးဝင္မႈေၾကာင့္ သံေဘာင္တိုင္ေတြ လႈပ္တာလို႔ ေတြ႔ရိွရပါတယ္။ ဂ်ပန္ပညာရွင္ေတြက သူတို႔ႏိုင္ငံက တံတားေတြမွာလည္း မူမမွန္တဲ့ ေလတိုးဝင္မႈေၾကာင့္ လႈပ္ယမ္းတာမ်ိဳးရိွတယ္လို႔ ေျပာပါတယ္။ အႏၱရာယ္ရိွႏိုင္တဲ့ျဖစ္စဥ္ မဟုတ္ပါဘူး"ဟု မေကြးတိုင္း လမ္းဦးစီးဌာနညႊန္ၾကားေရးမွဴး(ၿမိဳ႕ျပ)ဦးရဲမင္းေဇာ္က ေျပာသည္။

မေကြးၿမိဳ႕ရိွ ဧရာဝတီျမစ္ကူးတံတား၏ တံတားသံေဘာင္မွာ လႈပ္ယမ္းေနသည္ကို ျဖတ္သန္း သြားလာသူတစ္ဦးက ေတြ႔ရသျဖင့္ ဗီဒီယိုရိုက္ကူးကာ တံတားတာဝန္ခံထံ ေပးပို႔အေၾကာင္းၾကားသျဖင့္ တံတားအား ပညာရွင္အဖြဲ႕ျဖင့္ စစ္ေဆးမႈမ်ား ေဆာင္ရြက္ခဲ့ျခင္းျဖစ္သည္။

သတင္း/ဓါတ္ပံု - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးမြို့ရှိ ဧရာဝတီတံတားမှ P4 နှင့် P 5 ကြားသံဘောင်မှာ ၂၀၁၈ ခုနှစ် ဇူလိုင်လ(၁၃)ရက်နေ့က လှုပ်နေသဖြင့် သက်ဆိုင်ရာပညာရှင်များဖြင့် တံတားအား စစ်ဆေးရာ တံတားကြံ့ခိုင်မှုမှာ (၉၅)ရာခိုင်နှုန်း ကောင်းမွန်နေသဖြင့် ပြင်ဆင်ရန် မလိုကြောင်း သိရသည်။

"တံတားကြီးကို ပိတ်ပြီးတော့ ပြင်ဆင်မှု လုပ်မယ်ဆိုတာ မဟုတ်ပါဘူး။ အကယ်၍ ပိတ်ပြီးတော့ ပြင်ဆင်မှု လုပ်ရမယ် ဆိုရင်တောင် ကျွန်တော်တို့ဌာနက ပြည်သူလူထုကို ကြိုတင် အသိပေးကြေညာပြီးတော့မှ လုပ်မှာဖြစ်ပါတယ်။ ပိတ်ပြီးတော့ ပြင်ဆင်မှု လုပ်ရလောက်အောင် တံတားအခြေအနေက အန္တရာယ်ရှိတဲ့ အခြေအနေမှာ လုံးဝမရှိပါဘူး" ဟု တံတားဦးစီးဌာန၊ တံတားအထူး(၃) ပခုက္ကူ၊ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်ဇင်ထွေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ တံတားအား နပြေည်တော်ရုံးချုပ် တံတားဦးစီးအဖွဲ့မှ အင်ဂျင်နီယာချုပ်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ JICA မှ ဂျပန်ပညာရှင်များ ပါဝင်သည့် အဖွဲ့ဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"တံတား ဗာတီကယ်မန်ဘာသံဘောင်တိုင် လှုပ်ယမ်းမှုဖြစ်တဲ့အပေါ်မှာ JICA က ဂျပန်ပညာရှင်တွေလည်း လာရောက် စစ်ဆေးပါတယ်။ အကြမ်းဖျင်းအားဖြင့် တိုင်းတာစစ်ဆေးချက်အရ မူမမှန်တဲ့ လေတိုးဝင်မှုကြောင့် သံဘောင်တိုင်တွေ လှုပ်တာလို့ တွေ့ရှိရပါတယ်။ ဂျပန်ပညာရှင်တွေက သူတို့နိုင်ငံက တံတားတွေမှာလည်း မူမမှန်တဲ့ လေတိုးဝင်မှုကြောင့် လှုပ်ယမ်းတာမျိုးရှိတယ်လို့ ပြောပါတယ်။ အန္တရာယ်ရှိနိုင်တဲ့ဖြစ်စဉ် မဟုတ်ပါဘူး"ဟု မကွေးတိုင်း လမ်းဦးစီးဌာနညွှန်ကြားရေးမှူး(မြို့ပြ)ဦးရဲမင်းဇော်က ပြောသည်။

မကွေးမြို့ရှိ ဧရာဝတီမြစ်ကူးတံတား၏ တံတားသံဘောင်မှာ လှုပ်ယမ်းနေသည်ကို ဖြတ်သန်း သွားလာသူတစ်ဦးက တွေ့ရသဖြင့် ဗီဒီယိုရိုက်ကူးကာ တံတားတာဝန်ခံထံ ပေးပို့အကြောင်းကြားသဖြင့် တံတားအား ပညာရှင်အဖွဲ့ဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~