ထုိင္းႏုိင္ငံတြင္ တရားမဝင္ေနထုိင္မႈျဖင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသား (၆)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္း

ထုိင္းႏုိင္ငံတြင္ တရားမဝင္ေနထုိင္မႈျဖင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသား (၆)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္း
သြဂုတ် 22, 2018
By Tachileik News Agency

ထုိင္းႏုိင္ငံတြင္း တရားမဝင္ ေနထုိင္မႈျဖင့္ ဖမ္းဆီးခံထားရသည့္ ျမန္မာႏုိင္ငံသား (၆)ဦးကို ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕သို႔ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၂၂)ရက္ေန႔က လာေရာက္ လႊဲေျပာင္းေပးလာေၾကာင္း သိရသည္။

ယေန႔ လႊႊဲေျပာင္းလာသည့္ အမ်ိဳးသား(၃)ဦးႏွင့္ အမ်ိဳးသမီး(၃)ဦးကို ထုိင္းႏုိင္ငံမွ လဝကအရာရိွ Sirichai Nimnual ဦးစီးအဖြဲ႕က လာေရာက္လႊဲေျပာင္းေပးရာ ျမန္မာႏုိင္ငံဘက္မွ အလုပ္သမား လူ၀င္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အားဆုိင္ရာဌာန ဦးစီးဌာန၊၊  ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန၊ လူကုန္ကူးမွဳတုိက္ဖ်က္ေရး ရဲတပ္ဖြဲ႕ႏွင့္ ထုိင္းႏုိင္ငံမယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏွိဳင္းေရး ေကာ္မတီ (CNCMC )ေကာ္မတီ၀င္မ်ားက စိစစ္လက္ခံ ႀကိဳဆိုၾကေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ (၁)ရက္ေန႔မွ ဇူလုိင္လ (၃၁)ရက္ေန႔အထိ ထုိင္းႏုိင္ငံဘက္မွ တာခ်ီလိတ္ဘက္သို႔ လႊဲေျပာင္းလာသူဦးေရမွာ အမ်ိဳးသား (၄၃၇) ဦးႏွင့္ အမ်ိဳးသမီး (၂၀၄)ဦး၊ ကေလး (၂၂)ဦး စုစုေပါင္း (၆၆၃)ဦးရိွခဲ့ၿပီး ၾသဂုတ္လအတြင္း (၂၂)ရက္ေန႔အထိ လႊဲေျပာင္းသူဦးေရမွာ အမ်ိဳးသား(၆၇)ဦး၊ အမ်ိဳးသမီး (၂၆)ဦးႏွင့္ ကေလး(၂)ဦးရိွၿပီျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - CNCMC


~~~~~~~~⊰❂ unicode ~~~~~~~~


ထိုင်းနိုင်ငံတွင်း တရားမဝင် နေထိုင်မှုဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား (၆)ဦးကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၂)ရက်နေ့က လာရောက် လွှဲပြောင်းပေးလာကြောင်း သိရသည်။

ယနေ့ လွှဲပြောင်းလာသည့် အမျိုးသား(၃)ဦးနှင့် အမျိုးသမီး(၃)ဦးကို ထိုင်းနိုင်ငံမှ လဝကအရာရှိ Sirichai Nimnual ဦးစီးအဖွဲ့က လာရောက်လွှဲပြောင်းပေးရာ မြန်မာနိုင်ငံဘက်မှ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ (CNCMC )ကော်မတီဝင်များက စိစစ်လက်ခံ ကြိုဆိုကြကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ ဇူလိုင်လ (၃၁)ရက်နေ့အထိ ထိုင်းနိုင်ငံဘက်မှ တာချီလိတ်ဘက်သို့ လွှဲပြောင်းလာသူဦးရေမှာ အမျိုးသား (၄၃၇) ဦးနှင့် အမျိုးသမီး (၂၀၄)ဦး၊ ကလေး (၂၂)ဦး စုစုပေါင်း (၆၆၃)ဦးရှိခဲ့ပြီး သြဂုတ်လအတွင်း (၂၂)ရက်နေ့အထိ လွှဲပြောင်းသူဦးရေမှာ အမျိုးသား(၆၇)ဦး၊ အမျိုးသမီး (၂၆)ဦးနှင့် ကလေး(၂)ဦးရှိပြီဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - CNCMC

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~