မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး လူထု လှုပ်ရှားမှု အသွင်ဖြင့် စတင်ဆောင်ရွက်နေသည့် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၈)ရက်နေ့ နံနက်ပိုင်းက မြို့လယ်ရှိ ရှမ်းရိုးမကွင်းရှေ့တွင် သွေးလွန်တုပ်ကွေးကာကွယ်ရေးအသိပညာပေးဆိုင်းဘုတ်ကိုလည်း စိုက်ထူလိုက်သည်။
တာချီလိတ်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုများနေပြီး (၁)ဦးသေဆုံးခဲ့သည့် အတွက် သွေးလွန်တုပ်ကွေး ရောဂါကြိုတင်ကာကွယ်ရေး လူထုလှုပ်ရှားမှုအသွင်အဖြစ် ခရိုင်စီမံခန့်ခွဲမှုကော်မတီနှင့် ကျန်းမာရေးဌာနတို့ ဦးဆောင်ပြီး ဒေသတွင်း ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမနှင့် ကျောင်းသူကျောင်းသားများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် မြို့လူထု ပူးပေါင်းပါဝင်သည့် လှုပ်ရှားမှု အဖြစ် ဇူလိုင်လ(၂၈)ရက်နေ့မှစ၍ အပတ်စဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
တာချီလိတ်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုများနပြေီး (၁)ဦးသေဆုံးခဲ့သည့် အတွက် သွေးလွန်တုပ်ကွေး ရောဂါကြိုတင်ကာကွယ်ရေး လူထုလှုပ်ရှားမှုအသွင်အဖြစ် ခရိုင်စီမံခန့်ခွဲမှုကော်မတီနှင့် ကျန်းမာရေးဌာနတို့ ဦးဆောင်ပြီး ဒေသတွင်း ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမနှင့် ကျောင်းသူကျောင်းသားများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် မြို့လူထု ပူးပေါင်းပါဝင်သည့် လှုပ်ရှားမှု အဖြစ် ဇူလိုင်လ(၂၈)ရက်နေ့မှစ၍ အပတ်စဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း