မိုင္းတံုၿမို႕တြင္ ယာဥ္တိုက္မႈေၾကာင့္ အမ်ဳိးသမီးတစ္ဦး ေသဆံုးၿပီးေနာက္ ယာဥ္ေမာင္းထံက လက္နက္ဖမ္းဆီးရမိ

မိုင္းတံုၿမို႕တြင္ ယာဥ္တိုက္မႈေၾကာင့္ အမ်ဳိးသမီးတစ္ဦး ေသဆံုးၿပီးေနာက္ ယာဥ္ေမာင္းထံက လက္နက္ဖမ္းဆီးရမိ
ဇူလိုင် 15, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းဆတ္ခရိုင္၊ မိုင္းတုံၿမိဳ႕နယ္၊ နားေကာင္းမူေက်း႐ြာတြင္ ၂၀၁၈ ခုႏွစ္၊ ဇူလိုင္လ (၁၄) ရက္ နံနက္ (၄)နာရီခြဲအခ်ိန္တြင္ ယာဥ္တိုက္မႈေၾကာင့္ အမ်ိဳးသမီးတစ္ဦးေသဆံုးၿပီး ယာဥ္တုိက္မႈႈ ျဖစ္ပြားသည့္ယာဥ္မွ ေသနတ္တစ္လက္ႏွင့္ က်ည္ႏွစ္ေတာင့္ကို သိမ္းဆည္းရမိေၾကာင္း သိရသည္။

မိုင္းတံုၿမိဳ႕ လျပည့္ဝန္းကားဂိတ္ေရွ႕၌ အသက္ (၅၁)ႏွစ္အရြယ္ ေလာက္ေအး ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ယာဥ္သည္ အရွိန္မထိန္းႏိုင္ဘဲ တစ္ဘက္ယာဥ္ေၾကာသို႔ ေရာက္ရွိကာ မ်က္ႏွာခ်င္းဆိုင္မွ မနန္းမြန္း ေမာင္းႏွင္လာသည့္ ဆိုင္ကယ္အားတိုက္မိ၍ မနန္းမြန္းမွာ အခင္းျဖစ္ေနရာ၌ ေသဆံုး သြားေၾကာင္း သိရသည္။

အဆိုပါ ယာဥ္တိုက္မႈႏွင့္ ပတ္သက္၍ ေလာက္ေအးအား ဖမ္းဆီးစဥ္ ၎၏ခါးၾကားမွ ႏွစ္လုံးထိုး ေသနတ္ (၁)လက္ႏွင့္ က်ည္ (၂)ေတာင့္တို႔ကို သိမ္းဆည္းရမိျခင္းျဖစ္ေၾကာင္း သိရသည္။

၎အား စစ္ေမးရာ အဆိုပါေသနတ္ကို လြန္ခဲ့ေသာ (၈) ႏွစ္ ခန္႔ကတည္းက "ဝ"အထူးေဒသ(၂) ဟိုပန္ၿမိဳ႕နယ္၊ ဟို႐ြက္ေက်း႐ြာမွ တ႐ုတ္ယြမ္ (၇,၀၀၀) ျဖင့္ ဝယ္ယူကိုင္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

ေလာက္ေအးအား နားေကာင္းမူ နယ္ေျမ ရဲစခန္းတြင္ ယာဥ္(ပ)၁/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၂၇၉/၃၀၄-က (ယာဥ္မဆင္မျခင္ေမာင္းႏွင္မႈ/ ေပါ့ေလ်ာ့မႈေၾကာင့္လူေသမႈ) ႏွင့္ (ပ)၁/၂၀၁၈ ရွမ္းလက္နက္ပုဒ္မ ၁၂(က)တို႔ျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ ရွိေၾကာင္း သိရသည္။

Tachileik News Agency







~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ နားကောင်းမူကျေးရွာတွင် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၄) ရက် နံနက် (၄)နာရီခွဲအချိန်တွင် ယာဉ်တိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ယာဉ်တိုက်မှု ဖြစ်ပွားသည့်ယာဉ်မှ သေနတ်တစ်လက်နှင့် ကျည်နှစ်တောင့်ကို သိမ်းဆည်းရမိကြောင်း သိရသည်။

မိုင်းတုံမြို့ လပြည့်ဝန်းကားဂိတ်ရှေ့၌ အသက် (၅၁)နှစ်အရွယ် လောက်အေး မောင်းနှင်လာသည့် မော်တော်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တစ်ဘက်ယာဉ်ကြောသို့ ရောက်ရှိကာ မျက်နှာချင်းဆိုင်မှ မနန်းမွန်း မောင်းနှင်လာသည့် ဆိုင်ကယ်အားတိုက်မိ၍ မနန်းမွန်းမှာ အခင်းဖြစ်နေရာ၌ သေဆုံး သွားကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ လောက်အေးအား ဖမ်းဆီးစဉ်၎င်း၏ခါးကြားမှ နှစ်လုံးထိုး သေနတ် (၁)လက်နှင့် ကျည် (၂)တောင့်တို့ကို သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

၎င်းအား စစ်မေးရာ အဆိုပါသေနတ်ကို လွန်ခဲ့သော (၈) နှစ် ခန့်ကတည်းက "ဝ"အထူးဒေသ(၂) ဟိုပန်မြို့နယ်၊ ဟိုရွက်ကျေးရွာမှ တရုတ်ယွမ် (၇,ဝဝဝ) ဖြင့် ဝယ်ယူကိုင်ဆောင်နခြေင်းဖြစ်ကြောင်း သိရသည်။

လောက်အေးအား နားကောင်းမူ နယ်မြေ ရဲစခန်းတွင် ယာဉ်(ပ)၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၀၄-က (ယာဉ်မဆင်မခြင်မောင်းနှင်မှု/ ပေါ့လျော့မှုကြောင့်လူသေမှု) နှင့် (ပ)၁/၂၀၁၈ ရှမ်းလက်နက်ပုဒ်မ ၁၂(က)တို့ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~