ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ဳိင္းတံုၿမိဳ႕နယ္အတြင္းရွိ ၀မ္တာပံုပူးေပါင္းစစ္ေဆးေရးစခန္းေရွ႕ လမ္းမေပၚတြင္ အမ်ဳိးသားႏွစ္ဦး ေမာင္းနင္စီးနင္းလာသည့္ ေမာ္ေတာ္ဆိုင္ကယ္အား ရပ္တန္႔ စစ္ေဆးရွာေဖြရာက မူးယစ္ေဆး၀ါးမ်ားကို ဖမ္းဆီးရမိေၾကာင္း သိရသည္။
၀မ္တာပံုပူးေပါင္းစစ္ေဆးေရးစခန္းတြင္ တာ၀န္က်ေနသည့္ မူးယစ္တပ္ဖြဲ႔စု(၂၈)က်ဳိင္းတံုမွ တပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔၀င္မ်ား အပါအ၀င္ ပူးေပါင္းအဖြဲ႔က မူးယစ္ေဆး၀ါးသတင္းအရ ၀မ္တာပံုပူးေပါင္းစစ္ေဆးေရးစခန္းေရွ႕ လမ္းမေပၚတြင္ ၂၀၁၈ခုႏွစ္ ဇြန္လ(၁၅)ရက္ေန႔ ည(၆)နာရီ၀န္းက်င္အခ်ိန္က ေစာင့္ဆိုင္းကာ စစ္ေဆးမႈမ်ား ျပဳလုပ္ေနစဥ္ မိုင္းခတ္ၿမိဳ႕ဘက္မွ က်ဳိင္းတံုၿမိဳ႕တြင္း ဘက္သို႔ အိုက္ဆမ္လြတ္ ေမာင္းႏွင္ၿပီး အိုက္ေပါက္ လိုက္ပါလာသည့္ ေမာ္ေတာ္ဆိုင္ကယ္အား ရပ္တန္႔ စစ္ေဆးရွာေဖြရာက မူးယစ္ေဆး၀ါးမ်ားကို ဖမ္းဆီးရမိျခင္း ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ပူးေပါင္းအဖြဲ႔က ရွာေဖြမႈမ်ား ျပဳလုပ္ရာတြင္ ဆိုင္ကယ္အေနာက္တြင္ လုိက္ပါလာသည့္ အိုက္ေပါက္ ထံက Wy စာတမ္းပါ လိေမၼာ္ေရာ္စိတ္ၾကြေဆးျပား (၇၇)ျပား ႏွင့္ အေလးခ်ိန္(၁၂၀)ဂရမ္၀န္းက်င္ရွိသည့္ ဘိန္းစိမ္းအမဲေရာင္အေစးမ်ားကို ေတြ႔ရွိရ၍ ရွာေဖြပံုစံျဖင့္ သိမ္းဆည္းခဲ့ၾကေၾကာင္း သိရသည္။
ဆက္လက္၍ မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ၎တို႔ ႏွစ္ဦးအား က်ဳိင္းတံုၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၉၁/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)ျဖင့္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။
ဝမ်တာပုံပူးပေါင်းစစ်ဆေးရေးစခန်းတွင် တာဝန်ကျနေသည့် မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ အပါအဝင် ပူးပေါင်းအဖွဲ့က မူးယစ်ဆေးဝါးသတင်းအရ ဝမ်တာပုံပူးပေါင်းစစ်ဆေးရေးစခန်းရှေ့ လမ်းမပေါ်တွင် ၂၀၁၈ခုနှစ် ဇွန်လ(၁၅)ရက်နေ့ ည(၆)နာရီဝန်းကျင်အချိန်က စောင့်ဆိုင်းကာ စစ်ဆေးမှုများ ပြုလုပ်နေစဉ် မိုင်းခတ်မြို့ဘက်မှ ကျိုင်းတုံမြို့တွင်း ဘက်သို့ အိုက်ဆမ်လွတ် မောင်းနှင်ပြီး အိုက်ပေါက် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရှာဖွေရာက မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပူးပေါင်းအဖွဲ့က ရှာဖွေမှုများ ပြုလုပ်ရာတွင် ဆိုင်ကယ်အနောက်တွင် လိုက်ပါလာသည့် အိုက်ပေါက် ထံက Wy စာတမ်းပါ လိမ္မော်ရော်စိတ်ကြွဆေးပြား (၇၇)ပြား နှင့် အလေးချိန်(၁၂၀)ဂရမ်ဝန်းကျင်ရှိသည့် ဘိန်းစိမ်းအမဲရောင်အစေးများကို တွေ့ရှိရ၍ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့်၎င်းတို့ နှစ်ဦးအား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ)၉၁/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
သတင်း - ငြိမ်းချမ်း(ပြည်)