ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ လွယ်လုံကျေးရွာအုပ်စုအတွင်း ၀မ်ပျဲန်ရွာ နှင့် ၀မ်ပေါက်ရွာအသွားလမ်းတွင် ဆိုင်ကယ်မောင်းလာသည့် အမျိုးသားနှစ်ဦးထံက မူးယစ်ဆေးဝါးများကို ဇွန်လ(၁၆)ရက်နေ့ ညနေပိုင်းက ဖမ်းဆီးရမိကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်၊ လွယ်လုံကျေးရွာအုပ်စုအတွင်း ၀မ်ပျဲန်ရွာ နှင့် ၀မ်ပေါက်ရွာအသွားလမ်းရှိ ၀မ်ပျဲန်ရွာ မူလွန်ကျောင်းဘေးလမ်းမပေါ်တွင် မူးယစ်ဆေးဝါးသတင်းအရ ၂၀၁၈ခုနှစ် ဇွန်လ(၁၆)ရက်နေ့ ညနေ(၅)နာရီခွဲ ၀န်းကျင်အချိန်က မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့တို့မှ စောင့်ဆိုင်းနေကြစဉ် ၀မ်ပေါက်ရွာဘက်မှ ကျော်လှ ဆိုသူသည် ဆိုင်ကယ်ဖြင့် မောင်း၍ လာစဉ် ၎င်းအား ရပ်တန့်စစ်ဆေးရှာဖွေရာက မူးယစ်ဆေးဝါးများကို တွေ့ရှိ သိမ်းဆည်းကာ ဖမ်းဆီးရမိ၍ အမှုဖွင့် အရေးယူလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်၊ လွယ်လုံကျေးရွာအုပ်စုအတွင်း ဝမ်ပျဲန်ရွာ နှင့် ဝမ်ပေါက်ရွာအသွားလမ်းရှိ ဝမ်ပျဲန်ရွာ မူလွန်ကျောင်းဘေးလမ်းမပေါ်တွင် မူးယစ်ဆေးဝါးသတင်းအရ ၂၀၁၈ခုနှစ် ဇွန်လ(၁၆)ရက်နေ့ ညနေ(၅)နာရီခွဲ ဝန်းကျင်အချိန်က မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့တို့မှ စောင့်ဆိုင်းနကြေစဉ် ဝမ်ပေါက်ရွာဘက်မှ ကျော်လှ ဆိုသူသည် ဆိုင်ကယ်ဖြင့် မောင်း၍ လာစဉ်၎င်းအား ရပ်တန့်စစ်ဆေးရှာဖွေရာက မူးယစ်ဆေးဝါးများကို တွေ့ရှိ သိမ်းဆည်းကာ ဖမ်းဆီးရမိ၍ အမှုဖွင့် အရေးယူလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပူးပေါင်းအဖွဲ့က ရှာဖွေမှုများ ပြုလုပ်ရာတွင် ကျော်လှထံမှ Wy စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း (၄၁၃)ပြားကို ရှာဖွေတွေ့ရှိရသည့်အတွက်၎င်းအား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ)၉၂/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ယင်းအပြင် မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့သည် ဇွန်လ(၁၆)ရက်နေ့ ညနေ(၅း၄၅)နာရီဝန်းကျင် အချိန်တွင် အဆိုပါ ကျေးရွာရှိ လမ်းပေါ်တွင် ဝမ်ပေါက်ရွာဘက်မှ အားချို မောင်းလာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာက အလေးချိန်(ဝ.၂)ဂရမ်ဝန်းကျင်ရှိ ဘိန်းဖြူအမှုန့်အား တွေ့ရှိရသည့်အတွက် အားချိုအား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ)၉၃/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။
သတင်း - ငြိမ်းချမ်း(ပြည်)