ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံု - ေတာင္ႀကီးလမ္း၊ ေတာင္ေျခရြာအနီး မိုင္တုိင္အမွတ္ (၅၈၈/ ၅၈၉)တြင္ ကုန္တင္ယာဥ္တစ္စီး တိမ္းေမွာက္မႈျဖစ္ပြားၿပီး ယာဥ္ေပၚလုိက္ပါလာသူ တစ္ဦး ဒဏ္ရာရသြားသျဖင့္ ယာဥ္ေမာင္းျဖစ္သူအား က်ိဳင္းတံုၿမိဳ႕မရဲစခန္း၌ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။
က်ိဳင္းတံုဘက္မွ ေတာင္ႀကီးဘက္သို႔ ေမာင္းႏွင္လာသည့္ (၁၈)ဘီးကုန္တင္ယာဥ္တစ္စီးသည္ ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၂၄)ရက္ေန႔ ေန႔လယ္ (၁၁)နာရီဝန္းက်င္က အရွိန္မထိန္းႏုိင္ဘဲ လမ္းေဘးသို႔တိမ္းေမွာက္သြားခဲ့ရာ ယာဥ္ေပၚတြင္ လုိက္ပါလာသည့္ အမ်ိဳးသားတစ္ဦး ဒဏ္ရာအနည္းငယ္ရသြားၿပီး ယာဥ္ေမာင္း ထိခုိက္ဒဏ္ရာ မရေၾကာင္း သိရသည္။
အဆိုပါ ယာဥ္တိမ္းေမွာက္မႈႏွင့္ပတ္သက္၍ ယာဥ္ေမာင္း ေအာင္ထက္လင္းအား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ) ၃၁/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၂၇၉/၃၃၇ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။
သတင္း - ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - Sai Thaungsein
ကျိုင်းတုံဘက်မှ တောင်ကြီးဘက်သို့ မောင်းနှင်လာသည့် (၁၈)ဘီးကုန်တင်ယာဉ်တစ်စီးသည် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၄)ရက်နေ့ နေ့လယ် (၁၁)နာရီဝန်းကျင်က အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့တိမ်းမှောက်သွားခဲ့ရာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသားတစ်ဦး ဒဏ်ရာအနည်းငယ်ရသွားပြီး ယာဉ်မောင်း ထိခိုက်ဒဏ်ရာ မရကြောင်း သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ ယာဉ်မောင်း အောင်ထက်လင်းအား ကျိုင်းတုံမြို့မရဲစခန်းတွင် ယာဉ်(ပ) ၃၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - Sai Thaungsein