ထိုင်းနိုင်ငံမှ အလိုရှိနေပြီး ငွေကြေးခ၀ါချမှု နှင့် မူးယစ်ဆေးဝါးအမှုတို့ဖြင့် တိမ်းရှောင်လာသူ ထိုင်းနိုင်ငံသားအား တာချီလိတ်တွင် ဖမ်းဆီးရမိ၊ အထောက်အထားမပါပဲ အိမ်ခန်းငှားပေးသူကိုပါ ပူးတွဲ အရေးယူ

ထိုင်းနိုင်ငံမှ အလိုရှိနေပြီး ငွေကြေးခ၀ါချမှု နှင့် မူးယစ်ဆေးဝါးအမှုတို့ဖြင့် တိမ်းရှောင်လာသူ ထိုင်းနိုင်ငံသားအား တာချီလိတ်တွင် ဖမ်းဆီးရမိ၊ အထောက်အထားမပါပဲ အိမ်ခန်းငှားပေးသူကိုပါ ပူးတွဲ အရေးယူ
ဇှနျ 1, 2018
By Tachileik News Agency




ထိုင်းဘက်မှ အလိုရှိနေပြီး ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသားသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နေထိုင်သူ ဖြစ်ကြောင်း သိရသည်။


မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်တွင် အထောက်အထားမဲ့ နိုင်ငံခြားသားများအား နေအိမ် အခန်းငှားရမ်း ပေးခြင်းများ ပြုလုပ်ပါက နေအိမ်အခန်းငှားပေးသူအား လ၀က ဥပဒေဖြင့် အရေးယူဆောင်ရွက်လေ့ရှိကြောင်း သိရှိရသည်။

သတင်း - စိုင်းဇေယျာ
ဓါတ်ပုံ - ရဲတပ်ဖွဲ့


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံအတွင်း ငွေကြေးခဝါချမှု၊ မူးယစ်ဆေးဝါးအမှုတို့ဖြင့် မြန်မာနိုင်ငံ တာချီလိတ်ဘက်သို့ တိမ်းရှောင် လာသူ တရားခံပြေးအား တာချီလိတ်မြို့ရှိ နေအိမ် အခန်းငှါးတစ်ခုတွင် မေလ(၃၁)ရက်နေ့ ညပိုင်းက မူးယစ်ရဲတပ်ဖွဲ့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိပြီး အထောက်အထားမဲ့ နေအိမ်အခန်း ငှါးပေးသူကိုပါ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း ငွေကြေးခဝါချမှု၊ မူးယစ်ဆေးဝါးအမှုတို့ဖြင့် မြန်မာနိုင်ငံဘက်သို့ တိမ်းရှောင်လာသူအား ကူညီစုံစမ်း ဖမ်းဆီးပေးရန် အတွက် ထိုင်းဘက်မှ အကူအညီတောင်းကာ သတင်းဖလှယ် ဆက်သွယ် ပေးပို့ထားရှိသည့် ထိုင်းနိုင်ငံသား တရားခံ အသက်(၄၂)နှစ် ဝန်းကျင်ရှိ မစ္စတာ ကျလွန် (ခ) ဝိုင်(ခ) ကော့ကိတိဖွန်ဖာနိသည် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(တွင်း)ရွာရှိ နေအိမ် အခန်းငှါး၏ အခန်းနံပါတ် (၁)တွင် တည်းခိုနေထိုင်ကြောင်း သတင်းရရှိသည့်အတွက် ၂၀၁၈ခုနှစ် မေလ(၃၁)ရက်နေ့ ည(၁၁)နာရီကျော်က မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့မှ သွားရောက်ကာ ဝင်ရောက်စီးနင်း ရှာဖွေရာမှ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့မှ အဆိုပါ နေအိမ်အား ဝင်ရောက်စီးနင်း ရှာဖွေရာတွင် နေအိမ်အခန်းအတွင်း၌၎င်းအား တွေ့ရှိရပြီး အခန်းအတွင်း ဆက်လက် ရှာဖွေမှုများ ပြုလုပ်ရာ ထိုင်းဘတ်ငွေ (၄၂)သိန်း၊ မြန်မာကျပ်ငွေ (၈၄၄,၅၀၀၀)၊ လက်ကိုင်ဖုန်း (၇)လုံး၊ လက်တော့ပ် ကွန်ပျူတာ (၁)လုံး၊ iPad (၁)လုံး နှင့် ရွှေထည် ပစ္စည်း (၃၈၄)ဂရမ်ဝန်းကျင် နှင့် အခန်းရှေ့တွင် Alphard အမျိုးအစား မော်တော်ယာဉ် (၁)စီးတို့အား ရှာဖွေ တွေ့ရှိရ၍၎င်းနှင့်အတူ ဖမ်းဆီးသိမ်းဆည်းခဲ့ကြကြောင်း သိရသည်။

ထိုင်းဘက်မှ အလိုရှိနပြေီး ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသားသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နေထိုင်သူ ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသား မစ္စတာ ကျလွန် (ခ) ဝိုင်(ခ) ကော့ကိတိဖွန်ဖာနိအား အထောက်အထား မပါဘဲ အခန်းလက်ခံ ငှါးရမ်းပေးခဲ့သည့် အခန်းငှါးတာဝန်ခံဖြစ်သူ လောတာ အပါအဝင်၎င်းတို့ နှစ်ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၁၆၅/၂၀၁၈၊ လူဝင်မှုကြီးကြပ်ရေး လတ်တလော ပြဋ္ဌာန်းထားသည့် အက်ဥပဒေပုဒ်မ ၁၃(၁)/၁၃(၅)ဖြင့် လည်းကောင်း၊ (ပ)၁၆၈/၂၀၁၈၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၂ အရ လည်းကောင်း အမှုဖွင့်အရေးယူ ဆောင်ရွက် ထားရှိကြောင်း သိရသည်။

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်တွင် အထောက်အထားမဲ့ နိုင်ငံခြားသားများအား နေအိမ် အခန်းငှါးရမ်း ပေးခြင်းများ ပြုလုပ်ပါက နေအိမ်အခန်းငှါးပေးသူအား လဝက ဥပဒဖြေင့် အရေးယူဆောင်ရွက်လေ့ရှိကြောင်း သိရှိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~