ေတာင္တြင္းႀကီး - နတ္ေမာက္လမ္းပိုင္းမွ ေရႊပန္းပင္ေခ်ာင္းေရေက်ာ္တံတား ယာယီလမ္းလႊဲ ေဖာက္လုပ္ၿပီးျဖစ္၍ ယာဥ္ငယ္မ်ား ျဖတ္သန္းသြားလာႏုိင္ၿပီ

ေတာင္တြင္းႀကီး - နတ္ေမာက္လမ္းပိုင္းမွ ေရႊပန္းပင္ေခ်ာင္းေရေက်ာ္တံတား ယာယီလမ္းလႊဲ ေဖာက္လုပ္ၿပီးျဖစ္၍ ယာဥ္ငယ္မ်ား ျဖတ္သန္းသြားလာႏုိင္ၿပီ
ဇွန် 1, 2018
By Tachileik News Agency

မေကြးတုိင္းေဒသႀကီး ၿမိဳ႕သစ္ၿမိဳ႕နယ္ ေတာင္တြင္းႀကီး - နတ္ေမာက္လမ္းပိုင္းရိွ ေရႊပန္းပင္ေခ်ာင္း ေရေက်ာ္ တံတားမွာ ေမလ (၃၀) ရက္ေန႔က မုန္တိုင္းမိုးေၾကာင့္ ပ်က္စီးသြားခဲ့သျဖင့္ ယာယီလမ္းလဲႊ ေဖာက္လုပ္ေပးေနရာ ေမလ (၃၁)ရက္ေန႔မွစ၍ ယာဥ္ငယ္မ်ား ျဖတ္သန္းသြားလာႏုိင္ၿပီျဖစ္ေၾကာင္း သိရသည္။

ယာယီလမ္းလႊဲအား ေမလ (၃၁) ရက္ေန႔ ညေန (၆) နာရီအခ်ိန္တြင္ ေဆာက္လုပ္ၿပီးစီးခဲ့ျခင္းျဖစ္ကာ ကုန္ကားႀကီးမ်ား အသံုးျပဳ၍ မရေသးဘဲ ယာဥ္ငယ္မ်ားသာ အသံုးျပဳႏုိင္ၿပီး သံေဘလီတံတားကို ရက္ပိုင္းအတြင္း ၿပီးစီးေအာင္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"တန္(၅၀)ခန္႔ ခံနိုင္ရည္ရွိတဲ့ သံေဘလီတံတားကို ေနျပည္ေတာ္တံတားတည္ေဆာက္ေရးအဖြဲ႔နဲ႔ပူးေပါင္းၿပီး ရက္ပိုင္းအတြင္း ၿပီးစီးေအာင္ေဆာက္လုပ္သြားမွာပါ"ဟု တုိင္းေဒသႀကီး ေဆာက္လုပ္ေရးဝန္ႀကီး ဦးတင္ႏြယ္ဦးက ေျပာသည္။

မေကြးတိုင္းေဒသႀကီး၊ ၿမိဳ႕သစ္ၿမိဳ႕နယ္အတြင္း ေမလ (၂၉)ရက္ေန႔ ည (၇) နာရီအခ်ိန္မွစတင္၍ ရြာသြန္း ခဲ့သည့္ မုန္တိုင္းမိုးေၾကာင့္ ၿမိဳ႕သစ္ၿမိဳ႕နယ္အတြင္းရွိ ေခ်ာင္းေရလွ်ံခ့ဲၿပီးေနာက္ ေမလ(၃၀) ရက္ ညေန(၄) နာရီ (၄၀)မိနစ္ အခ်ိန္ခန္႔တြင္ ေတာင္တြင္းႀကီး - နတ္ေမာက္လမ္းေပၚရိွ ေရႊပန္းပင္ေခ်ာင္း ေရေက်ာ္တံတားမွာ ယာဥ္မ်ားျဖတ္သန္းေနခိုက္ ၿပိဳက်ပ်က္စီးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေရႊပန္းပင္ေခ်ာင္း ေရေက်ာ္တံတားမွာအက်ယ္ (၂၄)ေပ၊ အလ်ားအရွည္ ေပ(၁၅၀)ရွိၿပီး ေက်ာက္ရိုးစီ ကြန္ကရစ္ ၾကမ္းခင္းေရေက်ာ္တံတားျဖစ္ၿပီး အဆိုပါေဒသႏွင့္ ရန္ကုန္၊ မႏၱေလးသို႔ ဆက္သြယ္ရာတြင္ အမ်ားစုအသံုးျပဳေနသည့္လမ္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ တံတားပ်က္စီးမႈအေျခအေနအား မေကြးတိုင္းေဒသႀကီး ေဆာက္လုပ္ေရးဝန္ႀကီး ဦးတင္ႏြယ္ဦးႏွင့္ လမ္းဦးစီးဌာနမွ တာဝန္ရိွသူမ်ား၊ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန္းေဆြ၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးဟိန္းသူဝင္းႏွင့္ ဌာနဆိုင္ရာဝန္ထမ္းမ်ားက ေမ (၃၁) ရက္ေန႔ ေန႔လယ္ပိုင္းတြင္ သြားေရာက္ စစ္ေဆးခဲ့ၿပီးေနာက္ ယာယီလမ္းလႊႊဲေဖါက္လုပ္ေစခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္
ဓာတ္ပံု - လိႈင္ဘြား



~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် တောင်တွင်းကြီး - နတ်မောက်လမ်းပိုင်းရှိ ရွှေပန်းပင်ချောင်း ရေကျော် တံတားမှာ မေလ (၃၀) ရက်နေ့က မုန်တိုင်းမိုးကြောင့် ပျက်စီးသွားခဲ့သဖြင့် ယာယီလမ်းလွှဲ ဖောက်လုပ်ပေးနေရာ မေလ (၃၁)ရက်နေ့မှစ၍ ယာဉ်ငယ်များ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

ယာယီလမ်းလွှဲအား မေလ (၃၁) ရက်နေ့ ညနေ (၆) နာရီအချိန်တွင် ဆောက်လုပ်ပြီးစီးခဲ့ခြင်းဖြစ်ကာ ကုန်ကားကြီးများ အသုံးပြု၍ မရသေးဘဲ ယာဉ်ငယ်များသာ အသုံးပြုနိုင်ပြီး သံဘေလီတံတားကို ရက်ပိုင်းအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"တန်(၅၀)ခန့် ခံနိုင်ရည်ရှိတဲ့ သံဘေလီတံတားကို နပြေည်တော်တံတားတည်ဆောက်ရေးအဖွဲ့နဲ့ပူးပေါင်းပြီး ရက်ပိုင်းအတွင်း ပြီးစီးအောင်ဆောက်လုပ်သွားမှာပါ"ဟု တိုင်းဒေသကြီး ဆောက်လုပ်ရေးဝန်ကြီး ဦးတင်နွယ်ဦးက ပြောသည်။

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်း မေလ (၂၉)ရက်နေ့ ည (၇) နာရီအချိန်မှစတင်၍ ရွာသွန်း ခဲ့သည့် မုန်တိုင်းမိုးကြောင့် မြို့သစ်မြို့နယ်အတွင်းရှိ ချောင်းရေလျှံခဲ့ပြီးနောက် မေလ(၃၀) ရက် ညနေ(၄) နာရီ (၄၀)မိနစ် အချိန်ခန့်တွင် တောင်တွင်းကြီး - နတ်မောက်လမ်းပေါ်ရှိ ရွှေပန်းပင်ချောင်း ရေကျော်တံတားမှာ ယာဉ်များဖြတ်သန်းနေခိုက် ပြိုကျပျက်စီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရွှေပန်းပင်ချောင်း ရေကျော်တံတားမှာအကျယ် (၂၄)ပေ၊ အလျားအရှည် ပေ(၁၅၀)ရှိပြီး ကျောက်ရိုးစီ ကွန်ကရစ် ကြမ်းခင်းရေကျော်တံတားဖြစ်ပြီး အဆိုပါဒေသနှင့် ရန်ကုန်၊ မန္တလေးသို့ ဆက်သွယ်ရာတွင် အများစုအသုံးပြုနေသည့်လမ်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တံတားပျက်စီးမှုအခြေအနေအား မကွေးတိုင်းဒေသကြီး ဆောက်လုပ်ရေးဝန်ကြီး ဦးတင်နွယ်ဦးနှင့် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများက မေ (၃၁) ရက်နေ့ နေ့လယ်ပိုင်းတွင် သွားရောက် စစ်ဆေးခဲ့ပြီးနောက် ယာယီလမ်းလွှဲဖောက်လုပ်စေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - လှိုင်ဘွား

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~