မိုးရွာသွန်းမှုများကြောင့် အဖက်ဖက်မှ စီးဝင်လာနေသော လှိုဏ်ဂူအတွင်းမှ ရေများကို ယနေ့ ဇွန်လ(၂၆)ရက်နေ့ ညနေပိုင်းက စုပ်ထုတ်နေလျက်ရှိပြီး တစ်နာရီလျှင် ရေလီတာ(၅၀၀၀၀)ဝန်းကျင်အထိ ထုတ်ယူနိုင်မည်ဟု ခန့်မှန်းထားပါတယ်။
မြန်မာ - ထိုင်းနယ်စပ်၊ ထိုင်းနိုင်ငံ(မြောက်ပိုင်း)၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့၊ ပုံဖာရပ်ကွက်ရှိ ဒွိုင်းနန်းနွန်းတောင်ခြေ အနီး ဇွန်လ (၂၃)ရက်နေ့ ကတည်းက လူငယ်(၁၃)ဦး ပိတ်မိနေသည့် ဂူအတွင်း ရှာဖွေကယ်ဆယ်မှု လုပ်ငန်းများကို နည်းလမ်းများစွာဖြင့် ဇွန်လ(၂၃)ရက်နေ့ ညပိုင်းကတည်းကစ၍ ယနေ့ ဇွန်လ(၂၇)ရက်နေ့ ထိုင်းစံတော်ချိန် ညနေ(၆)နာရီကျော်အထိ ရှာဖွေမှုများ ပြုလုပ်နေလျက်ရှိရာ လူငယ်(၁၃)ဦးအား ရှာဖွေတွေ့ရှိရခြင်း မရှိသေးသဖြင့် ရှာဖွေကယ်ဆယ်မှုများကို ဆက်လက်လုပ်ဆောင်နေလျက်ရှိသည်။