မုိင္းပ်ဥ္းၿမိဳ႕တြင္ ေနအိမ္သို႔ ခိုးဝင္လာသည့္ အိမ္ေျခမဲ့တစ္ဦးကို အရူးဟု ေျပာသည့္ အိမ္ရွင္ ဓါးရွည္ျဖင့္ ခုတ္ခံရ

မုိင္းပ်ဥ္းၿမိဳ႕တြင္ ေနအိမ္သို႔ ခိုးဝင္လာသည့္ အိမ္ေျခမဲ့တစ္ဦးကို အရူးဟု ေျပာသည့္ အိမ္ရွင္ ဓါးရွည္ျဖင့္ ခုတ္ခံရ
ဇွန် 23, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ က်ဳိင္းတံုခရိုင္၊ မိုင္းပ်ဥ္းၿမိဳ႕၊ ပိန္းဆန္းရပ္ကြက္၊ ဝမ္မုိင္ကြက္သစ္ရိွ ေနအိမ္ တစ္လံုးတြင္ ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၂၃)ရက္ေန႔ နံနက္(၁)နာရီဝန္းက်င္က  မီးဖိုခန္းထဲ ဝင္လာသည့္ အိမ္ေျခမဲ့တစ္ဦးအား အိမ္ရွင္ျဖစ္သူမွ အရူးဟု ေျပာလိုက္သည့္ အတြက္  အိမ္ေျခမဲ့မွာ အိမ္ရွင္ အမ်ဳိးသားအား ဓါးျဖင့္ခုတ္၍ ထြက္ေျပးသြားေၾကာင္း သိရသည္။

ဝမ္မုိင္ကြက္သစ္ရိွ ဦးအုိက္မွဴး(ခ) က်မွဴးတာႏွင့္ ေဒၚအီဆာလိတ္တို႔ ေနအိမ္တြင္ နံနက္ (၁)နာရီဝန္းက်င္က မီးဖိုခန္း အတြင္း ရပ္ကြက္ထဲမွ အိမ္ေျခမဲ့ သြားလာေနသူ ေလာက်င္ ဆိုသူ အမ်ဳိးသား တစ္ဦး ၀င္ေရာက္ေနၿပီး ထမင္းေပါင္းအိုးထဲမွ ထမင္းအား စားရန္ ျပင္ဆင္ေနသည္ကို ေတြ႔ရသျဖင့္ "အရူး ေရာက္ေနတယ္"ဟု ေျပာဆိုရာ ေလာက်င္က "ငါအရူး မဟုတ္ဘူး"ဟု ဆိုကာ အိမ္ရွင္ အုိက္မွဴး(ခ)က်မွဴးတာအား ဓါးရွည္ျဖင့္ ခုတ္၍ ထြက္ေျပးသြားေၾကာင္း သိရသည္။

ဦးေခါင္းတြင္ ဒဏ္ရာရသြားသည့္ ဦးအုိက္မွဴး(ခ)က်မွဴးတာကို မိုင္းပ်ဥ္းၿမိဳ႕နယ္ျပည္သူ႔ေဆးရံုသို႔ အိမ္နီးခ်င္းမ်ား၏ အကူအညီျဖင့္ ပို႔ေဆာင္ခဲ့ၿပီး ဒဏ္ရာမွာ မစိုးရိမ္ရေၾကာင္း သိရသည္။

ဓါးျဖင့္ ခုတ္ၿပီး ထြက္ေျပး လြတ္ေျမာက္ေနသည့္ ေလာက်င္းအား မိုင္းပ်ဥ္းၿမိဳ႕မရဲစခန္းတြင္ (ပ) ၅/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၄၅၂/၃၂၆ ျဖင့္ အမႈဖြင့္ထားၿပီး ဖမ္းဆီးရမိေရးအတြက္ ေဆာင္ရြက္ေနေၾကာင္း သိရွိရသည္။

သတင္း -  ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု -  ရဲတပ္ဖြဲ႕


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ ပိန်းဆန်းရပ်ကွက်၊ ဝမ်မိုင်ကွက်သစ်ရှိ နေအိမ် တစ်လုံးတွင် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၃)ရက်နေ့ နံနက်(၁)နာရီဝန်းကျင်က မီးဖိုခန်းထဲ ဝင်လာသည့် အိမ်ခြေမဲ့တစ်ဦးအား အိမ်ရှင်ဖြစ်သူမှ အရူးဟု ပြောလိုက်သည့် အတွက် အိမ်ခြေမဲ့မှာ အိမ်ရှင် အမျိုးသားအား ဓားဖြင့်ခုတ်၍ ထွက်ပြေးသွားကြောင်း သိရသည်။

ဝမ်မိုင်ကွက်သစ်ရှိ ဦးအိုက်မှူး(ခ) ကျမှူးတာနှင့် ဒေါ်အီဆာလိတ်တို့ နေအိမ်တွင် နံနက် (၁)နာရီဝန်းကျင်က မီးဖိုခန်း အတွင်း ရပ်ကွက်ထဲမှ အိမ်ခြေမဲ့ သွားလာနေသူ လောကျင် ဆိုသူ အမျိုးသား တစ်ဦး ဝင်ရောက်နပြေီး ထမင်းပေါင်းအိုးထဲမှ ထမင်းအား စားရန် ပြင်ဆင်နေသည်ကို တွေ့ရသဖြင့် "အရူး ရောက်နေတယ်"ဟု ပြောဆိုရာ လောကျင်က "ငါအရူး မဟုတ်ဘူး"ဟု ဆိုကာ အိမ်ရှင် အိုက်မှူး(ခ)ကျမှူးတာအား ဓားရှည်ဖြင့် ခုတ်၍ ထွက်ပြေးသွားကြောင်း သိရသည်။

ဦးခေါင်းတွင် ဒဏ်ရာရသွားသည့် ဦးအိုက်မှူး(ခ)ကျမှူးတာကို မိုင်းပျဉ်းမြို့နယ်ပြည်သူ့ဆေးရုံသို့ အိမ်နီးချင်းများ၏ အကူအညီဖြင့် ပို့ဆောင်ခဲ့ပြီး ဒဏ်ရာမှာ မစိုးရိမ်ရကြောင်း သိရသည်။

ဓားဖြင့် ခုတ်ပြီး ထွက်ပြေး လွတ်မြောက်နေသည့် လောကျင်းအား မိုင်းပျဉ်းမြို့မရဲစခန်းတွင် (ပ) ၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၅၂/၃၂၆ ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေကြောင်း သိရှိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~