မတရားအသင်းနှင့် အကြမ်းဖက်သူများအဖြစ် သတ်မှတ်ခံထားရသည့် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (National Government of the Union of Burma-NCGUB) အဖွဲ့နှင့် အဖွဲ့ဝင်များကို ၂၀၁၈ ခုနှစ် ဇွန်လ (၈)ရက်နေ့မှစ၍ အဆိုပါ သတ်မှတ်ချက်များမှ ပယ်ဖျက်လိုက်သည်။
အဆိုပါ အဖွဲ့အား မတရားအသင်းများ အက်ဥပဒေအရ မတရားအသင်းအဖြစ်မှ ပယ်ဖျက်ခြင်းကို ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ်(၃/၂၀၁၈)ဖြင့်လည်းကောင်း၊ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရ အကြမ်းဖက်သူများအဖြစ်မှ ပယ်ဖျက်ခြင်းကို ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ်(၄/၂၀၁၈)ဖြင့် လည်းကောင်း ဇွန်လ(၈)ရက်နေ့တွင် ထုတ်ပြန်ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။