တာချီလိတ်ခရိုင်အတွင်း (၅)ကြိမ်မြောက်အဖြစ် ပြည်သူ့စကားဝိုင်းအား မိုင်းဖြတ်မြို့တွင် လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့် ကျင်းပ

တာချီလိတ်ခရိုင်အတွင်း (၅)ကြိမ်မြောက်အဖြစ် ပြည်သူ့စကားဝိုင်းအား မိုင်းဖြတ်မြို့တွင် လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့် ကျင်းပ
ဇှနျ 15, 2018
By Tachileik News Agency


ဆွေးနွေးပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်က ဒေသဖွံ့ဖြိုးဖို့ မူးယစ်ဆေးဝါးကို တိုက်ဖျက်စို့ ဟူသည့် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က လူငယ်များ မူးယစ်ဆေးဝါးကင်းစင်ဖို့ ဘိန်းအစားထိုးသီးနှံစိုက်ပျိုးပေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်နိုင်က လူငယ်များနှင့် မူးယစ်ဆေးဝါးပြဿနာ စသည်ဖြင့်လည်းကောင်း ၊ မြို့နယ်ဥပဒေအရာရှိ ဦးစိုးထက်အောင်အောင် မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေနှင့် ပြစ်မှုပြစ်ဒဏ်များကို လည်းကောင်း၊ စာပေပညာရှင် ဦးကျော်ဆွေဦး(ဝတီနွယ်)က လူငယ်ဘဝဖွံ့ဖြိုးဖို့ မူးယစ်ဆေးဝါးကို တိုက်ဖျက်စို့ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်မျိုးနိုင်က လူငယ်ဘဝဖွံဖြိုးရေး စာပေ အသိပညာမြှင့်တင်ပေး ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာသည့် မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ ၊ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များက သိရှိလိုသည့်အချက်များကို မေးမြန်း ဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ပြန်လည် ဆွေးနွေးဖြေကြားခဲ့ကြသည်။


တာချီလိတ်ခရိုင်တစ်ခုလုံး အနေဖြင့် တာချီလိတ်မြို့တွင် မြို့ပေါ်၌ (၁)ကြိမ်၊ ကျေးရွာ၌ (၁)ကြိမ် စုစုပေါင်း (၂)ကြိမ်ကျင်းပခဲ့ပြီး မိုင်းယောင်း၊ မိုင်းယုမြို့တွင် တစ်ကြိမ်စီကျင်းပခဲ့ပြီးဖြစ်ရာ စုစုပေါင်း (၄)ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး ယနေ့ မိုင်းဖြတ်မြို့တွင် ကျင်းပပြုလုပ်ပြီးသည့် ပြည်သူ့စကားဝိုင်း အပါအ၀င် စုစုပေါင်း (၅)ကြိမ်မြောက်ဖြစ်ကာ ဆက်လက်၍ ပြည်သူ့စကားဝိုင်းများအား တာလေ နှင့် ကျိုင်းလပ်မြို့များတွင်လည်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း/ဓါတ်ပုံ - ကိုသာ




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက စီစဉ်ကျင်းပသည့် လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၅) ရက်နေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်အုပ်ချုပ်ရေးမှုးရုံးရှိ ခန်းမဆောင်၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်က ဒေသဖွံ့ဖြိုးဖို့ မူးယစ်ဆေးဝါးကို တိုက်ဖျက်စို့ ဟူသည့် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က လူငယ်များ မူးယစ်ဆေးဝါးကင်းစင်ဖို့ ဘိန်းအစားထိုးသီးနှံစိုက်ပျိုးပေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်နိုင်က လူငယ်များနှင့် မူးယစ်ဆေးဝါးပြဿနာ စသည်ဖြင့်လည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးစိုးထက်အောင်အောင် မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေနှင့် ပြစ်မှုပြစ်ဒဏ်များကို လည်းကောင်း၊ စာပေပညာရှင် ဦးကျော်ဆွေဦး(ဝတီနွယ်)က လူငယ်ဘဝဖွံ့ဖြိုးဖို့ မူးယစ်ဆေးဝါးကို တိုက်ဖျက်စို့ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်မျိုးနိုင်က လူငယ်ဘဝဖွံဖြိုးရေး စာပေ အသိပညာမြှင့်တင်ပေး ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာသည့် မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များက သိရှိလိုသည့်အချက်များကို မေးမြန်း ဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ပြန်လည် ဆွေးနွေးဖြကြေားခဲ့ကြသည်။

အဆိုပါ ပြည်သူ့စကားဝိုင်းသို့ ဦးဆောင်ဆွေးနွေးသူများနှင့်အတူ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

တာချီလိတ်ခရိုင်တစ်ခုလုံး အနဖြေင့် တာချီလိတ်မြို့တွင် မြို့ပေါ်၌ (၁)ကြိမ်၊ ကျေးရွာ၌ (၁)ကြိမ် စုစုပေါင်း (၂)ကြိမ်ကျင်းပခဲ့ပြီး မိုင်းယောင်း၊ မိုင်းယုမြို့တွင် တစ်ကြိမ်စီကျင်းပခဲ့ပြီးဖြစ်ရာ စုစုပေါင်း (၄)ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး ယနေ့ မိုင်းဖြတ်မြို့တွင် ကျင်းပပြုလုပ်ပြီးသည့် ပြည်သူ့စကားဝိုင်း အပါအဝင် စုစုပေါင်း (၅)ကြိမ်မြောက်ဖြစ်ကာ ဆက်လက်၍ ပြည်သူ့စကားဝိုင်းများအား တာလေ နှင့် ကျိုင်းလပ်မြို့များတွင်လည်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~