ျမန္မာႏုိင္ငံမႈခင္းသတင္းေထာက္အသင္း(ဗဟို) MCRA အဖြဲ႕၏ ဥကၠဌျဖစ္သူ ဦးသက္ႏုိင္ဦးက ျမန္မာႏုိင္ငံ သတင္းမီဒီယာေကာင္စီ (MPC)ႏွင့္ ေကာင္စီဝင္အခ်ိဳ႕အား ေရးသားခဲ့မႈမ်ားကို ေတာင္းပန္လိုက္ၿပီး သတင္းမီဒီယာ က်င့္ဝတ္ႏွင့္ မညီသည့္ ၎တို႔အဖြဲ႕၏ ရည္ရြက္ခ်က္မ်ားကို ပယ္ဖ်က္ကာ က်င့္ဝတ္ မညီသည့္ အဖြဲ႕ဝင္မ်ားကိုလည္း ၾကပ္မတ္ထိန္းသိမ္း အျပစ္ေပးသြားမည္ျဖစ္ေၾကာင္း ၂၀၁၈ ခုႏွစ္ ဇြန္လ (၇)ရက္ေန႔ MPC ႏွင့္ ေတြ႔ဆံုစဥ္ ကတိေပးေျပာၾကားလုိက္သည္။
“မီဒီယာအေနနဲ႔ ရဲသတင္းေပးလုပ္မယ္။ ရဲတပ္ဖြဲ႔နဲ႔ ပူးေပါင္းေဆာင္ရြက္မယ္ဆိုတာ မလုပ္ရဘူးဆိုေတာ့ အဲဒါေတြကို သူျဖဳတ္ေပးပါမယ္တဲ့။ ေနာက္ မီဒီယာေကာင္စီက ခ်မွတ္တာေတြကိုလည္း လုိက္နာပါမယ္။ သူတို႔အဖြဲ႕ကို ျပန္လည္ဖြဲ႔စည္းပါမယ္၊ သူတို႔ေျပာမိတာေတြကိုလည္း ေတာင္းပန္ပါတယ္ဆိုၿပီးေျပာတယ္။ ဒီလိုေတာင္းပန္လို႔ေတာ့ မရဘူး။ ဘယ္ပံုဘယ္နည္း ေတာင္းပန္ရမယ္ဆိုတာ မနက္ျဖန္မွာ ေကာင္စီက အစည္းအေဝးလုပ္ၿပီး ဆံုးျဖတ္ေပးမွာျဖစ္ပါတယ္။ သူ႔အေနနဲ႔ လူသိရွင္ၾကားေတြ ေလွ်ာက္ေျပာထားၿပီး ဒီလိုပဲ ေတာင္းပန္လို႔က မရဘူးေလ။ အဓိက ကေတာ့ ဒီဥပေဒကို မေလ့လာမိလို႔ေပါ့။ သူဥပေဒကို ေလ့လာပါ့မယ္လို႔လည္း ေျပာသြားပါတယ္။ ေနာက္တုိင္ၾကားတာကလည္း နားလည္မႈလြဲလို႔ တုိင္ၾကားမိတာျဖစ္ပါတယ္။ တုိင္စာကို ျပန္လည္ရုပ္သိမ္းပါတယ္ဆိုၿပီး ရုပ္သိမ္းသြားပါတယ္”ဟု ျမန္မာႏုိင္ငံ သတင္းမီဒီယာေကာင္စီအဖြဲ႕ဝင္ ဦးေဇယ်ာလိႈင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
MCRA အဖြဲ႔၏ ဥကၠဌ ဦးသက္ႏုိင္ဦးက ျမန္မာႏုိင္ငံသတင္းမီဒီယာေကာင္စီသို႔ ေမလ (၂၂) ရက္ေန႔ ေန႔စြဲျဖင့္ တိုင္ၾကားစာတစ္ေစာင္ ေပးပို႔လိုက္ၿပီး အဆိုပါ တုိင္ၾကားစာႏွင့္ပတ္သက္၍ လာေရာက္ ေဆြးေႏြးရန္ ျမန္မာႏုိင္ငံ သတင္းမီဒီယာေကာင္စီက ဇြန္လ(၄)ရက္ေန႔တြင္ ဆင့္ေခၚမႈကို မလာခဲ့သည့္အတြက္ ျမန္မာႏုိင္ငံသတင္းမီဒီယာေကာင္စီက သေဘာထားထုတ္ျပန္ခ်က္တစ္ေစာင္ ထုတ္ျပန္လုိက္ၿပီးေနာက္ ဇြန္လ (၇) ရက္ေန႔တြင္ ထပ္မံဆင့္ေခၚလိုက္ျခင္းျဖစ္သည္။
ျမန္မာႏုိင္ငံသတင္းမီဒီယာေကာင္စီတြင္ ဇြန္လ(၇)ရက္ေန႔က ေတြ႔ဆံုစဥ္ MCRA ဥကၠဌ ဦးသက္နိုင္ဦးအား ၎တို႔ MCRA အဖြဲ႔၏ရည္ရြယ္ခ်က္အခ်ိဳ႕မွာ သတင္း မီဒီယာက်င့္၀တ္ႏွင့္ ကိုက္ညီျခင္းမရွိေၾကာင္း၊ သတင္းမီဒီယာေကာင္စီ အေနျဖင့္ သတင္းသမားမ်ား၊ သတင္းမီဒီယာအဖြဲ႔အစည္းမ်ားႏွင့္ ပတ္သက္လ်င္ ၾကပ္မတ္ထိန္းေက်ာင္းပိုင္ခြင့္္တုိ႔ကို ရွင္းလင္းေျပာျပခဲ့ေၾကာင္း သိရသည္။
ျမန္မာႏုိင္ငံမႈခင္းသတင္းေထာက္မ်ားအသင္း (MCRA)ႏွင့္ ၎အသင္း၏ ဥကၠဌ ဦးသက္ႏုိင္ဦးတို႔အား သတင္းမီဒီယာဥပေဒ၊ နည္းဥပေဒ၊ က်င့္ဝတ္ႏွင့္စည္းကမ္းမ်ားကို ေလးစားလိုက္နာျခင္းမရွိေသာ အသင္းအဖြဲ႔ျဖစ္ေၾကာင္း ျမန္မာႏုိင္ငံသတင္းမီဒီယာေကာင္စီက ၂၀၁၈ ခုႏွစ္ ဇြန္လ (၄)ရက္ေန႔တြင္ ေၾကညာခ်က္ထုတ္ျပန္ထားျခင္းျဖစ္သည္။
သတင္းမီဒီယာက်င့္ဝတ္အရ မီဒီယာလုပ္ငန္းလုပ္ကိုင္သူမ်ားသည္ ရဲတပ္ဖြဲ႕ႏွင့္ အျခားအာဏာပိုင္ အဖြဲ႕အစည္းမ်ား၏ သတင္းေပးအျဖစ္ ေဆာင္ရြက္ျခင္းမျပဳရဆိုသည့္ အခ်က္ပါဝင္ေနရာ ျပည္ထဲေရး ဝန္ႀကီးဌာန အေနျဖင့္ MCRA အား ရဲတပ္ဖြဲ႕၏ အရန္အင္အားအျဖစ္ အမွန္တကယ္ အသိအမွတ္ ျပဳထားပါက သတင္းေထာက္အဖြဲ႕အစည္းအျဖစ္ တြဲဖက္အသိအမွတ္မျပဳသင့္ေၾကာင္းႏွင့္ ၎တို႔၏ အသင္းဝင္မ်ားအေနျဖင့္ ဥပေဒျပင္ပမွ လုပ္ေဆာင္ေနမႈမ်ားကို စိစစ္ထိန္းေက်ာင္းႏုိင္ရန္ ၂၀၁၈ ခုႏွစ္ ေမလ (၁၇)ရက္ေန႔တြင္ ျမန္မာႏုိင္ငံသတင္းမီဒီယာေကာင္စီက အသိေပးတင္ျပထားရာ ျပည္ထဲေရးဝန္ႀကီးဌာနက အဆိုပါ တင္ျပမႈႏွင့္ပတ္သက္၍ ေဒသအသီးသီးတြင္ မႈခင္းသတင္း ေထာက္မ်ားကိစၥႏွင့္ပတ္သက္၍ စိစစ္မႈမ်ား လုပ္ေဆာင္ရန္ သက္ဆုိင္ရာအသီးသီးသို႔ ညႊန္ၾကားထားေၾကာင္း သိရသည္။
ဓါတ္ပံု - ျမန္မာႏုိင္ငံ သတင္းမီဒီယာေကာင္စီ
“မီဒီယာအနေနဲ့ ရဲသတင်းပေးလုပ်မယ်။ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုတာ မလုပ်ရဘူးဆိုတော့ အဲဒါတွေကို သူဖြုတ်ပေးပါမယ်တဲ့။ နောက် မီဒီယာကောင်စီက ချမှတ်တာတွေကိုလည်း လိုက်နာပါမယ်။ သူတို့အဖွဲ့ကို ပြန်လည်ဖွဲ့စည်းပါမယ်၊ သူတို့ပြောမိတာတွေကိုလည်း တောင်းပန်ပါတယ်ဆိုပြီးပြောတယ်။ ဒီလိုတောင်းပန်လို့တော့ မရဘူး။ ဘယ်ပုံဘယ်နည်း တောင်းပန်ရမယ်ဆိုတာ မနက်ဖြန်မှာ ကောင်စီက အစည်းအဝေးလုပ်ပြီး ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။ သူ့အနေနဲ့ လူသိရှင်ကြားတွေ လျှောက်ပြောထားပြီး ဒီလိုပဲ တောင်းပန်လို့က မရဘူးလေ။ အဓိက ကတော့ ဒီဥပဒေကို မလေ့လာမိလို့ပေါ့။ သူဥပဒေကို လေ့လာပါ့မယ်လို့လည်း ပြောသွားပါတယ်။ နောက်တိုင်ကြားတာကလည်း နားလည်မှုလွဲလို့ တိုင်ကြားမိတာဖြစ်ပါတယ်။ တိုင်စာကို ပြန်လည်ရုပ်သိမ်းပါတယ်ဆိုပြီး ရုပ်သိမ်းသွားပါတယ်”ဟု မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးဇေယျာလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
MCRA အဖွဲ့၏ ဥက္ကဌ ဦးသက်နိုင်ဦးက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ မေလ (၂၂) ရက်နေ့ နေ့စွဲဖြင့် တိုင်ကြားစာတစ်စောင် ပေးပို့လိုက်ပြီး အဆိုပါ တိုင်ကြားစာနှင့်ပတ်သက်၍ လာရောက် ဆွေးနွေးရန် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ဇွန်လ(၄)ရက်နေ့တွင် ဆင့်ခေါ်မှုကို မလာခဲ့သည့်အတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက သဘောထားထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်လိုက်ပြီးနောက် ဇွန်လ (၇) ရက်နေ့တွင် ထပ်မံဆင့်ခေါ်လိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတွင် ဇွန်လ(၇)ရက်နေ့က တွေ့ဆုံစဉ် MCRA ဥက္ကဌ ဦးသက်နိုင်ဦးအား၎င်းတို့ MCRA အဖွဲ့၏ရည်ရွယ်ချက်အချို့မှာ သတင်း မီဒီယာကျင့်ဝတ်နှင့် ကိုက်ညီခြင်းမရှိကြောင်း၊ သတင်းမီဒီယာကောင်စီ အနဖြေင့် သတင်းသမားများ၊ သတင်းမီဒီယာအဖွဲ့အစည်းများနှင့် ပတ်သက်လျင် ကြပ်မတ်ထိန်းကျောင်းပိုင်ခွင့်တို့ကို ရှင်းလင်းပြောပြခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်း (MCRA)နှင့်၎င်းအသင်း၏ ဥက္ကဌ ဦးသက်နိုင်ဦးတို့အား သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေ၊ ကျင့်ဝတ်နှင့်စည်းကမ်းများကို လေးစားလိုက်နာခြင်းမရှိသော အသင်းအဖွဲ့ဖြစ်ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ၂၀၁၈ ခုနှစ် ဇွန်လ (၄)ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ထားခြင်းဖြစ်သည်။
သတင်းမီဒီယာကျင့်ဝတ်အရ မီဒီယာလုပ်ငန်းလုပ်ကိုင်သူများသည် ရဲတပ်ဖွဲ့နှင့် အခြားအာဏာပိုင် အဖွဲ့အစည်းများ၏ သတင်းပေးအဖြစ် ဆောင်ရွက်ခြင်းမပြုရဆိုသည့် အချက်ပါဝင်နေရာ ပြည်ထဲရေး ဝန်ကြီးဌာန အနဖြေင့် MCRA အား ရဲတပ်ဖွဲ့၏ အရန်အင်အားအဖြစ် အမှန်တကယ် အသိအမှတ် ပြုထားပါက သတင်းထောက်အဖွဲ့အစည်းအဖြစ် တွဲဖက်အသိအမှတ်မပြုသင့်ကြောင်းနှင့်၎င်းတို့၏ အသင်းဝင်များအနဖြေင့် ဥပဒပြေင်ပမှ လုပ်ဆောင်နေမှုများကို စိစစ်ထိန်းကျောင်းနိုင်ရန် ၂၀၁၈ ခုနှစ် မေလ (၁၇)ရက်နေ့တွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက အသိပေးတင်ပြထားရာ ပြည်ထဲရေးဝန်ကြီးဌာနက အဆိုပါ တင်ပြမှုနှင့်ပတ်သက်၍ ဒေသအသီးသီးတွင် မှုခင်းသတင်း ထောက်များကိစ္စနှင့်ပတ်သက်၍ စိစစ်မှုများ လုပ်ဆောင်ရန် သက်ဆိုင်ရာအသီးသီးသို့ ညွှန်ကြားထားကြောင်း သိရသည်။
ဓာတ်ပုံ - မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ