မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲ တာချီလိတ်မြို့ရှိ အထက(မိုင်းကိုး)တွင် ကျင်းပ

မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲ တာချီလိတ်မြို့ရှိ အထက(မိုင်းကိုး)တွင် ကျင်းပ
ဇှနျ 18, 2018
By Tachileik News Agency



အဆိုပါ ဟောပြောပွဲတွင် အထက(မိုင်းကိုး)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းမြင့်က အဖွင့်နှုတ်ခွန်းစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးလှဌေးက ကျောင်းသား လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ အသိပညာဗဟုသုတတိုးပွားရရှိစေရေးတို့ကိုလည်းကောင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ဒုတိယရဲမှူးသက်မောင်က မူးယစ်ဆေးဝါး ဆိုးကျိုးအန္တရာယ်များနှင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကိုလည်းကောင်း၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(တာချီလိတ်ခရိုင်)mana မှ အတွင်းရေးမှူး ဦးသိန်းထွန်းက ရှောင်လေဝေးဝေး မူးယစ်ဆေးခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဟောပြောကြကြောင်း သိရသည်။

ဟောပြောပွဲအပြီးတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် မူးယစ်ဆေး ၀ါး အန္တရာယ်အသိပညာပေး နံရံကပ်စာစောင်၊ ဓာတ်ပုံပြဘုတ်များနှင့် စာအုပ်စာစောင်များအား အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ (၂၅၀) ကျော်တို့က လေ့လာဖတ်ရှုကြပြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ် က မူးယစ်ဆေးဝါး အန္တရာယ်ကင်းဝေးစေရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


သတင်း - ဝေယံလင်း
ဓါတ်ပုံ - ယာဆေး



~~~~~~~~⊰❂ unicode ~~~~~~~~

ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် မူးယစ်ဆေးဝါးအန္တရာယ်များ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ၂၀၁၈ ခုနှစ် ဇွန်လ (၁၈)ရက်နေ့ နံနက် (၉) နာရီခွဲက ကျင်းပကြောင်း သိရသည်။

 အခမ်းအနားကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စုရှိ၊ အထက(မိုင်းကိုး)တွင် ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။

အဆိုပါ ဟောပြောပွဲတွင် အထက(မိုင်းကိုး)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းမြင့်က အဖွင့်နှုတ်ခွန်းစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးလှဌေးက ကျောင်းသား လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ အသိပညာဗဟုသုတတိုးပွားရရှိစေရေးတို့ကိုလည်းကောင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ဒုတိယရဲမှူးသက်မောင်က မူးယစ်ဆေးဝါး ဆိုးကျိုးအန္တရာယ်များနှင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကိုလည်းကောင်း၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(တာချီလိတ်ခရိုင်)mana မှ အတွင်းရေးမှူး ဦးသိန်းထွန်းက ရှောင်လေဝးေဝး မူးယစ်ဆေးခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဟောပြောကြကြောင်း သိရသည်။

ဟောပြောပွဲအပြီးတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် မူးယစ်ဆေး ဝါး အန္တရာယ်အသိပညာပေး နံရံကပ်စာစောင်၊ ဓာတ်ပုံပြဘုတ်များနှင့် စာအုပ်စာစောင်များအား အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ (၂၅၀) ကျော်တို့က လေ့လာဖတ်ရှုကြပြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ် က မူးယစ်ဆေးဝါး အန္တရာယ်ကင်းေဝးစေရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြနေ့်ဝပေးခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ အသိပညာပေးမှုများအဖြစ် အထက(ဟောင်လိတ်)တွင် ဇွန်လ(၁၉)ရက်နေ့တွင် ပြုလုပ်သွားရန်ရှိပြီး အထက(ဆန်ဆိုင်း) နှင့် အထက(တာလေ)တို့တွင်လည်း ပြုလုပ်သွားရန် ရှိကြောင်း သိရှိရသည်။

သတင်း - ဝေယံလင်း
ဓာတ်ပုံ - ယာဆေး

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~