ရွမ္းျပည္နယ္အတြင္း ယခုႏွစ္အတြက္ အဆင့္ျမင့္ပညာဦးစီးဌာန၏ တကၠသိုလ္၊ေကာလိပ္မ်ားတြင္ တည္ေဆာက္ေရး လုပ္ငန္းတင္ဒါ (၄၇) ခုအတြက္ စီမံကိန္းတန္ဖိုး (၁၅)ဘီလီယံေက်ာ္ ခြင့္ျပဳထားသည့္ အနက္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ရိွ စီမံကိန္းမ်ားအတြက္ (၆.၉)ဘီလီယံခြင့္ျပဳထားေၾကာင္း သိရသည္။
“အဆင့္ျမင့္ ပညာဦးစီးဌာနက တကၠသိုလ္၊ ေကာလိပ္ေတြရဲ႕ တည္ေဆာက္ေရးလုပ္ငန္းတင္ဒါ (၄၇)ခုအတြက္ စီမံကိန္းတန္ဖိုး (၁၅)ဘီလီယံေက်ာ္ ခ်ထားေပးရာမွာ ရွမ္း/အေရွ႕ကေတာ့ အမ်ားဆံုးပါ။ ရွမ္းျပည္နယ္ရဲ႕ တင္ဒါလုပ္ငန္းေတြအတြက္ ရွမ္းျပည္နယ္ ေတာင္ပိုင္း၊ ေျမာက္ပိုင္း၊ အေရွ႕ပိုင္းေတြကို ေကာ္မတီ သံုးခုဖြဲ႕ထားၿပီး ေဆာင္ရြက္ေနပါတယ္”ဟု ရွမ္းျပည္နယ္ေတာင္ပိုင္းႏွင့္ ေျမာက္ပိုင္းအတြက္ တင္ဒါေကာ္မတီ ဥကၠဌအျဖစ္ တာဝန္ယူထားသည့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇြန္လ(၁၇)ရက္ေန႔က ေျပာသည္။
၂၀၁၈ ခုႏွစ္ ဇြန္လ (၁၅)ရက္ေန႔ႏွင့္ (၁၆)ရက္ေန႔မ်ားတြင္ ရွမ္းျပည္နယ္ေျမာက္ပိုင္းရိွ တည္ေဆာက္ေရးလုပ္ငန္း တင္ဒါမ်ား အတြက္ အဆိုျပဳလႊာေခၚယူျခင္းကို လားရိႈးၿမိဳ႕တြင္ လုပ္ေဆာင္ရာ တင္ဒါလုပ္ငန္း (၁၂)ခု အတြက္ တင္ဒါအဆုိျပဳသည့္ကုမၸဏီ (၁၁)ခုသာရရိွခဲ့ေၾကာင္း သိရသည္။
“လားရိႈးေဒသမွာ တင္ဒါေခၚတဲ့လုပ္ငန္း (၁၂)ခုမွာ လားရိႈးကြန္ပ်ဴတာတကၠသိုလ္က လုပ္ငန္းတစ္ခုကေတာ့ တင္ဒါေလွ်ာက္တဲ့သူ မရိွဘူး။ က်န္တဲ့လုပ္ငန္း (၁၁)ခုကေတာ့ ကုမၸဏီ (၁၁)ခုက အဆိုျပဳထားတာေပါ့။ အဆိုျပဳေရြးၿပီးေတာ့ လာမယ့္ ကတ္ဘိနက္အစည္းအေဝးမွာ ဆံုးျဖတ္ၿပီးမွ ေၾကညာေပးရမွာေပါ့။ တင္ဒါမရိွတဲ့ဟာကိုေတာ့ အစိုးရအဖြဲ႕ အစည္းအေဝး တင္ျပၿပီးေတာ့ ကြန္ပ်ဴတာတကၠသိုလ္ပါခ်ဳပ္ရယ္၊ ျပည္နယ္ ဒုတိယအုပ္ခ်ဳပ္ေရးမွဴးရယ္၊ တြဲဖက္ျပည္နယ္လမ္းဦးစီးရယ္၊ တြဲဖက္ျပည္နယ္ စည္ပင္အင္ဂ်င္နီယာမွဴးႀကီးတို႔က တြဲဖက္ျပီးေဆာင္ရြက္ဖုိ႔ေတာ့ ဆံုးျဖတ္ထားတာေပါ့ေနာ္။ အဓိကကေတာ့ ေရလုပ္ငန္းျဖစ္ေနတာ။ လားရိႈးကြန္ပ်ဴတာတကၠသိုလ္က ေရတြင္း အႀကိမ္ႀကိမ္တူးၿပီးေတာ့ ေရက မထြက္ေတာ့ အဲဒါကို ဘယ္သူမွ မေလွ်ာက္ဘူးျဖစ္ေနတာ”ဟု ရွမ္းျပည္နယ္ေတာင္ပိုင္းႏွင့္ ေျမာက္ပိုင္းအတြက္ တင္ဒါေကာ္မတီ ဥကၠဌအျဖစ္ တာဝန္ယူထားသည့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက ေျပာသည္။
ရွမ္းျပည္နယ္(ေတာင္ပိုင္း)အတြက္ လုပ္ငန္းတင္ဒါမ်ားကို ဇြန္လ (၁၉)ရက္ေန႔တြင္ ေခၚယူမည္ျဖစ္ၿပီး ရွမ္းျပည္နယ္(အေရွ႕ပိုင္း)အတြက္လည္း ဇြန္လအတြင္း တင္ဒါေခၚယူမည္ျဖစ္ေၾကာင္း သိရသည္။
“မၾကာခင္မွာပဲ တင္ဒါေခၚယူသြားဖို႔ရိွပါတယ္။ ဒီလပိုင္းထဲမွာပဲ သြားဖို႔ရိွပါတယ္။ လုပ္ငန္းက တကၠသိုလ္ေက်ာင္းက လိုအပ္ေနတဲ့ စာသင္ေဆာင္၊ ေက်ာင္းေဆာင္၊ ဆရာ၊ဆရာမအေဆာင္စတဲ့ တင္ျပထားတာေတြ ပါ”ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ဘ႑ာေရးဝန္ႀကီး စိုင္းရွဲန္တစ္လံုက ေျပာသည္။
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးေဒသရိွ တကၠသိုလ္၊ ေကာလိပ္မ်ား၏ တည္ေဆာက္ေရးလုပ္ငန္း တင္ဒါဖြင့္ပြဲသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းႏွင့္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန ဝန္ႀကီး ေဒါက္တာညီညီေအာင္တို႔ တက္ေရာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
သတင္း - #ခ်ယ္ရီထိုက္
ရှမ်းပြည်နယ်အတွင်း ယခုနှစ်အတွက် အဆင့်မြင့်ပညာဦးစီးဌာန၏ တက္ကသိုလ်၊ကောလိပ်များတွင် တည်ဆောက်ရေး လုပ်ငန်းတင်ဒါ (၄၇) ခုအတွက် စီမံကိန်းတန်ဖိုး (၁၅)ဘီလီယံကျော် ခွင့်ပြုထားသည့် အနက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ စီမံကိန်းများအတွက် (၆.၉)ဘီလီယံခွင့်ပြုထားကြောင်း သိရသည်။
“အဆင့်မြင့် ပညာဦးစီးဌာနက တက္ကသိုလ်၊ ကောလိပ်တွေရဲ့ တည်ဆောက်ရေးလုပ်ငန်းတင်ဒါ (၄၇)ခုအတွက် စီမံကိန်းတန်ဖိုး (၁၅)ဘီလီယံကျော် ချထားပေးရာမှာ ရှမ်း/အရှေ့ကတော့ အများဆုံးပါ။ ရှမ်းပြည်နယ်ရဲ့ တင်ဒါလုပ်ငန်းတွေအတွက် ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်းတွေကို ကော်မတီ သုံးခုဖွဲ့ထားပြီး ဆောင်ရွက်နေပါတယ်”ဟု ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းအတွက် တင်ဒါကော်မတီ ဥက္ကဌအဖြစ် တာဝန်ယူထားသည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ(၁၇)ရက်နေ့က ပြောသည်။
၂၀၁၈ ခုနှစ် ဇွန်လ (၁၅)ရက်နေ့နှင့် (၁၆)ရက်နေ့များတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တည်ဆောက်ရေးလုပ်ငန်း တင်ဒါများ အတွက် အဆိုပြုလွှာခေါ်ယူခြင်းကို လားရှိုးမြို့တွင် လုပ်ဆောင်ရာ တင်ဒါလုပ်ငန်း (၁၂)ခု အတွက် တင်ဒါအဆိုပြုသည့်ကုမ္ပဏီ (၁၁)ခုသာရရှိခဲ့ကြောင်း သိရသည်။
“လားရှိုးဒေသမှာ တင်ဒါခေါ်တဲ့လုပ်ငန်း (၁၂)ခုမှာ လားရှိုးကွန်ပျူတာတက္ကသိုလ်က လုပ်ငန်းတစ်ခုကတော့ တင်ဒါလျှောက်တဲ့သူ မရှိဘူး။ ကျန်တဲ့လုပ်ငန်း (၁၁)ခုကတော့ ကုမ္ပဏီ (၁၁)ခုက အဆိုပြုထားတာပေါ့။ အဆိုပြုရွေးပြီးတော့ လာမယ့် ကတ်ဘိနက်အစည်းအဝေးမှာ ဆုံးဖြတ်ပြီးမှ ကြေညာပေးရမှာပေါ့။ တင်ဒါမရှိတဲ့ဟာကိုတော့ အစိုးရအဖွဲ့ အစည်းအဝေး တင်ပြပြီးတော့ ကွန်ပျူတာတက္ကသိုလ်ပါချုပ်ရယ်၊ ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူးရယ်၊ တွဲဖက်ပြည်နယ်လမ်းဦးစီးရယ်၊ တွဲဖက်ပြည်နယ် စည်ပင်အင်ဂျင်နီယာမှူးကြီးတို့က တွဲဖက်ပြီးဆောင်ရွက်ဖို့တော့ ဆုံးဖြတ်ထားတာပေါ့နော်။ အဓိကကတော့ ရေလုပ်ငန်းဖြစ်နေတာ။ လားရှိုးကွန်ပျူတာတက္ကသိုလ်က ရေတွင်း အကြိမ်ကြိမ်တူးပြီးတော့ ရေက မထွက်တော့ အဲဒါကို ဘယ်သူမှ မလျှောက်ဘူးဖြစ်နေတာ”ဟု ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းအတွက် တင်ဒါကော်မတီ ဥက္ကဌအဖြစ် တာဝန်ယူထားသည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)အတွက် လုပ်ငန်းတင်ဒါများကို ဇွန်လ (၁၉)ရက်နေ့တွင် ခေါ်ယူမည်ဖြစ်ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွက်လည်း ဇွန်လအတွင်း တင်ဒါခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။
“မကြာခင်မှာပဲ တင်ဒါခေါ်ယူသွားဖို့ရှိပါတယ်။ ဒီလပိုင်းထဲမှာပဲ သွားဖို့ရှိပါတယ်။ လုပ်ငန်းက တက္ကသိုလ်ကျောင်းက လိုအပ်နေတဲ့ စာသင်ဆောင်၊ ကျောင်းဆောင်၊ ဆရာ၊ဆရာမအဆောင်စတဲ့ တင်ပြထားတာတွေ ပါ”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး စိုင်းရှဲန်တစ်လုံက ပြောသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးဒေသရှိ တက္ကသိုလ်၊ ကောလိပ်များ၏ တည်ဆောက်ရေးလုပ်ငန်း တင်ဒါဖွင့်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာညီညီအောင်တို့ တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - #ချယ်ရီထိုက်