ရွမ္းျပည္နယ္(အေရွ႕ပိုင္း) အလုပ္သမား လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန ဝန္ထမ္းမ်ား လူဦးေရ စာရင္းမ်ား မွန္ကန္မႈ ရွိေစေရး ပံုစံ နငသ/၉၀-၂ ၊ နငသ/၉၀-၃ ျဖည့္သြင္းေရးသားနည္း သင္တန္းကို ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၂၃)ရက္ေန႔က က်ဳိင္းတံုၿမိဳ႕ရွိ ဒုတိယျပည္နယ္ဦးစီးမွဴး႐ံုး၏ အစည္းေဝးခန္းမ၌ က်င္းပသည္။
"ကြ်န္ေတာ့္အေနနဲ႔ ဒီသင္တန္းကို ဖြင့္လွစ္ျခင္းဟာ ကြ်န္ေတာ္တို႔ ဌာနမွ ျပဳစုရရွိထားတဲ့ လူဦးေရစာရင္းကို အေျခခံၿပီးေတာ့ အျခားဌာနေတြက ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး၊ က်န္းမာေရး၊ ဆက္သြယ္ေရးအတြက္ အသံုးျပဳလ်ွက္ ရွိေနပါတယ္။ ၾကားျဖတ္ေရြးေကာက္ပြဲမ်ား ၊ ၂၀၂၀ ခုႏွစ္ ေရြးေကာက္ပြဲမွာလည္း မဲေပးႏိုင္ဖို႔ အတြက္ အသက္(၁၈)ႏွစ္ျပည့္ၿပီး သူတိုင္း ဥပေဒႏွင့္အညီ ကိုင္ေဆာင္ လက္မွတ္ တစ္မ်ဳိးမ်ဳိး ထုတ္ေပးႏိုင္ေရးနဲ႔ လူမ်ဳိးႏွင့္ ဘာသာအလိုက္ ကိုးကြယ္မႈ အေျခအေနေတြ တိက်မွန္ကန္ႏိုင္ဖို႔ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ ဒီသင္တန္းကို ပို႔ခ်ေပးတာ ျဖစ္ပါတယ္”ဟု ရွမ္းျပည္နယ္(အေရွ႕ပိုင္း) အလုပ္သမား လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန၏ ေခတၱ ဒုတိယျပည္နယ္ဦးစီးမွဴး ဒုတိယ ၫႊန္ၾကားေရးမွဴး ဦးရဲရင့္ထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
သင္တန္းတြင္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ရွိ အလုပ္သမား လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာန ခ႐ိုင္ဦးစီးမွဴး၊ ၿမိဳ႕နယ္ဦးစီးမွဴးမ်ား၊ ႐ံုးဝန္ထမ္းမ်ား စုစုေပါင္း (၈၀)ဦး တက္ေရာက္ၿပီး ဇြန္လ(၂၄)ရက္ေန႔ အထိ ဖြင့္လွစ္ပို႔ခ် သြားမည္ျဖစ္ေၾကာင္း သိရသည္။
သတင္း/ဓါတ္ပံု - ကိုသာ
"ကျွန်တော့်အနေနဲ့ ဒီသင်တန်းကို ဖွင့်လှစ်ခြင်းဟာ ကျွန်တော်တို့ ဌာနမှ ပြုစုရရှိထားတဲ့ လူဦးရေစာရင်းကို အခြေခံပြီးတော့ အခြားဌာနတွေက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေးအတွက် အသုံးပြုလျှက် ရှိနေပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲများ၊ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာလည်း မဲပေးနိုင်ဖို့ အတွက် အသက်(၁၈)နှစ်ပြည့်ပြီး သူတိုင်း ဥပဒေနှင့်အညီ ကိုင်ဆောင် လက်မှတ် တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးနဲ့ လူမျိုးနှင့် ဘာသာအလိုက် ကိုးကွယ်မှု အခြေအနေတွေ တိကျမှန်ကန်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီသင်တန်းကို ပို့ချပေးတာ ဖြစ်ပါတယ်”ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ခေတ္တ ဒုတိယပြည်နယ်ဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
သင်တန်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးများ၊ ရုံးဝန်ထမ်းများ စုစုပေါင်း (၈၀)ဦး တက်ရောက်ပြီး ဇွန်လ(၂၄)ရက်နေ့ အထိ ဖွင့်လှစ်ပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ကိုသာ