ငါးမန္းဂိမ္းခံုမ်ားႏွင့္ေလာင္းကစားခံုမ်ား အပါအ၀င္ အမ်ဳိးသား၊ အမ်ဳိးသမီး (၃၀)ဦးတို႔အား မံ၀ိန္းႀကီးေက်းရြာတြင္ ဖမ္းဆီးရမိ

ငါးမန္းဂိမ္းခံုမ်ားႏွင့္ေလာင္းကစားခံုမ်ား အပါအ၀င္ အမ်ဳိးသား၊ အမ်ဳိးသမီး (၃၀)ဦးတို႔အား မံ၀ိန္းႀကီးေက်းရြာတြင္ ဖမ္းဆီးရမိ
ဇွန် 15, 2018
By Tachileik News Agency

ကခ်င္ျပည္နယ္၊ ဗန္းေမာ္ခရိုင္၊ မံစီၿမိဳ႕နယ္၊ မံဝိန္းႀကီးေက်း႐ြာတြင္ ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၁၄)ရက္ေန႔ နံနက္ (၇)နာရီဝန္းက်င္က ငါးမန္းဂိမ္းေလာင္း ကစားဆိုင္အား ရဲတပ္ဖြဲ႕က ဝင္ေရာက္ဖမ္းဆီးရာ ဆုိင္ရွင္ အပါအဝင္ အမ်ိဳးသား၊အမ်ိဳးသမီး (၃၀)ဦးတို႔အား ဖမ္းဆီးရမိေၾကာင္း သိရသည္။

မံဝိန္းႀကီးနယ္ေျမရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားက မံဝိန္းႀကီးေက်းရြာရိွ ေနအိမ္တစ္လံုးအား ဝင္ေရာက္ရွာေဖြရာ ငါးမန္းဂိမ္း ေလာင္းကစားဂိမ္းစက္ႀကီး (၃)လံုး၊ ဂိမ္းစက္အေသး (၈)လံုး၊ ေငြက်ပ္ (၅၇၀,၀၀၀)တို႔ႏွင့္အတူ ဆုိင္ရွင္ အပါအဝင္ အမ်ိဳးသား (၂၈)ဦးႏွင့္ အမ်ိဳးသမီး (၂)ဦးတို႔အား ရွာေဖြေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

ဂိမ္းဆိုင္ပိုင္ရွင္ျဖစ္သူ အသက္ (၃၆)ႏွစ္အရြယ္ အားဖန္အား မံဝိန္းႀကီးနယ္ေျမရဲစခန္းတြင္ ေလာင္းကစား ဥပေဒပုဒ္မ ၁၃(က)/ ၁၄(က)ျဖင့္ အမႈဖြင့္ စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

သတင္း - နန္းဟြမ္ခမ္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မံဝိန်းကြီးကျေးရွာတွင် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၄)ရက်နေ့ နံနက် (၇)နာရီဝန်းကျင်က ငါးမန်းဂိမ်းလောင်း ကစားဆိုင်အား ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ ဆိုင်ရှင် အပါအဝင် အမျိုးသား၊အမျိုးသမီး (၃၀)ဦးတို့အား ဖမ်းဆီးရမိကြောင်း သိရသည်။

မံဝိန်းကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက မံဝိန်းကြီးကျေးရွာရှိ နေအိမ်တစ်လုံးအား ဝင်ရောက်ရှာဖွေရာ ငါးမန်းဂိမ်း လောင်းကစားဂိမ်းစက်ကြီး (၃)လုံး၊ ဂိမ်းစက်အသေး (၈)လုံး၊ ငွေကျပ် (၅၇၀,ဝဝဝ)တို့နှင့်အတူ ဆိုင်ရှင် အပါအဝင် အမျိုးသား (၂၈)ဦးနှင့် အမျိုးသမီး (၂)ဦးတို့အား ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ဂိမ်းဆိုင်ပိုင်ရှင်ဖြစ်သူ အသက် (၃၆)နှစ်အရွယ် အားဖန်အား မံဝိန်းကြီးနယ်မြေရဲစခန်းတွင် လောင်းကစား ဥပဒေပုဒ်မ ၁၃(က)/ ၁၄(က)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~