မေကြးတုိင္းေဒသႀကီးအစိုးရအဖြဲ႔ဝင္ ဝန္ႀကီးမ်ားႏွင့္ပတ္သက္၍ တုိင္းေဒသႀကီးဝန္ႀကီးခ်ဳပ္က တာဝန္ယူ၊ တာဝန္ခံေၾကာင္း တုိင္းေဒသႀကီးလႊတ္ေတာ္တြင္ ၂၀၁၈ ခုႏွစ္ ဇြန္လ (၁၅)ရက္ေန႔က ေျပာၾကား လုိက္သည္။
“ကြ်န္ေတာ့္ဝန္ႀကီးအဖြဲ႔ထဲက ဘယ္ဝန္ႀကီးကိုမဆို သူတုိ႔ကို အေရးယူမယ္၊ အျပစ္ေပးမယ္ ဆုိရင္ေတာ့ ကၽြန္ေတာ္ကိုယ္တိုင္ ဝန္ႀကီးခ်ဳပ္ တစ္ေယာက္အေနနဲ႔ တာဝန္ခံပါတယ္၊ တာဝန္ယူပါတယ္။ ေနာက္ေနာင္မွာ ကၽြန္ေတာ္တုိ႔ အခ်ိန္ေပးႏိုင္ေအာင္ ႀကိဳးစားပါ့မယ္။ တုိင္းေဒသႀကီးလႊတ္ေတာ္ဥကၠ႒ႀကီးနဲ႔ ကိုယ္စားလွယ္ႀကီး ေတြကို ေျပာခ်င္တာကေတာ့ ကၽြန္ေတာ္တုိ႔ရဲ႕ ခ်ိဳ႕ယြင္းခ်က္၊ အားနည္းခ်က္၊ လုပ္ငန္းကၽြမ္းက်င္မႈ၊ အက်င့္ စာရိတၱယိမ္းယိုင္မႈ ဒါေတြနဲ႔ပတ္သက္ၿပီးေတာ့ကာ သမၼတႀကီးထံကုိျဖစ္ေစ၊ ျပည္ေထာင္စုလႊတ္ေတာ္ ဥကၠ႒ထံကိုျဖစ္ေစ ကၽြန္ေတာ္တုိ႔ပါတီဥကၠ႒နဲ႔ စည္းကမ္းထိန္းသိမ္းေရး အဖြဲ႔ေတြကိုျဖစ္ေစ တုိင္လုိ႔ရပါတယ္။ ကၽြန္ေတာ္တုိ႔လည္း အခ်ိန္မေရြးအစစ္ေဆးခံဖို႔ အဆင္သင့္ရွိပါတယ္။ သို႔ေသာ္လည္း ဝန္ႀကီးတစ္ေယာက္ကို ျဖဳတ္မယ္၊ အေရးယူမယ္၊ အျပစ္ေပးမယ္ ဆုိရင္ေတာ့ ေသေသခ်ာခ်ာ စဥ္းစားေစခ်င္ပါတယ္။ ကၽြန္ေတာ္ကေတာ့ တာဝန္ယူပါတယ္၊ တာဝန္ခံပါတယ္။ လိုအပ္ရင္ ကၽြန္ေတာ္ကိုယ္တုိင္နႈတ္ထြက္ဖို႔ အဆင္သင့္ရွိပါတယ္”ဟု တို္င္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ေဒါက္တာေအာင္မိုးညိဳက လႊတ္ေတာ္အစည္းအေဝးတြင္ ေျပာၾကားသြားသည္။
လႊတ္ေတာ္ဥပေဒႏွင့္အညီ ၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္ ရသံုးခန္႔မွန္းေျခေငြစာရင္းအား တစ္လႀကိဳ မေပးႏိုင္သည့္ အတြက္ စီမံကိန္း၊ ဘ႑ာေရးႏွင့္ စည္ပင္သာယာေရးဝန္ႀကီး ဦးေဇာ္မင္းကို ခ်ိဳ႕ယြင္းခ်က္၊ အားနည္းခ်က္ရွိ၍ အယံုအၾကည္မရွိဟုဆုိကာ ဝန္ႀကီးတာဝန္မွ ရပ္ဆုိင္းေစမည္ဟု လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားက ေျပာၾကားခဲ့မႈအေပၚ တုိင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္က စာရင္းဇယားေပးရန္ ေနာက္က်ရသည့္ အေၾကာင္းရင္းအား ေျဖရွင္းခ်က္ေပးခဲ့ၿပီး အစိုးရအဖြဲ႕ဝင္ဝန္ႀကီးမ်ားႏွင့္ပတ္သက္၍ တာဝန္ခံေၾကာင္း လႊတ္ေတာ္အစည္းအေဝးသို႔ တက္ေရာက္ေျပာၾကားသြားျခင္းျဖစ္သည္။
လစ္လပ္သြားေသာ ဝန္ႀကီးႏွစ္ဦးေနရာအား အစားထုိးခန္႔ထားသည့္ ကိစၥရပ္တြင္ လႊတ္ေတာ္ႏွင့္ အစိုးရအဖြဲ႔ၾကား သေဘာထားကြဲလြဲမႈမ်ားရွိခဲ့၍ ေနာက္ထပ္ဝန္ႀကီး အေျပာင္းအလဲျဖစ္ရန္ ဆႏၵမရွိေသာ္လည္း ယခုလုပ္ေဆာင္ခ်က္သည္ အစိုးရ၊ လႊတ္ေတာ္၊ ပါတီနွင့္ ျပည္သူမ်ားအေပၚ ထိခိုက္လာမည္ဆုိပါက စဥ္းစားသြားမည္ျဖစ္ေၾကာင္း ျပည္သူ႔ေငြစာရင္းေကာ္မတီဥကၠဌက တာခ်ီလိတ္ေအဂ်င္စီသို႔ ေျပာသည္။
သတင္း - ဖီးနစ္
ဓာတ္ပံု - လႊတ္ေတာ္
“ကျွန်တော့်ဝန်ကြီးအဖွဲ့ထဲက ဘယ်ဝန်ကြီးကိုမဆို သူတို့ကို အရေးယူမယ်၊ အပြစ်ပေးမယ် ဆိုရင်တော့ ကျွန်တော်ကိုယ်တိုင် ဝန်ကြီးချုပ် တစ်ယောက်အနေနဲ့ တာဝန်ခံပါတယ်၊ တာဝန်ယူပါတယ်။ နောက်နောင်မှာ ကျွန်တော်တို့ အချိန်ပေးနိုင်အောင် ကြိုးစားပါ့မယ်။ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ ကိုယ်စားလှယ်ကြီး တွေကို ပြောချင်တာကတော့ ကျွန်တော်တို့ရဲ့ ချို့ယွင်းချက်၊ အားနည်းချက်၊ လုပ်ငန်းကျွမ်းကျင်မှု၊ အကျင့် စာရိတ္တယိမ်းယိုင်မှု ဒါတွေနဲ့ပတ်သက်ပြီးတော့ကာ သမ္မတကြီးထံကိုဖြစ်စေ၊ ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌထံကိုဖြစ်စေ ကျွန်တော်တို့ပါတီဥက္ကဋ္ဌနဲ့ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့တွေကိုဖြစ်စေ တိုင်လို့ရပါတယ်။ ကျွန်တော်တို့လည်း အချိန်မရွေးအစစ်ဆေးခံဖို့ အဆင်သင့်ရှိပါတယ်။ သို့သော်လည်း ဝန်ကြီးတစ်ယောက်ကို ဖြုတ်မယ်၊ အရေးယူမယ်၊ အပြစ်ပေးမယ် ဆိုရင်တော့ သေသေချာချာ စဉ်းစားစေချင်ပါတယ်။ ကျွန်တော်ကတော့ တာဝန်ယူပါတယ်၊ တာဝန်ခံပါတယ်။ လိုအပ်ရင် ကျွန်တော်ကိုယ်တိုင်နှုတ်ထွက်ဖို့ အဆင်သင့်ရှိပါတယ်”ဟု တို်င်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက လွှတ်တော်အစည်းအဝေးတွင် ပြောကြားသွားသည်။
လွှတ်တော်ဥပဒေနှင့်အညီ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေငွေစာရင်းအား တစ်လကြို မပေးနိုင်သည့် အတွက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းကို ချို့ယွင်းချက်၊ အားနည်းချက်ရှိ၍ အယုံအကြည်မရှိဟုဆိုကာ ဝန်ကြီးတာဝန်မှ ရပ်ဆိုင်းစေမည်ဟု လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စာရင်းဇယားပေးရန် နောက်ကျရသည့် အကြောင်းရင်းအား ဖြေရှင်းချက်ပေးခဲ့ပြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ပတ်သက်၍ တာဝန်ခံကြောင်း လွှတ်တော်အစည်းအဝေးသို့ တက်ရောက်ပြောကြားသွားခြင်းဖြစ်သည်။
လစ်လပ်သွားသော ဝန်ကြီးနှစ်ဦးနေရာအား အစားထိုးခန့်ထားသည့် ကိစ္စရပ်တွင် လွှတ်တော်နှင့် အစိုးရအဖွဲ့ကြား သဘောထားကွဲလွဲမှုများရှိခဲ့၍ နောက်ထပ်ဝန်ကြီး အပြောင်းအလဲဖြစ်ရန် ဆန္ဒမရှိသော်လည်း ယခုလုပ်ဆောင်ချက်သည် အစိုးရ၊ လွှတ်တော်၊ ပါတီနှင့် ပြည်သူများအပေါ် ထိခိုက်လာမည်ဆိုပါက စဉ်းစားသွားမည်ဖြစ်ကြောင်း ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဌက တာချီလိတ်အေဂျင်စီသို့ ပြောသည်။
သတင်း - ဖီးနစ်
ဓာတ်ပုံ - လွှတ်တော်