က်ဳိင္းတံုၿမိဳ႕နယ္ ပန္ဆြန္ရြာလယ္လမ္းတြင္ မူးယစ္ေဆးသံုးေနသည့္ လူငယ္တစ္ဦးအား ဖမ္းဆီးရမိ

က်ဳိင္းတံုၿမိဳ႕နယ္ ပန္ဆြန္ရြာလယ္လမ္းတြင္ မူးယစ္ေဆးသံုးေနသည့္ လူငယ္တစ္ဦးအား ဖမ္းဆီးရမိ
ဇွန် 23, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕နယ္၊ မိုင္းဇင္းေက်းရြာအုပ္စု၊ ပန္ဆြန္ရြာလမ္းမေဘးတြင္ ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၂၃)ရက္ေန႔ နံနက္ (၅)နာရီခြဲဝန္းက်င္တြင္ မူးယစ္ေဆးသံုးစြဲေနသည့္ လူငယ္တစ္ဦးထံက WY စိတ္ၾကြေဆးျပား (၂၂) ျပားအား ဖမ္းဆီးရမိေၾကာင္း သိရသည္။

ပန္ဆြန္ရြာလမ္းမေဘးတြင္ မူးယစ္ေဆး၀ါး ေရာင္းဝယ္သံုးစြဲသူမ်ားရိွေၾကာင္း သတင္းအရ က်ိဳင္းတံုခရိုင္ရဲတပ္ဖြဲ႕(မႈ/ကူ)မွ တပ္ဖြဲ႕ဝင္မ်ား၊ စရဖမွ တပ္ဖြဲ႔ဝင္မ်ားသည္ သက္ေသမ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕ႏွင့္ အတူ သြားေရာက္ရွာေဖြရာ အသက္(၂၅)ႏွစ္အရြယ္ ခ်စ္ကိုကိုဆိုသူအား ေတြ႔ရၿပီး ၎က စိတ္ၾကြေဆးျပား (၂၂)ျပားကို ရဲတပ္ဖြဲ႕သို႔ အပ္ႏွံျခင္းျဖစ္ေၾကာင္း သိရသည္။

၎သည္ စိတ္ၾကြေဆးျပား (၂၅)ျပားဝယ္လာၿပီး သံုးစြဲေနစဥ္ ရဲတပ္ဖြဲ႕က ဖမ္းဆီးမိျခင္းျဖစ္ေၾကာင္း သိရသည္။

ခ်စ္ကိုကိုအား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၁၀၀/၂၀၁၈၊ မူး/စိတ္ ၁၆(၈)ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း -  ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႕


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ပန်ဆွန်ရွာလမ်းမဘေးတွင် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၃)ရက်နေ့ နံနက် (၅)နာရီခွဲဝန်းကျင်တွင် မူးယစ်ဆေးသုံးစွဲနေသည့် လူငယ်တစ်ဦးထံက WY စိတ်ကြွဆေးပြား (၂၂) ပြားအား ဖမ်းဆီးရမိကြောင်း သိရသည်။

ပန်ဆွန်ရွာလမ်းမဘေးတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများရှိကြောင်း သတင်းအရ ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့(မှု/ကူ)မှ တပ်ဖွဲ့ဝင်များ၊ စရဖမှ တပ်ဖွဲ့ဝင်များသည် သက်သေများ ပါဝင်သည့် ပူးပေါင်းအဖွဲ့နှင့် အတူ သွားရောက်ရှာဖွေရာ အသက်(၂၅)နှစ်အရွယ် ချစ်ကိုကိုဆိုသူအား တွေ့ရပြီး၎င်းက စိတ်ကြွဆေးပြား (၂၂)ပြားကို ရဲတပ်ဖွဲ့သို့ အပ်နှံခြင်းဖြစ်ကြောင်း သိရသည်။

၎င်းသည် စိတ်ကြွဆေးပြား (၂၅)ပြားဝယ်လာပြီး သုံးစွဲနေစဉ် ရဲတပ်ဖွဲ့က ဖမ်းဆီးမိခြင်းဖြစ်ကြောင်း သိရသည်။

ချစ်ကိုကိုအား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ) ၁၀၀/၂၀၁၈၊ မူး/စိတ် ၁၆(၈)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~