ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရှိ လိုတပ်ကုန်တိုက်အကျော် ထမ့်လုံခွန်နမ့် ရေထွက်အနီး လှိုဏ်ဂူအတွင်းမှ ဇွန်လ(၂၃)ရက်နေ့ ကတည်းက ပြန်ထွက်လာနိုင်ခြင်း မရှိသေးသည့် လူငယ်(၁၃)ဦးအား ဇွန်လ(၂၅)ရက်နေ့ နံနက် (၁၀)နာရီကျော် အထိ ရှာဖွေမတွေ့ရှိသေးသဖြင့် ထိုင်းနိုင်ငံတော်ဝင်ရေတပ်၏ အထူးအဖွဲ့ဖြင့်ပါ ရှာဖွေနေရကြောင်း သိရသည်။
ကယ်ဆယ်ရေးလုပ်ငန်းများအား ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူး၊ ချင်းရိုင်းခရိုင်ရဲတပ်ဖွဲ့မှူးတို့မှ ကြီးကြပ်ကာ ချင်းမိုင်၊ ချင်းရိုင်း နှင့် မယ်ဆိုင်မြို့တို့ရှိ ကျွမ်းကျင်ကယ်ဆယ်ရေးအဖွဲ့များဖြင့် ရှာဖွေမှုများကို ဇွန်လ(၂၃)ရက်နေ့ ညပိုင်းကတည်းက ဆောင်ရွက်နေပြီး၊ ဆက်လက်၍ ရှာဖွေရန်အတွက် ဇွန်လ(၂၅)ရက်နေ့ နံနက်(၂)နာရီက ထိုင်းနိုင်ငံ တော်ဝင်ရေတပ်မှ အထူးအဖွဲ့များလည်း ရောက်ရှိနေပြီးဖြစ်ရာ ဇွန်လ(၂၅)ရက်နေ့ နံနက်(၄း၁၅)နာရီက စတင်၍ နံနက်(၁၁)နာရီကျော်အထိ ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။
ချင်းရိုင်းနှင့်မယ်ဆိုင်မြို့ရှိ ဒေသခံ စေတနာရှင်များကလည်း ကယ်ဆယ်ရေးရှာဖွေပေးနေသည့် အဖွဲ့များနှင့် လာရောက် ကူညီပေးနေကြသူများ၊ ဆေးရုံဝန်ထမ်းများ၊ လျှပ်စစ်အဖွဲ့များ၊ လမ်းရှင်းပေးနေသူများအတွက် အစားအစာများနှင့် သောက်ရေသန့်များဖြင့် လာရောက်လှူဒါန်းပေးနေကြောင်းလည်း သိရသည်။
ဂူထဲမှ ပြန်လည်၍ မထွက်လာနိုင်သေးသည့် လူငယ်များမှာ မယ်ဆိုင်ကျောင်းပေါင်းစုံမှ အားကစားသမား ကျောင်းသား(၁၂)ဦး နှင့် အားကစားနည်းပြ(၁)ဦးဖြစ်ရာ အသက်အကြီးဆုံးအနေဖြင့် (၂၅)နှစ်မှ အသက်အငယ်ဆုံး (၁၁)နှစ်အထိ ပါဝင်ကြောင်း သိရသည်။
၎င်းတို့သည် ဂူထဲသို့ ၀င်ရောက်ချိန်တွင် ဂူအတွင်းရေကြီးမှုများဖြစ်ပေါ်ခြင်းမရှိသေးဘဲ ဂူမှ ပြန်ထွက်ရန်မှာ ရေကြီးလာသဖြင့် ခက်ခဲသွားခြင်း ဖြစ်နိုင်ကြောင်း သွားရောက်ကယ်ဆယ်သူများက ဆိုသည်။
ထိုင်းနိုင်ငံနှင့်မြန်မာလူမှုစာမျက်နှာများ(Facebook)တွင် ကလေးများကို ရှာဖွေတွေ့ရှိနေသော်လည်း ရေကြီးနေ၍ ကယ်ဆယ်ရန် ခက်ခဲနေကြောင်းဟု ရေးသားမှုများနှင့် ပတ်သက်၍ ကလေးများကို ရှာဖွေတွေ့ရှိနေပြီဆိုသည်မှာ မဟုတ်မှန်ကြောင်း လက်ရှိအချိန်အထိ လူငယ်(၁၃)ဦးကို ရှာဖွေတွေ့ရှိရခြင်း မရှိသေးသော်လည်း ၎င်းတို့၏ အသုံးအဆောင်ပစ္စည်းများကိုသာ ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း မယ်ဆိုင်မြို့ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
အဆိုပါ ဂူသည် တာချီလိတ်မြို့နှင့် သိပ်မဝေးသည့်အတွက် တာချီလိတ်မှ လူငယ်နှင့်လူကြီးများလည်း ရံဖန်ရံခါတွင် သွားရောက် လည်ပတ်လေ့ရှိသော ဂူဖြစ်ကြောင်း သိရသည်။
သတင်း - ကိုဇောင်း
ဓာတ်ပုံ - MST
"အခုသွားကြည့်တာ အဲ့ကို လာတဲ့ မီဒီယာတွေ၊ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ လာကြည့်ကြတဲ့ ကားတွေက အစီး(၅၀၀)လောက်ရှိတယ်၊ ဂူနားမှာ အရေးပေါ် ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ထားတယ်။ ဂူထဲကနေ ရှာဖွေကယ်ဆယ်တွေ့ရှိတဲ့အခါ အသက်ရှိသေးရင် အရေးပေါ် ကုသနိုင်ဖို့ ဆေးရုံအုပ်ကြီးကိုယ်တိုင် ထိုင်စောင့်နေတာ၊ တစ်သုတ်ပြီးတစ်သုတ် အုပ်စုခွဲပြီး သွားရှာနကြေတယ်၊ အခြေအနေကတော့ ဘာမှမထူးသေးဘူး"ဟု အဆိုပါ ဂူအနီးသို့ သွားရောက်နေသည့် တာချီလိတ်မြို့နေ အမျိုးသားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ(၂၅)ရက်နေ့ နံနက်(၁၀)နာရီကျော်က ပြောသည်။
ကယ်ဆယ်ရေးလုပ်ငန်းများအား ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူး၊ ချင်းရိုင်းခရိုင်ရဲတပ်ဖွဲ့မှူးတို့မှ ကြီးကြပ်ကာ ချင်းမိုင်၊ ချင်းရိုင်း နှင့် မယ်ဆိုင်မြို့တို့ရှိ ကျွမ်းကျင်ကယ်ဆယ်ရေးအဖွဲ့များဖြင့် ရှာဖွေမှုများကို ဇွန်လ(၂၃)ရက်နေ့ ညပိုင်းကတည်းက ဆောင်ရွက်နပြေီး၊ ဆက်လက်၍ ရှာဖွေရန်အတွက် ဇွန်လ(၂၅)ရက်နေ့ နံနက်(၂)နာရီက ထိုင်းနိုင်ငံ တော်ဝင်ရေတပ်မှ အထူးအဖွဲ့များလည်း ရောက်ရှိနပြေီးဖြစ်ရာ ဇွန်လ(၂၅)ရက်နေ့ နံနက်(၄း၁၅)နာရီက စတင်၍ နံနက်(၁၁)နာရီကျော်အထိ ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ လှိုဏ်ဂူအတွင်းရှာဖွေမှုများ ပြုလုပ်ရာတွင် ထိုင်းတော်ဝင်ရေတပ်မှ အထူးအဖွဲ့ အပါအဝင် ကျွမ်းကျင် ကယ်ဆယ်ရေးအဖွဲ့များ၊ ကျွမ်းကျင်နိုင်ငံခြားသားများဖြင့် နေရာများဖြန့်ကျက်ကာ ရှာဖွေမှုများ ပြုလုပ်နေလျက်ရှိပြီး ရေငုပ်ရှာဖွေရာတွင် ရေနောက်နေသည့်အတွက် ရေထဲအသုံးပြုသည့် ဓာတ်မီးဖြင့် ထိုးသော်လည်း ကောင်းစွာ မမြင်ရကြောင်းနှင့် သွားလာရခက်ခဲသည့် နေရာများတွင် ကျောက်ဆူး ချွန်များလည်း ရှိနေသည်ကို တွေ့ရှိရသည့် အတွက် အချို့နေရာများကို စက်များဖြင့် ဖျက်၍ သွားရောက် ရှာဖွေနေရကြောင်း သိရသည်။
ချင်းရိုင်းနှင့်မယ်ဆိုင်မြို့ရှိ ဒေသခံ စေတနာရှင်များကလည်း ကယ်ဆယ်ရေးရှာဖွေပေးနေသည့် အဖွဲ့များနှင့် လာရောက် ကူညီပေးနကြေသူများ၊ ဆေးရုံဝန်ထမ်းများ၊ လျှပ်စစ်အဖွဲ့များ၊ လမ်းရှင်းပေးနေသူများအတွက် အစားအစာများနှင့် သောက်ရေသန့်များဖြင့် လာရောက်လှူဒါန်းပေးနေကြောင်းလည်း သိရသည်။
ဂူထဲမှ ပြန်လည်၍ မထွက်လာနိုင်သေးသည့် လူငယ်များမှာ မယ်ဆိုင်ကျောင်းပေါင်းစုံမှ အားကစားသမား ကျောင်းသား(၁၂)ဦး နှင့် အားကစားနည်းပြ(၁)ဦးဖြစ်ရာ အသက်အကြီးဆုံးအနဖြေင့် (၂၅)နှစ်မှ အသက်အငယ်ဆုံး (၁၁)နှစ်အထိ ပါဝင်ကြောင်း သိရသည်။
၎င်းတို့သည် ဂူထဲသို့ ဝင်ရောက်ချိန်တွင် ဂူအတွင်းရကြေီးမှုများဖြစ်ပေါ်ခြင်းမရှိသေးဘဲ ဂူမှ ပြန်ထွက်ရန်မှာ ရကြေီးလာသဖြင့် ခက်ခဲသွားခြင်း ဖြစ်နိုင်ကြောင်း သွားရောက်ကယ်ဆယ်သူများက ဆိုသည်။
ထိုင်းနိုင်ငံနှင့်မြန်မာလူမှုစာမျက်နှာများ(Facebook)တွင် ကလေးများကို ရှာဖွေတွေ့ရှိနေသော်လည်း ရကြေီးနေ၍ ကယ်ဆယ်ရန် ခက်ခဲနေကြောင်းဟု ရေးသားမှုများနှင့် ပတ်သက်၍ ကလေးများကို ရှာဖွေတွေ့ရှိနပြေီဆိုသည်မှာ မဟုတ်မှန်ကြောင်း လက်ရှိအချိန်အထိ လူငယ်(၁၃)ဦးကို ရှာဖွေတွေ့ရှိရခြင်း မရှိသေးသော်လည်း၎င်းတို့၏ အသုံးအဆောင်ပစ္စည်းများကိုသာ ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း မယ်ဆိုင်မြို့ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
အဆိုပါ ဂူသည် တာချီလိတ်မြို့နှင့် သိပ်မေဝးသည့်အတွက် တာချီလိတ်မှ လူငယ်နှင့်လူကြီးများလည်း ရံဖန်ရံခါတွင် သွားရောက် လည်ပတ်လေ့ရှိသော ဂူဖြစ်ကြောင်း သိရသည်။
သတင်း - ကိုဇောင်း
ဓာတ်ပုံ - MST