“တံတားသာယာလွပေရးအတြက္ လုပ္ေဆာင္ရမွာေတြ ၾကည့္ရႈစစ္ေဆးတာပါ။ တံတားက ဟိုဘက္ အျခမ္းနဲ႔ ဒီဘက္အျခမ္းက နည္းနည္းေလးကြာေနေတာ့ ပန္းအလွပင္ေလးေတြ စိုက္တာကအစ သန္႔ရွင္းသာယာ လွပေအာင္လုပ္ဖို႔ ခရိုင္စီခန္႔က အေသးစိတ္ညႊန္ၾကားတာေတြ ရိွပါတယ္။”ဟု တာခ်ီလိတ္ခရုိင္စီမံခန္႕ခြဲမွဳေကာ္မတီ အတြင္းေရးမွဴး၊ အလုပ္သမားလူ၀င္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဦးစီးဌာန ခရုိင္ဦးစီးဌာနမွဴး ဒုတိယညႊန္ၾကားေရးမွဴး ဦးေက်ာ္ေမာ္ထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
တာခ်ီလိတ္ခရုိင္စီမံခန္႔ခြဲမွဳေကာ္မတီ ဥကၠဌ၊ ခရုိင္အုပ္ခ်ဳပ္ေရးမွဴးဦးျမင့္ႏုိင္ႏွင့္ ခရုိင္စီမံခန္႕ခြဲမွဳေကာ္မတီ အတြင္းေရးမွဴး၊ အလုပ္သမားလူ၀င္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဦးစီးဌာန ခရုိင္ဦးစီးဌာနမွဴး ဒုတိယညႊန္ၾကားေရးမွဴး ဦးေက်ာ္ေမာ္ထြန္း၊ ခရုိင္ရဲတပ္ဖြဲ႕မွဴး ဒုတိယရဲမွဴးႀကီးေပၚထြန္းႏွင့္ အဖြဲ႕သည္ ၿမိဳ႕နယ္စီမံခန္႔ခြဲမွဳေကာ္မတီဥကၠဌ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္ႏွင့္ ဌာနဆုိင္ရာ အႀကီးအကဲမ်ား ပါဝင္ေသာအဖြဲ႕က ခ်စ္ၾကည္ေရးတံတားေပၚမွ ဌာနဆိုင္ရာမ်ား၏ လုပ္ငန္း ေဆာင္ရြက္မွဳအေျခအေနမ်ားကုိ ကြင္းဆင္းစစ္ေဆးၿပီး လုိအပ္ခ်က္မ်ားကုိ မွာၾကားခဲ့ေၾကာင္း သိရသည္။
ခရုိင္အုပ္ခ်ဳပ္ေရးမွဴးက ျမန္မာ-ထုိင္း ႏွစ္ႏုိင္ငံနယ္စပ္ေဒသျဖစ္သျဖင့္ သန္႕ရွင္းသာယာ လွပေရး လုပ္ငန္းမ်ားကုိ ဦးစားေပး ေဆာင္ရြက္ေရး၊ ဌာနဆုိင္ရာမ်ား လုပ္ငန္းေဆာင္ရြက္ရာတြင္ ဥပေဒ ၊ နည္းဥပေဒ ျပဌာန္းခ်က္မ်ားႏွင့္အညီ လုိက္နာက်င့္သံုးေဆာင္ရြက္ေရး၊ တရားမ၀င္ ကန္႔သတ္ပစၥည္းမ်ား ျဖတ္သန္းသယ္ေဆာင္ခြင့္ မျပဳေရး၊ အမ်ားျပည္သူႏွင့္ ထိေတြ႕ေဆာင္ရြက္ရသျဖင့္ ယဥ္ေက်းသိမ္ေမြ႕စြာေျပာဆုိဆက္ဆံေရးတို႔ကို မွာၾကားခဲ့ေၾကာင္း သိရသည္။
ဓါတ္ပံု - ခရုိင္ေထြ/အုပ္
မြန်မာ - ထိုင်းနယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းအမှတ်(၁) ချစ်ကြည်ရေးတံတားတွင် သာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၀)ရက်နေ့တွင် တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌနှင့် အဖွဲ့က ကွင်းဆင်း စစ်ဆေးကြောင်းသိရသည်။
“တံတားသာယာလှပရေးအတွက် လုပ်ဆောင်ရမှာတွေ ကြည့်ရှုစစ်ဆေးတာပါ။ တံတားက ဟိုဘက် အခြမ်းနဲ့ ဒီဘက်အခြမ်းက နည်းနည်းလေးကွာနေတော့ ပန်းအလှပင်လေးတွေ စိုက်တာကအစ သန့်ရှင်းသာယာ လှပအောင်လုပ်ဖို့ ခရိုင်စီခန့်က အသေးစိတ်ညွှန်ကြားတာတွေ ရှိပါတယ်။”ဟု တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်နိုင်နှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးပေါ်ထွန်းနှင့် အဖွဲ့သည် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ ပါဝင်သောအဖွဲ့က ချစ်ကြည်ရေးတံတားပေါ်မှ ဌာနဆိုင်ရာများ၏ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး လိုအပ်ချက်များကို မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်အုပ်ချုပ်ရေးမှူးက မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ဒေသဖြစ်သဖြင့် သန့်ရှင်းသာယာ လှပရေး လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ရေး၊ ဌာနဆိုင်ရာများ လုပ်ငန်းဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ ပြဌာန်းချက်များနှင့်အညီ လိုက်နာကျင့်သုံးဆောင်ရွက်ရေး၊ တရားမဝင် ကန့်သတ်ပစ္စည်းများ ဖြတ်သန်းသယ်ဆောင်ခွင့် မပြုရေး၊ အများပြည်သူနှင့် ထိတွေ့ဆောင်ရွက်ရသဖြင့် ယဉ်ကျေးသိမ်မွေ့စွာပြောဆိုဆက်ဆံရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - ခရိုင်ထွေ/အုပ်