ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်နှင့် မြို့နယ်သစ်တောဦးစီးဌာနက မိုင်းကိုးကျေးရွာအုပ်စုရှိ အမှတ်(၁၀၀၉) နယ်ခြားစောင့်တပ်အနီးတွင် ၂၀၁၈ ခုနှစ် ဇွန်လ (၁၉)ရက်နေ့၌ စုပေါင်း ကျင်းပ ပြုလုပ်သည့် မိုးရာသီသစ်ပင် စုပေါင်းစိုက်ပျိုးပွဲ၌ သစ်ပင်ပေါင်း (၈၀၀)ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
တာချီလိတ်ခရိုင် အနေဖြင့် တာချီလိတ်မြို့ နှင့် မိုင်းဖြတ်မြို့နယ် သစ်တောဦးစီးဌာနများသို့ ၂၀၁၈ ခုနှစ် မိုးရာသီအတွင်း ပျိုးပင်ပေါင်း (၁၂၀,၀၀၀)အား ဖြန့်ဝေ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာတစ်နိုင်ငံလုံး အနေဖြင့် ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လတာ ကာလကို ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှုအား ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် လုပ်ဆောင် သွားမည်ဖြစ်ပြီး ပျိုးပင်ပေါင်း (၇၇.၆)သန်း စိုက်ပျိုးမည်ဖြစ်ကာ လူထုသို့ ပျိုးပင်ပေါင်း (၁၀.၃)သန်း ဖြန့်ဝေသွားမည် ဖြစ်ကြောင်း သိရသည်။
ဇွန်လ (၁၉)ရက်နေ့တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များအဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာအရ တစ်ပြိုင်တည်း စိုက်ပျိုးနေကြခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ဝေယံလင်း
သစ်ပင်စိုက်ပွဲသို့ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအေးမင်းဦး နှင့် တပ်နယ်မှ တပ်ရင်းတပ်ဖွဲ့များ၊ အမှတ်(၁၀၀၉)နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးအောင်ငြိမ်းချမ်း နှင့် တပ်ဖွဲ့ဝင်များ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ တာချီလိတ်ခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးလွင်၊ မြို့နယ်သစ်တောဦးစီးဌာန မှ ဦးစီးအရာရှိ ဦးအောင်စိုးတင့်၊ ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အထက(မိုင်းကိုး) မှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံများမှ စုပေါင်း စိုက်ပျိုးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးခဲ့ကြသည့် သစ်ပင်များတွင် ကျွန်း(၄၀၃)ပင်၊ ပိတောက်(၃)ပင်၊ ကံ့ကော်(၁)ပင်၊ မဟော်ဂနီ(၂)ပင်၊ ခရေ(၁)ပင်၊ မယ်ဇလီ အပင်(၈၀)၊ ယူကလစ် အပင်(၅၀)၊ တောင်တမာ အပင်(၈၀)၊ ယမနေ အပင်(၈၀) နှင့် လျှော်ဖြူ အပင်(၁၀၀) စုစုပေါင်း အပင်(၈၀၀)ပါဝင်ကြောင်း သိရသည်။
တာချီလိတ်ခရိုင် အနဖြေင့် တာချီလိတ်မြို့ နှင့် မိုင်းဖြတ်မြို့နယ် သစ်တောဦးစီးဌာနများသို့ ၂၀၁၈ ခုနှစ် မိုးရာသီအတွင်း ပျိုးပင်ပေါင်း (၁၂၀,ဝဝဝ)အား ဖြနေ့်ဝ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာတစ်နိုင်ငံလုံး အနဖြေင့် ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လတာ ကာလကို ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှုအား ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် လုပ်ဆောင် သွားမည်ဖြစ်ပြီး ပျိုးပင်ပေါင်း (၇၇.၆)သန်း စိုက်ပျိုးမည်ဖြစ်ကာ လူထုသို့ ပျိုးပင်ပေါင်း (၁၀.၃)သန်း ဖြန့်ဝေသွားမည် ဖြစ်ကြောင်း သိရသည်။
ဇွန်လ (၁၉)ရက်နေ့တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များအဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာအရ တစ်ပြိုင်တည်း စိုက်ပျိုးနကြခြေင်းဖြစ်ကြောင်း သိရသည်။
သတင်း -ေဝယံလင်း
ဓာတ်ပုံ - အောင်ကျော်ဝင်းစိန်