ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြို ပုံပြောပြိုင်ပွဲ ၊ ပန်းချီပြိုင်ပွဲကို ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၄) ရက်နေ့က ကျင်းပရာ စုစုပေါင်း ကျောင်းသားကျောင်းသူ(၃၁)ဦး ပါဝင် ယှဉ်ပြိုင်ကြောင်း သိရသည်။
အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှဌေးက ယနေ့လူငယ် နောင်ဝယ်လူကြီးဖြစ်လာမည့် ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကို သိရှိရှောင်ရှားနိုင်စေရန်၊ လူအများကြားတွင် ပြောရဲဆိုရဲတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်နှင့် ဥာဏ်ရည် ဥာဏ်သွေးထက်မြက်ပြီး အတွေးအခေါ်တိုးတက်မြင့်မားလာစေရန်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
သတင်း - ဝေယံလင်း
ဓါတ်ပုံ - ယာဆေး
အဆိုပါ ပြိုင်ပွဲကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ အဆိုပါ ဦးစီးဌာနရုံးရှိ Community Centre၌ ကျင်းပရာ မူလတန်းအဆင့် ပုံပြောပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၇)ဦးနှင့် ပန်းချီပြိုင်ပွဲတွင် (၁၂) ဦး၊ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် (၁၂) ဦး ယှဉ်ပြိုင်ကြခြင်းဖြစ်ကြောင်း သိရသည်။
အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှဌေးက ယနေ့လူငယ် နောင်ဝယ်လူကြီးဖြစ်လာမည့် ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကို သိရှိရှောင်ရှားနိုင်စေရန်၊ လူအများကြားတွင် ပြောရဲဆိုရဲတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်နှင့် ဉါဏ်ရည် ဉာဏ်သွေးထက်မြက်ပြီး အတွေးအခေါ်တိုးတက်မြင့်မားလာစေရန်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆုရကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာများ၊ မြို့နယ်ပန်းချီပညာရှင်များနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သတင်း - ဝေယံလင်း
ဓာတ်ပုံ - ယာဆေး