ေနရပ္ျပန္လာသည့္ ထုိင္းႏုိင္ငံေရာက္ ျမန္မာေရႊ႕ေျပာင္းလုပ္သား (၁၆)ဦး တာခ်ီလိတ္သို႔ေရာက္ရိွ

ေနရပ္ျပန္လာသည့္ ထုိင္းႏုိင္ငံေရာက္ ျမန္မာေရႊ႕ေျပာင္းလုပ္သား (၁၆)ဦး တာခ်ီလိတ္သို႔ေရာက္ရိွ
ဇွန် 19, 2018
By Tachileik News Agency

ေနရပ္ျပန္လာသည့္ ထိုင္းႏုိင္ငံေရာက္ ျမန္မာေရႊ႕ေျပာင္းလုပ္သား (၁၆)ဦး ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕သို႔ ၂၀၁၈ ခုႏွစ္ ဇြန္လ (၁၉)ရက္ေန႔တြင္ ျပန္ဝင္လာေၾကာင္း သိရသည္။

ျမန္မာႏုိင္ငံသား အမ်ိဳးသား (၈)ဦး၊ အမ်ိဳးသမီး (၇)ဦးႏွင့္ ကေလး (၁)ဦးတုိ႔ ပါဝင္သည့္ အဖြဲ႕သည္ ထုိင္းႏုိင္ငံတြင္ ေနထိုင္ခြင့္ အေထာက္အထားျပဳလုပ္ႏုိင္ရန္ အတြက္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ႏုိင္ငံကူးလက္မွတ္သြားေရာက္ျပဳလုပ္ႏုိင္ရန္ ထုိင္းႏုိင္ငံ မယ္ဆိုင္ လူဝင္မႈႀကီးၾကပ္ေရးထံ အကူအညီေတာင္းခံသျဖင့္ ထုိင္းနုိင္ငံတာဝန္ရိွသူမ်ားက ဇြန္လ (၁၉)ရက္ေန႔တြင္ ျမန္မာႏုိင္ငံဘက္သို႔ လႊဲေျပာင္းေပးလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ လႊဲေျပာင္းလာသူမ်ားမွာ ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ (၃)ဦးႏွင့္ ရွမ္းျပည္နယ္ေတာင္ပိုင္းမွ (၁၁)ဦးတို႔ျဖစ္ၿပီး ျမန္မာႏုိင္ငံဘက္မွ တာခ်ီလိတ္ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အလုပ္သမား လူဝင္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာဌာန၊ လူကုန္ကူးမွဳ တုိက္ဖ်က္ေရး ရဲတပ္ဖြဲ႕၊ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညိႇႏွိဳင္းေရးေကာ္မတီဝင္ (CNCMC) တုိ႔က လက္ခံႀကိဳဆုိခဲ့ၾကေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံတြင္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသားမ်ားအား ျမန္မာ - ထုိင္းနယ္စပ္ၿမိဳ႕မ်ားသို႔ ထုိင္းႏုိင္ငံက လႊဲေျပာင္းေပးေလ့ရိွရာ တာခ်ီလိတ္ၿမိဳ႕သို႔ လႊဲေျပာင္းေပးလာသည့္ဦးေရမွာ ၂၀၁၈ ခုႏွစ္၊ ဇန္န၀ါရီလ(၁)ရက္ေန႔မွ ဇြန္လ(၁၈)ရက္ေန႔အထိ အမ်ိဳးသား(၂၉၇)ဦး၊ အမ်ိဳးသမီး(၁၃၆)ဦးႏွင့္ ကေလး(၁၆) ဦး၊ စုစုေပါင္း ( ၄၄၉) ဦးရိွၿပီျဖစ္ေၾကာင္း သိရသည္။

သတင္း - စိုင္းေဇယ်ာ
ဓါတ္ပံု  - ၿမိဳ႕နယ္ေထြ/အုပ္

~~~~~~~~⊰❂ unicode ~~~~~~~~

နေရပ်ပြန်လာသည့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သား (၁၆)ဦး ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ၂၀၁၈ ခုနှစ် ဇွန်လ (၁၉)ရက်နေ့တွင် ပြန်ဝင်လာကြောင်း သိရသည်။

မြန်မာနိုင်ငံသား အမျိုးသား (၈)ဦး၊ အမျိုးသမီး (၇)ဦးနှင့် ကလေး (၁)ဦးတို့ ပါဝင်သည့် အဖွဲ့သည် ထိုင်းနိုင်ငံတွင် နေထိုင်ခွင့် အထောက်အထားပြုလုပ်နိုင်ရန် အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် နိုင်ငံကူးလက်မှတ်သွားရောက်ပြုလုပ်နိုင်ရန် ထိုင်းနိုင်ငံ မယ်ဆိုင် လူဝင်မှုကြီးကြပ်ရေးထံ အကူအညီတောင်းခံသဖြင့် ထိုင်းနိုင်ငံတာဝန်ရှိသူများက ဇွန်လ (၁၉)ရက်နေ့တွင် မြန်မာနိုင်ငံဘက်သို့ လွှဲပြောင်းပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လွှဲပြောင်းလာသူများမှာ ရှမ်းပြည်နယ်အရှေ့ပိုင်းမှ (၃)ဦးနှင့် ရှမ်းပြည်နယ်တောင်ပိုင်းမှ (၁၁)ဦးတို့ဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန၊ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီဝင် (CNCMC) တို့က လက်ခံကြိုဆိုခဲ့ကြကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများအား မြန်မာ - ထိုင်းနယ်စပ်မြို့များသို့ ထိုင်းနိုင်ငံက လွှဲပြောင်းပေးလေ့ရှိရာ တာချီလိတ်မြို့သို့ လွှဲပြောင်းပေးလာသည့်ဦးရေမှာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှ ဇွန်လ(၁၈)ရက်နေ့အထိ အမျိုးသား(၂၉၇)ဦး၊ အမျိုးသမီး(၁၃၆)ဦးနှင့် ကလေး(၁၆) ဦး၊ စုစုပေါင်း ( ၄၄၉) ဦးရှိပြီဖြစ်ကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - မြို့နယ်ထွေ/အုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~