ထုိင္းႏုိင္ငံတြင္း ဖမ္းဆီးရမိသည့္ ျမန္မာလုပ္သား (၁၀)ဦးကို တာခ်ီလိတ္သို႔ျပန္လည္လႊဲေျပာင္း

ထုိင္းႏုိင္ငံတြင္း ဖမ္းဆီးရမိသည့္ ျမန္မာလုပ္သား (၁၀)ဦးကို တာခ်ီလိတ္သို႔ျပန္လည္လႊဲေျပာင္း
ဇွန် 21, 2018
By Tachileik News Agency

ထိုင္းႏုိင္ငံတြင္း နယ္ေျမေက်ာ္လြန္သြားေရာက္မႈျဖင့္ ဖမ္းဆီးခံရသည့္ ျမန္မာေရႊ႕ေျပာင္းလုပ္သားမိသားစု (၁၀)ဦးကို ထုိင္းႏုိင္ငံ တာဝန္ရိွသူမ်ားက ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕သို႔ ၂၀၁၈ ခုႏွစ္ ဇြန္လ (၂၁)ရက္ေန႔တြင္ လႊဲေျပာင္းေပးလာေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ အေရွ႕ပိုင္းႏွင့္ ေတာင္ပိုင္းေဒသမ်ားမွ အမ်ိဳးသား (၄)ဦး၊ အမ်ိဳးသမီး (၄)ဦးႏွင့္ ကေလး(၂)ဦးတို႔အား လႊဲေျပာင္းေပးလာရာ ျမန္မာႏုိင္ငံဘက္မွ တာခ်ီလိတ္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အလုပ္သမား လူဝင္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာဌာန၊ လူကုန္ကူးမွဳ တုိက္ဖ်က္ေရး ရဲတပ္ဖြဲ႕၊ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညိႇႏွိဳင္းေရး ေကာ္မတီဝင္ (CNCMC) တုိ႔က လက္ခံႀကိဳဆုိခဲ့ၾကေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံတြင္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသားမ်ားအား ျမန္မာ - ထုိင္း နယ္စပ္ၿမိဳ႕မ်ားသို႔ ထုိင္းႏုိင္ငံက လႊဲေျပာင္းေပးေလ့ရိွရာ တာခ်ီလိတ္ၿမိဳ႕သို႔ လႊဲေျပာင္းေပးလာသည့္ဦးေရမွာ ၂၀၁၈ ခုႏွစ္၊ ဇန္န၀ါရီလ(၁)ရက္ေန႔မွ ဇြန္လ(၂၁)ရက္ေန႔အထိ အမ်ိဳးသား(၃၁၁)ဦး၊ အမ်ိဳးသမီး(၁၄၉)ဦးႏွင့္ ကေလး(၁၉) ဦး၊ စုစုေပါင္း ( ၄၇၉) ဦးရိွၿပီျဖစ္ေၾကာင္း သိရသည္။

သတင္း - စိုင္းေဇယ်ာ
ဓါတ္ပံု - ၿမိဳ႕နယ္ေထြ/အုပ္


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံတွင်း နယ်မြေကျော်လွန်သွားရောက်မှုဖြင့် ဖမ်းဆီးခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သားမိသားစု (၁၀)ဦးကို ထိုင်းနိုင်ငံ တာဝန်ရှိသူများက ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ၂၀၁၈ ခုနှစ် ဇွန်လ (၂၁)ရက်နေ့တွင် လွှဲပြောင်းပေးလာကြောင်း သိရသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသများမှ အမျိုးသား (၄)ဦး၊ အမျိုးသမီး (၄)ဦးနှင့် ကလေး(၂)ဦးတို့အား လွှဲပြောင်းပေးလာရာ မြန်မာနိုင်ငံဘက်မှ တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန၊ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီဝင် (CNCMC) တို့က လက်ခံကြိုဆိုခဲ့ကြကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများအား မြန်မာ - ထိုင်း နယ်စပ်မြို့များသို့ ထိုင်းနိုင်ငံက လွှဲပြောင်းပေးလေ့ရှိရာ တာချီလိတ်မြို့သို့ လွှဲပြောင်းပေးလာသည့်ဦးရေမှာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှ ဇွန်လ(၂၁)ရက်နေ့အထိ အမျိုးသား(၃၁၁)ဦး၊ အမျိုးသမီး(၁၄၉)ဦးနှင့် ကလေး(၁၉) ဦး၊ စုစုပေါင်း ( ၄၇၉) ဦးရှိပြီဖြစ်ကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - မြို့နယ်ထွေ/အုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~