ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ် မိုင်းခတ် - မိုင်းယန်းကားလမ်း၌ မူးယစ်ဆေးဝါး သယ်ဆောင်လာသူအား တပ်မတော်က စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ထွက်ပြေးသွားကြောင်း သိရသည်။
သတင်း - စိုင်းဇေယျာ
မိုင်းခတ် - မိုင်းယန်းကားလမ်း၌ ၂၀၁၈ ခုနှစ် မေလ (၉)ရက်နေ့ ည (၈)နာရီခွဲဝန်းကျင်တွင်
အမည်မသိအမျိုးသား တစ်ဦးမှ အထုပ်တစ်ထုပ် ထမ်းလာသည်ကိုတွေ့ရှိ၍ တပ်မတော်က ရပ်တန့်ခိုင်းစဉ် အထုပ်အားပစ်ချပြီး တောင်ကြောများ အကြားသို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ကျန်ခဲ့သည့် အထုပ်အား ဖွင့်ဖောက် စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား (၁၉,၉၀၀) ပြားတွေ့ရှိ၍ မိုင်းခတ်မြို့မရဲစခန်းသို့ လွှဲပြောင်းပေးထားပြီး မူးယစ်ဆေးဝါးမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ထားရှိကြောင်း သိရှိရသည်။
သတင်း - စိုင်းဇေယျာ