ျမန္မာ - ထိုင္း နယ္စပ္ တာခ်ီလိတ္မွတဆင့္ ႏိုင္ငံျခားသား ဧည့္သည္မ်ား (၉)ရက္အတြင္း ႏွစ္ေသာင္းေက်ာ္ ၀င္ေရာက္လည္ပတ္

ျမန္မာ - ထိုင္း နယ္စပ္ တာခ်ီလိတ္မွတဆင့္ ႏိုင္ငံျခားသား ဧည့္သည္မ်ား (၉)ရက္အတြင္း ႏွစ္ေသာင္းေက်ာ္ ၀င္ေရာက္လည္ပတ္
မေ 20, 2018
By Tachileik News Agency

ျမန္မာ - ထုိင္းနယ္စပ္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္စပ္မွေန၍ ဝင္ေရာက္လည္ပတ္သည့္ ႏုိင္ငံျခားသားအေရအတြက္မွာ ၂၀၁၈ ခုႏွစ္၊ ေမလ (၉) ရက္ေန႔မွ ေမလ (၁၇) ရက္ေန႔အထိ စုစုေပါင္း (၂၁,၄၅၄) ဦးရိွေၾကာင္း သိရသည္။

အဆိုပါ ခရီးသြားအေရအတြက္တြင္ မုိင္းျဖတ္၊ က်ိဳင္းတံု ခရီးစဥ္သြားေရာက္သည့္ ႏုိ္င္ငံျခားသား ခရီးသြား အေရအတြက္မွာ (၁၃၄) ဦးႏွင့္ ဗီဇာျဖင့္လာေရာက္ လည္ပတ္ၾကသည့္ ႏုိ္င္ငံျခားသားခရီးသြား အေရအတြက္္ (၁၇၃) ဦးတို႔ ပါဝင္ေၾကာင္း သိရသည္။

ခရီးသြားဧည့္သည္အမ်ားစု လည္ပတ္ေလ့ရိွေသာေနရာမ်ားမွာ တာခ်ီလိတ္ၿမိဳ႕တြင္ တာေလာ့ေစ်း၊ ဘုရင့္ေနာင္ရုပ္တု၊ မဟာျမတ္မုနိဘုရားႀကီး၊ ဝမ္ေကာင္းေစ်း ၊ ကိုးၿမိဳ႕ရွင္နတ္နန္း၊ ေရႊတိဂံုေစတီေတာ္၊ ၿမိဳ႕လယ္ဓမၼာရံု၊  နဂါးႏွစ္ေကာင္ ဆရာေတာ္ေက်ာင္း၊ ကြမ္ရင္မယ္ေတာ္ တရုတ္ဘံုေက်ာင္း တို႔ ျဖစ္ၾကၿပီး မုိင္းျဖတ္ၿမိဳ႕တြင္ ျမတ္စြာဘုရားေျခေတာ္ရာေစတီ၊ ေစ်းတန္းႀကီး ဘုန္းႀကီးေက်ာင္း၊ သမုိင္းဝင္ ဆုေတာင္းျပည့္ ဆံေတာ္ရွင္ စြန္ေတာင္းေစတီ၊ က်ိဳင္းတံုၿမိဳ႕အဝင္ ဗုဒၶဥယ်ာဥ္ႏွင့္ က်ိဳင္းတံုၿမိဳ႕တြင္ မဟာျမတ္မုနိ၊ ဟိုခုံေက်ာင္း၊ ျမဘုရားေက်ာင္း၊ က်ိဳင္းရင္းဘုန္းႀကီးေက်ာင္း၊ ဝပ္အင္းေက်ာင္း၊ စြန္ေတာင္ေစတီ၊ ေက်ာ့မ္ဆရီေစတီ၊ ရမ္ကုန္းေက်ာင္း၊ ပါလ်န္ေက်ာင္း၊ ရပ္ေတာ္မူ၊ သစ္တစ္ပင္ေတာင္၊ ကမၻာေအးေစတီ၊ စံျပယန္းေလာေက်းရြာ၊ ကတ္ေတာင္ေက်းရြာအနီးရိွ ကိုးထပ္ေရတံခြန္မ်ားသို႔ သြားေရာက္လည္ပတ္ေလ့ရိွေၾကာင္း သိရသည္။

တာခ်ီလိတ္ နယ္စပ္၀င္ေပါက္မွတစ္ဆင့္ ဝင္ေရာက္သည့္ ႏိုင္ငံျခားခရီးသြားဧည့္သည္အေရအတြက္မွာ ၂၀၁၈ ခုႏွစ္ ဧၿပီလ (၁) ရက္ေန႔မွ ေမလ (၁၇) ရက္ေန႔အထိ စုစုေပါင္းမွာ (၁၀၄,၄၃၇) ဦးရိွၿပီး ယင္းတုိ႔အနက္ မုိင္းျဖတ္၊ က်ိဳင္းတံုခရီးစဥ္ သြားေရာက္သည့္ခရီးသည္ စုစုေပါင္း (၁,၄၀၉) ဦးႏွင့္ ဗီဇာျဖင့္ ဝင္ေရာက္လည္ပတ္သူ စုစုေပါင္း (၁,၀၄၀) ဦးရိွေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်စပ်မှနေ၍ ဝင်ရောက်လည်ပတ်သည့် နိုင်ငံခြားသားအရေအတွက်မှာ ၂၀၁၈ ခုနှစ်၊ မေလ (၉) ရက်နေ့မှ မေလ (၁၇) ရက်နေ့အထိ စုစုပေါင်း (၂၁,၄၅၄) ဦးရှိကြောင်း သိရသည်။

အဆိုပါ ခရီးသွားအရေအတွက်တွင် မိုင်းဖြတ်၊ ကျိုင်းတုံ ခရီးစဉ်သွားရောက်သည့် နို်င်ငံခြားသား ခရီးသွား အရေအတွက်မှာ (၁၃၄) ဦးနှင့် ဗီဇာဖြင့်လာရောက် လည်ပတ်ကြသည့် နို်င်ငံခြားသားခရီးသွား အရေအတွက် (၁၇၃) ဦးတို့ ပါဝင်ကြောင်း သိရသည်။

ခရီးသွားဧည့်သည်အများစု လည်ပတ်လေ့ရှိသောနေရာများမှာ တာချီလိတ်မြို့တွင် တာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ်မုနိဘုရားကြီး၊ ဝမ်ကောင်းဈေး၊ ကိုးမြို့ရှင်နတ်နန်း၊ ရွှေတိဂုံစေတီတော်၊ မြို့လယ်ဓမ္မာရုံ၊ နဂါးနှစ်ကောင် ဆရာတော်ကျောင်း၊ ကွမ်ရင်မယ်တော် တရုတ်ဘုံကျောင်း တို့ ဖြစ်ကြပြီး မိုင်းဖြတ်မြို့တွင် မြတ်စွာဘုရားခြေတော်ရာစေတီ၊ ဈေးတန်းကြီး ဘုန်းကြီးကျောင်း၊ သမိုင်းဝင် ဆုတောင်းပြည့် ဆံတော်ရှင် စွန်တောင်းစေတီ၊ ကျိုင်းတုံမြို့အဝင် ဗုဒ္ဓဥယျာဉ်နှင့် ကျိုင်းတုံမြို့တွင် မဟာမြတ်မုနိ၊ ဟိုခုံကျောင်း၊ မြဘုရားကျောင်း၊ ကျိုင်းရင်းဘုန်းကြီးကျောင်း၊ ဝပ်အင်းကျောင်း၊ စွန်တောင်စေတီ၊ ကျော့မ်ဆရီစေတီ၊ ရမ်ကုန်းကျောင်း၊ ပါလျန်ကျောင်း၊ ရပ်တော်မူ၊ သစ်တစ်ပင်တောင်၊ ကမ္ဘာအေးစေတီ၊ စံပြယန်းလောကျေးရွာ၊ ကတ်တောင်ကျေးရွာအနီးရှိ ကိုးထပ်ရေတံခွန်များသို့ သွားရောက်လည်ပတ်လေ့ရှိကြောင်း သိရသည်။

တာချီလိတ် နယ်စပ်ဝင်ပေါက်မှတစ်ဆင့် ဝင်ရောက်သည့် နိုင်ငံခြားခရီးသွားဧည့်သည်အရေအတွက်မှာ ၂၀၁၈ ခုနှစ် ဧပြီလ (၁) ရက်နေ့မှ မေလ (၁၇) ရက်နေ့အထိ စုစုပေါင်းမှာ (၁၀၄,၄၃၇) ဦးရှိပြီး ယင်းတို့အနက် မိုင်းဖြတ်၊ ကျိုင်းတုံခရီးစဉ် သွားရောက်သည့်ခရီးသည် စုစုပေါင်း (၁,၄၀၉) ဦးနှင့် ဗီဇာဖြင့် ဝင်ရောက်လည်ပတ်သူ စုစုပေါင်း (၁,ဝ၄၀) ဦးရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~