မုိင္းျဖတ္ၿမိဳ႕နယ္အတြင္း ေဝးလံေခါင္ဖ်ားေဒသမွ ဆရာ/ဆရာမမ်ားအတြက္ အိမ္သံုးဆိုလာႏွင့္ စြမ္းအားျမႇင့္မီးဖိုမ်ား ေပးအပ္

မုိင္းျဖတ္ၿမိဳ႕နယ္အတြင္း ေဝးလံေခါင္ဖ်ားေဒသမွ ဆရာ/ဆရာမမ်ားအတြက္ အိမ္သံုးဆိုလာႏွင့္ စြမ္းအားျမႇင့္မီးဖိုမ်ား ေပးအပ္
မေ 21, 2018
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္သစ္ေတာဦးစီးဌာနက အိမ္သံုးဆိုလာႏွင့္ စြမ္းအားျမႇင့္ မီးဖိုမ်ားကို ၿမိဳ႕နယ္အတြင္း ေဝးလံေခါင္ဖ်ားေသာ ေဒသမ်ား၌ တာဝန္ထမ္းေဆာင္ေနသည့္ ေက်ာင္းဆရာ/ဆရာမမ်ား အတြက္ ေမလ (၂၁) ရက္ေန႔ နံနက္ပိုင္းတြင္ ေပးအပ္ေၾကာင္း သိရသည္။

“ေဝလံေခါင္ဖ်ားေက်းရြာက ပညာေရးဌာန ဆရာ၊ဆရာမေတြအတြက္ ရွမ္းျပည္နယ္အစိုးရအစီအစဥ္နဲ႔ သစ္ေတာဦးစီးဌာနကတစ္ဆင့္ ေပးတာပါ”ဟု မုိင္းျဖတ္ၿမိဳ႕နယ္သစ္ေတာဦးစီးမွဴး ဦးေစာတင္ျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မိုင္းေယာင္းၿမိဳ႕နယ္အတြင္း ေဝလံေခါင္ဖ်ားေက်းရြာမ်ားမွ စာသင္ေက်ာင္းတစ္ေက်ာင္း (၅)ေက်ာင္းအတြက္ အိမ္သံုး ဆိုလာ(၅)စံုႏွင့္ စြမ္းအားျမႇင့္မီးဖို(၅)ခု၊ မိုင္းေယာင္းၿမိဳ႕နယ္တြင္းရိွ စာသင္ေက်ာင္း (၁၅)ေက်ာင္းအတြက္ အိမ္သံုးဆိုလာ(၁၅)စံုႏွင့္ စြမ္းအားျမႇင့္မီးဖို (ထင္းအသံုးျပဳမႈ ေလွ်ာ့ခ်ထားသည့္ မီးဖို (၁၅)ခုကို ေပးအပ္ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားသို႔ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားျဖစ္ၾကသည့္ ဦးစိုင္းေက်ာက္ႏွင့္ ဦးအားကို၊ တာခ်ီလိတ္ခ႐ိုင္ သစ္ေတာဦးစီးဌာနမွ လက္ေထာက္ၫႊန္ၾကားေရးမႉး ဦးမ်ိဳးလြင္၊ မိုင္းျဖတ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးသက္လြင္ႏွင့္ ဌာနဆိုင္ရာ အႀကီးအကဲမ်ား၊ ၿမိဳ႕နယ္ သစ္ေတာဦးစီးမွဴး ဦးေစာတငျ္မင့္ႏွင့္ ဝန္ထမ္းမ်ား၊ ဆရာ/ဆရာမမ်ား တက္ေရာက္ ခဲ့ၾကေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ကိုသာ



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်သစ်တောဦးစီးဌာနက အိမ်သုံးဆိုလာနှင့် စွမ်းအားမြှင့် မီးဖိုများကို မြို့နယ်အတွင်း ဝေးလံခေါင်ဖျားသော ဒေသများ၌ တာဝန်ထမ်းဆောင်နေသည့် ကျောင်းဆရာ/ဆရာမများ အတွက် မေလ (၂၁) ရက်နေ့ နံနက်ပိုင်းတွင် ပေးအပ်ကြောင်း သိရသည်။

“ဝေလံခေါင်ဖျားကျေးရွာက ပညာရေးဌာန ဆရာ၊ဆရာမတွေအတွက် ရှမ်းပြည်နယ်အစိုးရအစီအစဉ်နဲ့ သစ်တောဦးစီးဌာနကတစ်ဆင့် ပေးတာပါ”ဟု မိုင်းဖြတ်မြို့နယ်သစ်တောဦးစီးမှူး ဦးစောတင်မြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မိုင်းယောင်းမြို့နယ်အတွင်း ဝေလံခေါင်ဖျားကျေးရွာများမှ စာသင်ကျောင်းတစ်ကျောင်း (၅)ကျောင်းအတွက် အိမ်သုံး ဆိုလာ(၅)စုံနှင့် စွမ်းအားမြှင့်မီးဖို(၅)ခု၊ မိုင်းယောင်းမြို့နယ်တွင်းရှိ စာသင်ကျောင်း (၁၅)ကျောင်းအတွက် အိမ်သုံးဆိုလာ(၁၅)စုံနှင့် စွမ်းအားမြှင့်မီးဖို (ထင်းအသုံးပြုမှု လျှော့ချထားသည့် မီးဖို (၁၅)ခုကို ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးစိုင်းကျောက်နှင့် ဦးအားကို၊ တာချီလိတ်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးလွင်၊ မိုင်းဖြတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ် သစ်တောဦးစီးမှူး ဦးစောတငြ်မင့်နှင့် ဝန်ထမ်းများ၊ ဆရာ/ဆရာမများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~