လယ်ယာမြေ အခြားနည်းသုံးစွဲခွင့် လျှောက်ထားမှုအား စိစစ်မှုကို (၄၅)ရက်အတွင်း အဆင့်ဆင့်က ဆောင်ရွက်ပေးရကြောင်း ဒုဝန်ကြီးဖြေကြား

လယ်ယာမြေ အခြားနည်းသုံးစွဲခွင့် လျှောက်ထားမှုအား စိစစ်မှုကို (၄၅)ရက်အတွင်း အဆင့်ဆင့်က ဆောင်ရွက်ပေးရကြောင်း ဒုဝန်ကြီးဖြေကြား
မေ 24, 2018
By Tachileik News Agency

လယ်ယာမြေကို ခွင့်ပြုချက် မရှိဘဲ အခြားနည်း သုံးစွဲနေခြင်းများသည် တရားမဝင်သည့် အတွက် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေနှင့်‌အညီ လယ်ယာမြေ အခြားနည်းသုံးစွဲခွင့်ကို လျှောက်ထားရန် လိုအပ်ပြီး လျှောက်ထားမှုများကို စိစစ်သည့် အဆင့်ကို ဥပဒေ၊လုပ်ထုံးလုပ်နည်းများအရ (၄၅)ရက်အတွင်း သက်ဆိုင်ရာ အဆင့်ဆင့်က ဆောင်ရွက် ပေးရကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးလှကျော်က လွှတ်တော်တွင် ပြောကြားသည်။

လယ်ယာမြေများတွင် မွေးမြူရေးလုပ်ငန်း၊ အုတ်လုပ်ငန်းများကဲ့သို့ အခြားနည်းဖြင့် သုံးစွဲလုပ်ကိုင်ခွင့် ရယူလိုသူများ အနေဖြင့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်‌ စာရင်းအင်းဦးစီးဌာနရုံးသို့ လျှောက်လွှာပုံစံ (၁၄)ဖြင့် လျှောက်ထားရမည် ဖြစ်ပြီး အဆိုပါ လျှောက်ထားမှုအား မြို့နယ်ဦးစီးရုံးက  ရက်ပေါင်း (၃၀)အတွင်း စိစစ်ဆောင်ရွက်ရကြောင်း သိရသည်။

ယင်းနောက် မြို့နယ်ဦးစီးရုံးက သဘောထားမှတ်ချက်ဖြင့် လုပ်ငန်းစာတွဲအား မြို့နယ်လယ်ယာမြေစီမံ ခန့်ခွဲမှု အဖွဲ့သို့ တင်ပြရမည်ဖြစ်ပြီး  (၁၅) ရက်အတွင်း လုပ်ငန်း စာတွဲများ စိစစ်ကာ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့မှ တစ်ဆင့်‌ နေပြည်တော်ကောင်စီ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သို့ ဆက်လက် တင်ပြရခြင်းဖြစ်ကြောင်း သိရသည်။

နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များက သဘောထား မှတ်ချက်ဖြင့် တင်ပြလာသည့် လယ်မြေပေါ်တွင် အခြားနည်းသုံးစွဲခွင့်နှင့်‌ စပ်လျဉ်းပြီး ခွင့်‌ပြုပါက အသုံးပြုဖို့ ခွင့်‌ပြုမိန့် ပုံစံ(၁၅) နှင့် လယ်ယာမြေမှ တစ်ပါး အခြားလယ်ယာမြေများပေါ်တွင် အခြားနည်းသုံးစွဲခွင့်နှင့်‌ စပ်လျဉ်းပြီး အသုံးပြုရန် ခွင့်ပြုမိန့်ပုံစံ ၁၅(က)တို့ကို ထုတ်ပေးပြီးသည်နှင့် လယ်ယာမြေအား အခြားနည်းဖြင့် တရားဝင် သုံးစွဲခွင့်ကို ရရှိမည်ဖြစ်ကြောင်း သိရသည်။

လယ်ယာမြေ၊ မိမိလက်ရှိ ပိုင်ဆိုင်မြေတွင် မွေးမြူရေးလုပ်ငန်း၊ အုတ်လုပ်ငန်းများကို တရားမဝင် လုပ်ကိုင် နေရမှုများအား တရားဝင် လုပ်ကိုင်နိုင်ရန်အတွက် လယ်ယာမြေ အခြားနည်း သုံးစွဲခွင့် များကို သတ်မှတ် ကာလအတွင်း ထုတ်ပေးနိုင်ရန် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊မရှိနှင့် စပ်လျဉ်း၍ မေလ (၂၃) ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကနီမဲဆန္ဒနယ်မှ ဦးထွန်းထွန်းနိုင်က  မေးမြန်းခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဒုတိယဝန်ကြီး ဦးလှကျော်က ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအရ ကြာမြင့်ချိန်တို့နှင့်တူ ဖြေကြားပေးခဲ့ခြင်းဖြစ်သည်။


~~~~~~~~⊰❂ unicode ~~~~~~~~

လယ်ယာမြေကို ခွင့်ပြုချက် မရှိဘဲ အခြားနည်း သုံးစွဲနခြေင်းများသည် တရားမဝင်သည့် အတွက် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေနှင်‌့အညီ လယ်ယာမြေ အခြားနည်းသုံးစွဲခွင့်ကို လျှောက်ထားရန် လိုအပ်ပြီး လျှောက်ထားမှုများကို စိစစ်သည့် အဆင့်ကို ဥပဒေ၊လုပ်ထုံးလုပ်နည်းများအရ (၄၅)ရက်အတွင်း သက်ဆိုင်ရာ အဆင့်ဆင့်က ဆောင်ရွက်ပေးရကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဒုတိယဝန်ကြီး ဦးလှကျော်က လွှတ်တော်တွင် ပြောကြားသည်။

လယ်ယာမြေများတွင် မွေးမြူရေးလုပ်ငန်း၊ အုတ်လုပ်ငန်းများကဲ့သို့ အခြားနည်းဖြင့် သုံးစွဲလုပ်ကိုင်ခွင့် ရယူလိုသူများ အနဖြေင့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင်‌့ စာရင်းအင်းဦးစီးဌာနရုံးသို့ လျှောက်လွှာပုံစံ (၁၄)ဖြင့် လျှောက်ထားရမည် ဖြစ်ပြီး အဆိုပါ လျှောက်ထားမှုအား မြို့နယ်ဦးစီးရုံးက ရက်ပေါင်း (၃၀)အတွင်း စိစစ်ဆောင်ရွက်ရကြောင်း သိရသည်။

ယင်းနောက် မြို့နယ်ဦးစီးရုံးက သဘောထားမှတ်ချက်ဖြင့် လုပ်ငန်းစာတွဲအား မြို့နယ်လယ်ယာမြေစီမံ ခန့်ခွဲမှု အဖွဲ့သို့ တင်ပြရမည်ဖြစ်ပြီး (၁၅) ရက်အတွင်း လုပ်ငန်း စာတွဲများ စိစစ်ကာ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့မှ တစ်ဆင်‌့ နပြေည်တော်ကောင်စီ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သို့ ဆက်လက် တင်ပြရခြင်းဖြစ်ကြောင်း သိရသည်။

နပြေည်တော် ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များက သဘောထား မှတ်ချက်ဖြင့် တင်ပြလာသည့် လယ်မြေပေါ်တွင် အခြားနည်းသုံးစွဲခွင့်နှင်‌့ စပ်လျဉ်းပြီး ခွင်‌့ပြုပါက အသုံးပြုဖို့ ခွင်‌့ပြုမိန့် ပုံစံ(၁၅) နှင့် လယ်ယာမြေမှ တစ်ပါး အခြားလယ်ယာမြေများပေါ်တွင် အခြားနည်းသုံးစွဲခွင့်နှင်‌့ စပ်လျဉ်းပြီး အသုံးပြုရန် ခွင့်ပြုမိန့်ပုံစံ ၁၅(က)တို့ကို ထုတ်ပေးပြီးသည်နှင့် လယ်ယာမြေအား အခြားနည်းဖြင့် တရားဝင် သုံးစွဲခွင့်ကို ရရှိမည်ဖြစ်ကြောင်း သိရသည်။

လယ်ယာမြေ၊ မိမိလက်ရှိ ပိုင်ဆိုင်မြေတွင် မွေးမြူရေးလုပ်ငန်း၊ အုတ်လုပ်ငန်းများကို တရားမဝင် လုပ်ကိုင် နေရမှုများအား တရားဝင် လုပ်ကိုင်နိုင်ရန်အတွက် လယ်ယာမြေ အခြားနည်း သုံးစွဲခွင့် များကို သတ်မှတ် ကာလအတွင်း ထုတ်ပေးနိုင်ရန် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊မရှိနှင့် စပ်လျဉ်း၍ မေလ (၂၃) ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကနီမဲဆန္ဒနယ်မှ ဦးထွန်းထွန်းနိုင်က မေးမြန်းခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဒုတိယဝန်ကြီး ဦးလှကျော်က ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအရ ကြာမြင့်ချိန်တို့နှင့်တူ ဖြကြေားပေးခဲ့ခြင်းဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~