ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့တွင် ၂၀၁၈ ခုနှစ် မေလ (၁၉)ရက်နေ့နှင့် (၂၀)ရက်နေ့တွင် ယာဉ်မောင်းလိုင်စင်၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် လိုင်စင်များ သက်တမ်း တိုးပေးခြင်းကို ကွင်းဆင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
တာချီလိတ်ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်းများအား ဒေသအလိုက် ကွင်းဆင်းဆောင်ရွက်ပေးနေပြီး လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ မှတ်ပုံတင်ခြင်းကို တာချီလိတ်မြို့ရှိ ခရိုင်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် နေ့စဉ် ရုံးဖွင့်ချိန်များတွင် လုပ်ဆောင်ပေးနေကြောင်း သိရသည်။
“ပုံမှန်အတိုင်း လိုင်စင်သက်တမ်းတိုးတာကို ကွင်းဆင်း ဆောင်ရွက်ပေးနေတာပါ။ လိုင်စင်အသစ် လုပ်တာတော့ ပါမှာ မဟုတ်ပါဘူး။ သက်တမ်းတိုးတွေပဲ လုပ်ပေးသွားမှာပါ။ မထသ ရုံးမှာပဲ လုပ်ပေးမှာပါ”ဟု တာချီလိတ်ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှခရိုင် ဦးစီးဌာနမှူး ဦးစိုင်းလုံးကျောက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်းများအား ဒေသအလိုက် ကွင်းဆင်းဆောင်ရွက်ပေးနပြေီး လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ မှတ်ပုံတင်ခြင်းကို တာချီလိတ်မြို့ရှိ ခရိုင်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် နေ့စဉ် ရုံးဖွင့်ချိန်များတွင် လုပ်ဆောင်ပေးနေကြောင်း သိရသည်။