ကာကွယ်ဆေးများအား ဗဟိုအဆင့်ဆေးရုံကြီးများရှိ ဆေးရုံအခြေပြုကာကွယ်ဆေးထိုးခန်းများ၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်အဆင့် ကုတင်(၁၀၀)နှင့်အထက် ဆေးရုံကြီးများ၊ မြို့နယ်ဆေးရုံများ အားလုံး၊ ဒေသန္တရ မိခင်ကလေးကျန်းမာရေးဌာနများအားလုံးနှင့် အအေးလမ်းကြောင်းရှိသော တိုက်နယ်ဆေးရုံများ၊ ကျေးလက်ကျန်းမာရေးဌာနများတွင် ထိုးနှံပေးသွားမည်ဖြစ်ရာ မည်သည့် တိုင်းဒေသကြီး/ ပြည်နယ်၊ မြို့နယ်အတွင်း နေထိုင်သည်ဖြစ်စေ နီးစပ်ရာ ဆေးထိုးဌာနများတွင် လာရောက်ထိုးနှံနိုင်ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးရာတွင် မိဘများအနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနများတွင် အသေးစိတ်မေးမြန်း၍ ချိန်းဆိုသည့်အတိုင်း သတ်မှတ်နေ့ရက်များတွင် လာရောက်ဆေးထိုးနှံခြင်းဖြင့် ပူးပေါင်း ဆောင်ရွက်ကြပါရန် ကိုလည်း တိုက်တွန်း နှိုးဆော်ထားသည်။
အသည်းရောင်အသားဝါ(ဘီ)ကာကွယ်ဆေးနှင့် ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး မထိုးနှံရသေးသည့် ကလေးများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၁၈ ခုနှစ် မေလ (၂၁)ရက်နေ့မှ (၂၅)ရက်နေ့အထိ ထိုးနှံပေးမည်ဖြစ်ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆေးရုံဟောင်း အတွင်းရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာန တွင် နံနက် (၉)နာရီမှ ညနေ (၃)နာရီအထိ လာရောက် ထိုးနှံနိုင်ကြောင်း သိရသည်။
၂၀၁၁ ခုနှစ် ဧပြီလမှ ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်း ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ် ဆောင်ရွက်ခဲ့စဉ်က အသည်းရောင်အသားဝါ(ဘီ)ကာကွယ်ဆေး မထိုးနှံခဲ့ရသေးသည့် ကလေးများကို လည်းကောင်း ၂၀၁၇ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ခဲ့သည့် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ကာကွယ်ဆေး မထိုးခဲ့ရသော အသက် (၉)လမှ (၁၅)နှစ်အတွင်း ကလေး (၁)သန်းကျော်ကိုလည်းကောင်း ကာကွယ်ဆေး ပြန်လည်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေးများအား ဗဟိုအဆင့်ဆေးရုံကြီးများရှိ ဆေးရုံအခြပြေုကာကွယ်ဆေးထိုးခန်းများ၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်အဆင့် ကုတင်(၁၀၀)နှင့်အထက် ဆေးရုံကြီးများ၊ မြို့နယ်ဆေးရုံများ အားလုံး၊ ဒေသန္တရ မိခင်ကလေးကျန်းမာရေးဌာနများအားလုံးနှင့် အအေးလမ်းကြောင်းရှိသော တိုက်နယ်ဆေးရုံများ၊ ကျေးလက်ကျန်းမာရေးဌာနများတွင် ထိုးနှံပေးသွားမည်ဖြစ်ရာ မည်သည့် တိုင်းဒေသကြီး/ ပြည်နယ်၊ မြို့နယ်အတွင်း နေထိုင်သည်ဖြစ်စေ နီးစပ်ရာ ဆေးထိုးဌာနများတွင် လာရောက်ထိုးနှံနိုင်ကြောင်း သိရသည်။
ဆေးထိုးနှံရာတွင် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးကို တစ်ကြိမ်နှင့် အသည်းရောင်အသားဝါ(ဘီ) ကာကွယ်ဆေးကို တစ်လခြား၍ သုံးကြိမ်ထိုးနှံပေးမည်ဖြစ်ရာ အကြိမ်ပြည့်ထိုးနှံနိုင်ရန်အတွက် အသည်းရောင် အသားဝါ(ဘီ)ကာကွယ်ဆေးကို မေလတွင် နောက်ဆုံးထားထိုးနှံကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တိုက်တွန်းထားသည်။
ကာကွယ်ဆေးထိုးရာတွင် မိဘများအနဖြေင့် နီးစပ်ရာ ကျန်းမာရေးဌာနများတွင် အသေးစိတ်မေးမြန်း၍ ချိန်းဆိုသည့်အတိုင်း သတ်မှတ်နေ့ရက်များတွင် လာရောက်ဆေးထိုးနှံခြင်းဖြင့် ပူးပေါင်း ဆောင်ရွက်ကြပါရန် ကိုလည်း တိုက်တွန်း နှိုးဆော်ထားသည်။