ရခိုင္ျပည္နယ္တြင္ အာဆာအၾကမ္းဖက္အဖြဲ႕၏ တုိက္ခုိက္မႈအၿပီးအေျခအေနမ်ားကို စံုစမ္းစစ္ေဆးမည့္ လြတ္လပ္ေသာ ေကာ္မရွင္တစ္ရပ္ ဖြဲ႕စည္းမည္

ရခိုင္ျပည္နယ္တြင္ အာဆာအၾကမ္းဖက္အဖြဲ႕၏ တုိက္ခုိက္မႈအၿပီးအေျခအေနမ်ားကို စံုစမ္းစစ္ေဆးမည့္ လြတ္လပ္ေသာ ေကာ္မရွင္တစ္ရပ္ ဖြဲ႕စည္းမည္
မေ 31, 2018
By Tachileik News Agency

ရခိုင္ျပည္နယ္တြင္ အာဆာအၾကမ္းဖက္အဖြဲ႕၏ အၾကမ္းဖက္တုိက္ခိုက္မႈၿပီးေနာက္ လူ႔အခြင့္အေရး ခ်ိဳးေဖါက္မႈမ်ား၊ ယင္းႏွင့္ ဆက္ႏြယ္သည့္ ကိစၥမ်ားကို စံုစမ္းစစ္ေဆးမည့္ လြတ္လပ္ေသာ စံုစမ္းစစ္ေဆးေရး ေကာ္မရွင္ကို ဖြဲ႕စည္းသြားမည္ျဖစ္ေၾကာင္း ၂၀၁၈ ခုႏွစ္ ေမလ (၃၁)ရက္ေန႔တြင္ ႏုိင္ငံေတာ္သမၼတရံုးက သတင္းထုတ္ျပန္သည္။

ရခုိင္ျပည္နယ္တြင္း ျပန္လည္သင့္ျမတ္ေရး၊ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးတုိးတက္ေရးတို႔ ေဆာင္ရြက္ရန္ လြတ္လပ္သည့္စံုစမ္းစစ္ေဆးေရးေကာ္မရွင္တစ္ရပ္ ဖြဲ႕စည္းေဆာင္ရြက္သြားရန္ ဆံုးျဖတ္ခ်က္မွာ ရခိုင္ျပည္နယ္ ဆုိင္ရာ အႀကံျပဳခ်က္မ်ား အေကာင္အထည္ေဖၚေရးေကာ္မတီ၏ အႀကံေပးအဖြဲ႕၏ ၾကားျဖတ္အႀကံျပဳခ်က္မ်ားကိုပါ ထည့္သြင္းစဥ္းစားဆံုးျဖတ္ျခင္းျဖစ္ေၾကာင္း အဆုိပါ ထုတ္ျပန္ခ်က္တြင္ ေဖၚျပထားသည္။

ေကာ္မရွင္တြင္ ႏုိင္ငံတကာမွ ပုဂၢိဳလ္ႀကီးတစ္ဦးအပါအဝင္ အဖြဲ႕ဝင္ (၃)ဦး ပါဝင္မည္ျဖစ္ကာ ေကာ္မရွင္အား ျပည္တြင္းႏွင့္ ႏုိင္ငံတကာမွ ဥပေဒႏွင့္ နည္းပညာ ကၽြမ္းက်င္သူမ်ားက ပံ့ပိုးမည္ျဖစ္ေၾကာင္း ႏုိင္ငံေတာ္သမၼတရံုး သတင္းထုတ္ျပန္ခ်က္အမွတ္ (၃/၂၀၁၈)ျဖင့္ ထုတ္ျပန္လုိက္သည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရခိုင်ပြည်နယ်တွင် အာဆာအကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုပြီးနောက် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ယင်းနှင့် ဆက်နွယ်သည့် ကိစ္စများကို စုံစမ်းစစ်ဆေးမည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ၂၀၁၈ ခုနှစ် မေလ (၃၁)ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်တွင်း ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ ဆောင်ရွက်ရန် လွတ်လပ်သည့်စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းဆောင်ရွက်သွားရန် ဆုံးဖြတ်ချက်မှာ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ရေးကော်မတီ၏ အကြံပေးအဖွဲ့၏ ကြားဖြတ်အကြံပြုချက်များကိုပါ ထည့်သွင်းစဉ်းစားဆုံးဖြတ်ခြင်းဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကော်မရှင်တွင် နိုင်ငံတကာမှ ပုဂ္ဂိုလ်ကြီးတစ်ဦးအပါအဝင် အဖွဲ့ဝင် (၃)ဦး ပါဝင်မည်ဖြစ်ကာ ကော်မရှင်အား ပြည်တွင်းနှင့် နိုင်ငံတကာမှ ဥပဒေနှင့် နည်းပညာ ကျွမ်းကျင်သူများက ပံ့ပိုးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ချက်အမှတ် (၃/၂၀၁၈)ဖြင့် ထုတ်ပြန်လိုက်သည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~