ရမည္းသင္းၿမိဳ႕နယ္ ရြာတန္းရွည္တြင္ ဆပ္ကပ္အဖြဲ႕အား ေလာက္စာလံုးျဖင့္ ပစ္ခတ္မႈေၾကာင့္ လူရႊင္ေတာ္ ဆပ္ကပ္ပညာရွင္တစ္ဦး မ်က္လံုးပ်က္စီး

ရမည္းသင္းၿမိဳ႕နယ္ ရြာတန္းရွည္တြင္ ဆပ္ကပ္အဖြဲ႕အား ေလာက္စာလံုးျဖင့္ ပစ္ခတ္မႈေၾကာင့္ လူရႊင္ေတာ္ ဆပ္ကပ္ပညာရွင္တစ္ဦး မ်က္လံုးပ်က္စီး
မေ 21, 2018
By Tachileik News Agency

ရမည္းသင္းၿမိဳ႕နယ္၊ ရြာတန္းရြာတြင္ ေဖ်ာ္ေျဖေနသည့္ ေအာင္ပင္လယ္ဆပ္ကပ္အဖြဲ႕မွ လူရႊင္ေတာ္ဆပ္ကပ္ပညာရွင္ ၾကက္တူေရြး (ေခၚ) ကိုေနမင္းအား ပရိတ္သတ္အတြင္းမွ ေလာက္စာလံုးျဖင့္ ပစ္ခတ္သျဖင့္ မ်က္လံုးထိသြားခဲ့ရသည့္ အတြက္ ျမန္မာႏုိင္ငံ သဘင္အစည္းအရံုး (ဗဟို)က ျပင္းထန္စြာ ရံႈ႕ခ်ေၾကာင္း ၂၀၁၈ ခုႏွစ္ ေမလ (၂၀)ရက္ေန႔တြင္ သတင္းထုတ္ျပန္ထားသည္။

ေလာက္စာလံုးမွာ မ်က္လံုးတြင္းဝင္သြားသျဖင့္ မ်က္လံုးခြဲစိတ္ ထုတ္ပယ္ရမည္ျဖစ္ေၾကာင္း သိရၿပီး
အခင္းျဖစ္ပြားရာသို႔ ဗဟိုသဘင္အမႈေဆာင္မ်ားျဖစ္သည့္ ဦးေဌးလြင္ႏွင့္ ဦးေက်ာ္ဦး၊ မႏၱေလးတုိင္းေဒသႀကီး သဘင္အမႈေဆာင္မ်ား၊ မန္းသဘင္လူကူအဖြဲ႕ဝင္မ်ား သြားေရာက္ၿပီး ဒဏ္ရာရသူအား ေဆးကုသေရးႏွင့္ တရားခံ ဖမ္းမိႏိုင္ေရးအတြက္ ေဆာင္ရြက္ေပးခဲ့ေၾကာင္း သိရသည္။

အဆိုပါ ေက်းရြာတြင္ သြားေရာက္ေဖ်ာ္ေျဖသည့္ သဘင္အဖြဲ႕အမ်ားစုမွာ အမ်ားအားျဖင့္ အၾကမ္းဖက္
ခံရေလ့ ရိွသျဖင့္ ေနာင္တြင္ သြားေရာက္ေဖ်ာ္ေျဖမည့္ အဖြဲ႕မ်ား အေနျဖင့္ သတိျပဳဆင္ျခင္ၾကရန္လည္း
တုိက္တြန္းထားသည္။

သဘင္အဖြဲ႕မ်ား၏လံုၿခံဳေရးအတြက္ အစည္းအရံုးအေနျဖင့္ သက္ဆုိင္ရာ အစိုးရဌာနအသီးသီးထံ
ဆက္သြယ္ႀကိဳးပမ္းသြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

ရမည်းသင်းမြို့နယ်၊ ရွာတန်းရွာတွင် ဖျော်ဖြေနေသည့် အောင်ပင်လယ်ဆပ်ကပ်အဖွဲ့မှ လူရွှင်တော်ဆပ်ကပ်ပညာရှင် ကြက်တူရွေး (ခေါ်) ကိုနေမင်းအား ပရိတ်သတ်အတွင်းမှ လောက်စာလုံးဖြင့် ပစ်ခတ်သဖြင့် မျက်လုံးထိသွားခဲ့ရသည့် အတွက် မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို)က ပြင်းထန်စွာ ရှုံ့ချကြောင်း ၂၀၁၈ ခုနှစ် မေလ (၂၀)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

လောက်စာလုံးမှာ မျက်လုံးတွင်းဝင်သွားသဖြင့် မျက်လုံးခွဲစိတ် ထုတ်ပယ်ရမည်ဖြစ်ကြောင်း သိရပြီး
အခင်းဖြစ်ပွားရာသို့ ဗဟိုသဘင်အမှုဆောင်များဖြစ်သည့် ဦးဌေးလွင်နှင့် ဦးကျော်ဦး၊ မန္တလေးတိုင်းဒေသကြီး သဘင်အမှုဆောင်များ၊ မန်းသဘင်လူကူအဖွဲ့ဝင်များ သွားရောက်ပြီး ဒဏ်ရာရသူအား ဆေးကုသရေးနှင့် တရားခံ ဖမ်းမိနိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာတွင် သွားရောက်ဖျော်ဖြေသည့် သဘင်အဖွဲ့အများစုမှာ အများအားဖြင့် အကြမ်းဖက်
ခံရလေ့ ရှိသဖြင့် နောင်တွင် သွားရောက်ဖျော်ဖြေမည့် အဖွဲ့များ အနေဖြင့် သတိပြုဆင်ခြင်ကြရန်လည်း
တိုက်တွန်းထားသည်။

သဘင်အဖွဲ့များ၏လုံခြုံရေးအတွက် အစည်းအရုံးအနေဖြင့် သက်ဆိုင်ရာ အစိုးရဌာနအသီးသီးထံ
ဆက်သွယ်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~